Lifestyle: ကိုယ်နဲ့မကိုက်ညီတဲ့ အလုပ်မှာ ဝင်လုပ်မိနေတတ်တဲ့ လက္ခဏာ (၅) မျိုး

ကိုယ်လုပ်နေတဲ့ အလုပ်က ကိုယ်နဲ့ ကိုက်ညီနေဖို့၊ တက်လမ်းရှိဖို့လည်း လိုပါသေးတယ်။

လူတိုင်းလူတိုင်း အရွယ်ရောက်ပြီဆိုရင်တော့ အလုပ်တစ်ခုခုတော့ လုပ်ကြရမှာပါပဲ။ ဒါပေမယ့် ကိုယ်လုပ်နေတဲ့ အလုပ်က ကိုယ်နဲ့ ကိုက်ညီနေဖို့၊ တက်လမ်းရှိဖို့လည်း လိုပါသေးတယ်။ တကယ်လို့ အောက်ပါအခြေအနေတွေ ဖြစ်နေပြီဆိုရင်တော့ မိမိနဲ့ မကိုက်ညီတဲ့ အလုပ်မှာ ဝင်လုပ်နေမိတာ သေချာသလောက် ရှိပါတယ်။

၁။ တနင်္လာနေ့ရောက်မှာကိုကြောက်နေပြီ

play
 

ဘယ်သူမှတော့ တနင်္လာနေ့ကိုမကြိုက်ပါဘူး။ တနင်္လာနေ့ဆိုတာ ရက်သတ္တပတ်တစ်ခုရဲ့အစဖြစ်သလို မိမိရဲ့သာယာနွေးထွေးတဲ့ အိပ်ယာလေးကို စွန့်ခွာပြီး လုပ်ငန်းခွင်ထဲကို မထချင် ထချင်နဲ့ တရွတ်တိုက် ဆွဲလာရတဲ့နေ့လည်းဖြစ်ပါတယ်။ ဒါပေမယ့် တနင်္လာနေ့ကိုမကြိုက်တာနဲ့ တနင်္လာနေ့ရောက်မှာကိုစိတ်ထဲမှာ ကြောက်နေတဲ့ခံစားချက်ကျတော့လည်း မတူပါဘူး။ တနင်္ဂနွေညသန်းခေါင်မှာ နက်ဖြန် တနင်္လာနေ့ရောက်တော့မှာပဲ ဆိုတဲ့ အသိကြီးနဲ့ အိပ်မပျော်ဖြစ်နေတယ်ဆိုရင်တော့ လက်ရှိအလုပ်မှာ မပျော်တော့တဲ့လက္ခဏာပြနေပါပြီ။

၂။ အလုပ်လုပ်ရတာလည်း မပျော်တော့ပါဘူး

play
 

ပျော်ရွှင်မှုက သင်ယူခြင်းနဲ့ တိုးတက်မှုကိုဖြစ်စေတဲ့ အခြေခံအကြောင်းတရားပါပဲ။ လုပ်ငန်းခွင်ထဲမှာ အလုပ်လုပ်ရတာကို မပျော်ပိုက်တော့ဘူးဆိုရင် နေ့စဉ်နေ့တိုင်းဟာ ရုန်းကန်နေရသလို ခံစားရပြီး အသေးအဖွဲအလုပ်လေးတွေကိုတောင် ပင်ပန်းကြီးစွာလုပ်နေရပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ပါ။ ဒီအလုပ်အတွက် အချိန်ပေးနေရတာ တန်ရဲ့လားလို့။ မတန်ဘူးထင်ရင် တခြားလမ်းကြောင်းတစ်ခုကို ပြောင်းလဲဖို့ ပြောင်းလဲချိန်တန်ပါပြီ။

၃။ လုပ်နေရတဲ့အလုပ်နဲ့ ပါရမီပါတဲ့အလုပ် မတူညီဘူး

play
 

တချို့က ပါရမီပါလာတာက အနုပညာဘက်မှာ။ လုပ်နေရတဲ့အလုပ်က စာရင်းကိုင်ဖြစ်နေတာတို့။ ပါရမီပါလာတာက စက်ပစ္စည်းတွေကိုင်တွယ်တာ။ လုပ်နေရတဲ့အလုပ်က အရောင်းစာရေးဖြစ်နေတာတို့ ရှိတတ်ပါတယ်။ တကယ်လို့ မိမိ လက်ရှိလုပ်နေတဲ့အလုပ်က ကိုယ် တနေ့နေ့မှာ ရောက်ချင်တဲ့နေရာကို မပို့ပေးနိုင်ဘူးဆိုရင် ခင်ဗျားအလုပ်အကိုင် ရွေးချယ်တာ မှားနေပါပြီ။

 

ကိုယ်ဘာကျွမ်းကျင်လဲ ကိုယ့်ကိုယ်ကိုယ်အရင်ပြန်မေးပါ။ ပြီးရင် ကိုယ်ဘာလုပ်ရတာကို ဝါသနာပါလဲ ပြန်မေးပါ။ ဝါသနာနဲ့ ကျွမ်းကျင်မှုကို ထိန်းညှိပြီး အသက်မွေးဝမ်းကြောင်းအဖြစ် ပြောင်းလဲနိုင်မှသာ အလုပ်မှာပျော်ရွှင်ပြီး ရာထူးတိုး၊ လစာတိုးဖို့အခွင့်အလမ်းတွေလည်း တိုးတက်လာမှာပါ။

၎။ ပင်ပန်းနွမ်းနယ်မှုက နေ့စဉ်လိုဖြစ်လာတယ်

play
 

လူတိုင်းလူတိုင်းမှာ ဆိုးဝါးတဲ့နေ့တစ်နေ့ဆိုတာ ရှိပါတယ်။ ဒါပေမယ့် နေ့စဉ်လိုလို ပင်ပန်းနွမ်းနယ်နေရပြီး ညနေရုံးဆင်းချိန်တိုင်း အားအင်ကုန်ခမ်း မရွှင်လန်းဖြစ်နေပြီဆိုရင်တော့ တစ်ခုခုတော့ လွဲနေပါပြီ။ ပင်ပန်းရုံလောက်ဆို တော်ပါသေးတယ်။ ဒါပေမယ့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာဂျုံးဂျုံးကျနေပြီလို့ ခံစားနေရတယ်ဆိုရင်တော့ ဒါဟာ ကိုယ်နဲ့မသင့်တော်တဲ့အလုပ်မှာ ရောက်နေတယ်ဆိုတဲ့ လက္ခဏာပါပဲ။

၅။ တစ်သက်လုံးလုပ်မယ် စိတ်ကူးလို့မရပါဘူး

play
 

ဒါဟာလည်း မှားယွင်းတဲ့အလုပ်အကိုင်တစ်ခုမှာ ဝင်လုပ်နေမိပြီဆိုတာကို ဖော်ပြတဲ့လက္ခဏာတစ်ခုပါပဲ။ ကိုယ်ဝါသနာပါတဲ့ အလုပ်တစ်ခုကိုသာ လုပ်နေရမယ်ဆိုရင် နေ့စဉ်နေ့တိုင်းဟာ စိတ်လှုပ်ရှားစရာတွေ ပြည့်နှက်နေမှာပါ။ အပင်ပန်း အခက်ခဲဆုံးနေ့မှာတောင် ကိုယ်ဝါသနာပါတဲ့အလုပ်ကိုလုပ်နေရတယ်ဆိုရင် ပင်ပန်းရကျိုးနပ်တယ်လို့ပဲ ခံစားရမှာပါ။ ဝါသနာမပါတဲ့အလုပ်တစ်ခုမှာ လုပ်နေရတာက အချိန်တွေ၊ ခွန်အားတွေအချည်းနှီးဖြစ်စေပါတယ်။

Source: Careeraddicts

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ