Lifestyle: နှစ်သက်ရာဂီတအမျိုးအစားအလိုက် စိတ်နေစိတ်ထား ကွဲပြားကြပုံများ

မျိုးကြီးရဲ့ ရိုးရှင်းတဲ့ဘဝ သီချင်းထဲကလိုပဲ ဘဝကို ရိုးရိုးရှင်းရှင်း၊ ပွင့်ပွင့်လင်းလင်း နေထိုင်ဖြတ်သန်းတတ်ကြသူတွေပါ။

ကြိုက်နှစ်သက်ရာ ဂီတအမျိုးအစားကိုလိုက်ပြီး စိတ်နေစိတ်ထားကို ယေဘုယျအကြမ်းဖျင်း ခန့်မှန်းလို့ရမယ်ဆို ယုံကြမှာလား။ တကယ်တမ်းမှာတော့ ဒီအချက်အလက်တွေကို သိပ္ပံနည်းကျ သုတေသန ပြုလုပ်ပြီး စစ်တမ်းတွေ ကောက်ယူထားတာပါ။ သုတေသနတွေအရတော့...

၁။ ဟဲဗီးမက်တယ်ဖန်တွေက နူးညံ့သိမ်မွေ့ပြီး တီထွင်ဖန်တီးနိုင်စွမ်း ကောင်းမွန်တယ်

play
 

"ကျွန်တော်ကတော့ Slayer တို့၊ Megadeth တို့ ကြိုက်တယ်" ဆိုတာ သိပ်နားထောင်လို့ကောင်းမယ်တော့ မထင်ပါဘူး။ ဒါပေမယ့် ကြိုက်နှစ်သက်ရာ ဂီတအမျိုးအစားနဲ့ ကိုယ်ရည်ကိုယ်သွေး အမူအကျင့်တွေကြားက ဆက်နွယ်မှုတွေကို လူပုဂ္ဂိုလ် (၃၆၀၀၀) ကျော်ကြားမှာ လေ့လာခဲ့တဲ့ လေ့လာမှုတစ်ခုအရဆိုရင် ဟဲဗီးမက်တယ်ဖန်တွေဟာ classical ဂီတချစ်သူတွေလိုပဲ စိတ်နှလုံး နူးညံ့သိမ်မွေ့တဲ့ သူတွေပါတဲ့။

သုတေသနကို (၃) နှစ်လောက်အချိန်ယူလုပ်ဆောင်ခဲ့တဲ့ သုတေသီ Adrian North ကတော့ ဟဲဗီးမက်တယ်ဖန်တွေဟာ စိတ်နှလုံး နူးညံ့ရုံသာမက တီထွင်ဖန်တီးဉာဏ်လည်း အပြည့်ရှိပါတယ်တဲ့။

၂။ Classical ဂီတဖန်တွေကတော့ ဉာဏ်ကောင်းတယ်

play
 

Dr. North ရဲ့သုတေသနအရတော့ Classical (သီချင်းကြီး) ဂီတချစ်သူတွေကတော့ တီထွင်ဉာဏ်ကောင်းတယ်။ သီးခြားနေ တတ်တယ်။ ပြီးတော့ မိမိကိုယ်ကိုလည်း ယုံကြည်မှုအပြည့် ရှိပါတယ်တဲ့။ သူတို့တွေဟာ ဂီတကို နေရာမရွေး နားထောင်ရတာထက် သီရေတာခန်းမထဲမှာ ဇိမ်ခံနားထောင်တတ်ကြသူတွေလည်း ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်တုံးက ကျောင်းသားတွေရဲ့ နှစ်သက်ရာ ဂီတအမျိုးအစားနဲ့ သူတို့ရဲ့ SAT ရမှတ်တွေကို နှိုင်းယှဉ်ခဲ့တဲ့ သုတေသန အရလည်း classical ဂီတချစ်သူတွေက ရမှတ်ပိုကောင်းတာကို တွေ့ရှိရပါတယ်။

၃။ Hip-Hop ဂီတဖန်တွေကတော့ ဘွင်းဘွင်းနဲ့ ပျော်တတ်သူတွေဖြစ်ပါတယ်

play
 

ပေါ့ပါးသွက်လက်ပြီး စည်းချက်ကျတဲ့ ဂီတတစ်မျိုးဖြစ်တဲ့ hip-hop ဂီတကို စွဲလမ်းနှစ်သက်တဲ့ လူငယ်၊ လူကြီးတွေကတော့ ဂီတရဲ့ ဆိုရှယ်ကျတဲ့ အစိတ်အပိုင်းတွေကိုမှရွေးပြီး နှစ်သက်ကြပါတယ်တဲ့။ အက၊ ခုန်ပေါက်မြူးတူးခြင်းတို့အပြင် headphone တစ်လုံးနောက်ကွယ်မှာ လှောင်ပိတ်ထားတတ်ခြင်းတွေကို Hip-hop ဖန်တွေ လုပ်လေ့ရှိကြပါတယ်။ Dr. North ရဲ့ သုတေသနအရဆိုရင် hip-hop ဖန်တွေဟာ ဘွင်းဘွင်းရှင်းရှင်းနဲ့ ပျော်တတ်သလို မိမိကိုယ်ကိုယ်လည်း ယုံကြည်မှု အပြည့်အဝ ရှိကြပါတယ်။

 

၎။ ပေါ့ပ် (Pop) ဂီတဖန်တွေကတော့ ပွဲလမ်းသဘင်တွေကို နှစ်သက်ကြပါတယ်

play
 

တခြားသူတွေနဲ့ နှိုင်းစာရင်တော့ ပေါ့ပ်သီချင်း ချိုချိုအေးအေးလေးတွေကို နှစ်သက်သူတွေက တီထွင်ဖန်တီးဉာဏ်တော့ နည်းပါးကြပါတယ်။ ဒါပေမယ့် သူတို့က ပွဲလမ်းသဘင်တွေကို နှစ်သက်ကြသလို ဆိုရှယ်လည်းကျပါတယ်။ နောက်ပြီး ယုံကြည်မှုလည်း ခိုင်မာကြပါတယ်။ သူတို့ဟာ Billboard ထိပ်ဆုံးက သီချင်းတွေကို ထပ်တလဲလဲ နားထောင်တတ်သူတွေ ဖြစ်ပြီး ဂီတကို သူတို့ရဲ့ စိတ်ခံစားချက်တွေကို ထိန်းသိမ်းဖို့ အသုံးချတတ်ကြပါတယ်။

၅။ ရော့ခ်ပရိသတ်တွေကတော့ အတ္တကြီးပြီး ပေါ့ပေါ့ပါးပါးနေတတ်တယ်

play
 

ရော့ခ်ဂီတချစ်သူတွေဟာ အလုပ်ကြိုးစားသလို ယေဘုယျအားဖြင့် ပေါ့ပေါးပါးပါးနေထိုင်တတ်ကြသူတွေလည်း ဖြစ်ပါတယ်။ မျိုးကြီးရဲ့ ရိုးရှင်းတဲ့ဘဝ သီချင်းထဲကလိုပဲ ဘဝကို ရိုးရိုးရှင်းရှင်း၊ ပွင့်ပွင့်လင်းလင်း နေထိုင်ဖြတ်သန်းတတ်ကြသူတွေပါ။ ဒါပေမယ့် သူတို့ဟာ တခြားဂီတချစ်သူတွေထက်စာရင်တော့ မိမိကိုယ်ကိုယ် ပိုပြီး ဗဟိုပြုတတ်ကြပါတယ်။ သူတို့ဟာလည်း သူတို့ရဲ့ စိတ်ခံစားမှုတွေကို ထိန်းသိမ်းမြှင့်တင်ဖို့အတွက် သီချင်းနားထောင်ကြတာပါ။

Source: Reader's Digest

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ