AD
AD
AD

လုပ်ငန်းခွင်ထဲမှာ ခေါင်းဆောင်ကောင်းတစ်ယောက်နဲ့ ကြုံတွေ့ရခြင်းဟာ ကံကောင်းခြင်းတစ်မျိုးပါ။ ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ လက်အောက်မှာ လုပ်ကိုင်ရပြီဆိုရင် အလုပ်နဲ့ပတ်သက်ပြီး သိသင့်သိထိုက်တာတွေကို သင်ကြားနိုင်ရုံသာမက လုပ်ငန်းခွင် စိတ်ဖိစီးမှုတွေကိုလည်း ကင်းဝေးစေနိုင်ပါတယ်။

play

ဆန့်ကျင်စွာနဲ့ပဲ ခေါင်းဆောင်ဆိုးတစ်ယောက်ရဲ့ လက်အောက်မှာ လုပ်ကိုင်ရပြီဆိုရင်တော့ ဆန့်ကျင်ဘက်အကျိုးကျေးဇူးတွေကိုပဲ ရရှိစေနိုင်မှာပါ။ ခေါင်းဆောင်ဆိုးတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကတော့...

၁။ အရာရာကို လိုက်ထိန်းချုပ်မယ်

play
 

သူဌေးနဲ့ခေါင်းဆောင် မတူညီပါဘူး။ ခေါင်းဆောင်ကောင်း တစ်ယောက်ဆိုတာ လူတွေကို အလုပ်မှာ စိတ်အားထက်သန်လာအောင် ဘယ်လိုလုပ်ရမလဲ ကောင်းကောင်းသိသလို ကိုယ့်လက်အောက်ငယ်သားတွေ အဆင်ပြေအောင်ဘယ်လိုလုပ်ပေးရမလဲ ဆိုတာလဲကောင်းကောင်းသိပါတယ်။

ဆိုးဝါးတဲ့ အုပ်ချုပ်သူကတော့ အရာရာကိုလိုက်ထိန်းချုပ်ပြီး profit (အကျိုးအမြတ်) ကိုပဲ ကြည့်တတ်တဲ့ လူမျိုးပေါ့။ လက်အောက်ငယ်သားတွေ ရှင်းပြတာကိုလည်း နားမထောင်ဘဲ အလုပ်တွေပုံပေးဖို့ပဲ စဉ်းစားနေတတ်တဲ့သူမျိုးပေါ့။

၂။ ဆုံးဖြတ်ချက် မပြတ်သားပါဘူး

ဆိုးဝါးတဲ့ မန်နေဂျာတွေဟာ တချို့အလုပ်တွေကိုခိုင်းသာခိုင်းနေတာ... ဘာကိုလိုချင်မှန်းလဲမသိကြပါဘူး။ အဲဒါဘာကြောင့်လံဆိုတော့ သူတို့ဟာ အဆုံးသတ်ရလဒ် ဘာဖြစ်လာနိုင်လဲဆိုတာကို ကြိုမတွေးထားဘူး။ သူတို့ကောင်းမယ့် ထင်တာတစ်ခုခု တွေ့လိုက်တာနဲ့ လက်အောက်ငယ်သားတွေကို အကောင်အထည်ဖော်ဖို့ အမိန့်ပေးမယ်။ အဲဒီအရာရဲ့ကောင်းကျိုး၊ ဆိုးကျိုး ဖြစ်တန်စွမ်းတွေကိုတော့ ထပ်တွက်မထားဘူး။ ဒီတော့ ဖြေရှင်းစရာတစ်ခုခု ကြုံလာတဲ့အခါ ဆုံးဖြတ်ချက်တွေလည်း မပြတ်သားတော့ပါဘူး။

၃။ ခေါင်းမာတယ်

play
 

သူတို့ချည်းပဲ မှန်တယ်ထင်ပြီး တခြားသူတွေရဲ့ အကြံပြုချက်တွေကို လက်မခံဘူး။ တချို့ဆို လူရှေ့သူရှေ့မှာတော့ ကိုယ်တင်ပြလိုက်တဲ့ အကြံဉာဏ်တစ်ခုကို မလိုလားဟန်ပြပြီး နောက်ကွယ်ကျမှ အဲဒီအကြံကို နည်းနည်းလေးမွမ်းမံပြီး သူ့ကိုယ်ပိုင်အကြံလိုလို ဘာလိုလိုလုပ်ပစ်လိုက်ကြတာ။ အဲဒီလိုမန်နေဂျာမျိုးကတော့ ဌာနတစ်ခုရဲ့စည်းလုံးမှုစိတ်ဓာတ်ကို ပျက်ပြားစေပါတယ်။

၎။ အပြောင်းအလဲကို လက်မခံနိုင်ဘူး

ဆိုးဝါးတဲ့ အုပ်ချုပ်သူတွေဟာ ဌာနတွင်း အပြောင်းအလဲတွေကို မလိုလားကြပါဘူး။ လူတော်တော်များများက အပြောင်းအလဲတွေကို မနှစ်သက်ကြတာ ထုံးစံဆိုပေမယ့် မန်နေဂျာတွေ အပြောင်းအလဲကို မလိုလားတာကတော့ လုပ်ရကိုင်ရခက်ခဲစေပါတယ်။ လုပ်ငန်းတစ်ခုတိုးတက်ဖို့ဆိုတာ အိုင်ဒီယာအသစ်တွေ ဖွံ့ဖြိုးနေစေဖို့ ရုံးပတ်ဝန်းကျင်ကို ပြောင်းလဲမှုတွေ လုပ်ပေးသင့်ပြီး ဝန်ထမ်းတွေအလုပ် ကောင်းကောင်းပိုလုပ်နိုင်ဖို့ ထောက်ပံ့ပေးဖို့လိုပါတယ်။

 

၅။ အမြင်မရှိဘူး

play
 

ကိုယ့်ရဲ့အုပ်ချုပ်သူက ရေရှည်ကိုမမြင်တတ်တဲ့အခါ အောက်ကအကောင်အထည် ဖော်နေရတဲ့ ဝန်ထမ်းတွေတိုင်ပတ်ပါတယ်။ သူတို့တွေက ရေတိုအဆင်ပြေစေမယ့် နည်းလမ်းလေးတွေကိုသာ အာရုံစိုက်တတ်ပါတယ်။ ကိုယ်အလုပ်လုပ်နေတဲ့ ကုမ္မဏီမှာ ရေရှည်စီမံကိန်းမရှိရင် လုပ်ကိုင်နေတဲ့ဝန်ထမ်းတွေ စိတ်ဓာတ်ပျက်ပြားတတ်ပါတယ်။

၆။ လူယုံမွေးတယ်

သူတို့ကျတော့ အလုပ်မှာ အရည်အချင်းကိုကြည့်ပြီး မဆုံးဖြတ်ဘဲ သူတို့ကို ဖားယားနေတဲ့သူတွေကိုပဲ ဦးစားပေးတတ်ပါတယ်။ ရာထူးတိုးပေးစရာရှိရင်လည်း အဲဒီလိုလူမျိုးတွေကိုပဲ ရွေးချယ်တတ်ပါတယ်။ အလုပ်တိုးတက်အောင်ကြိုးစားတုံးကတော့ ကိုယ်ပဲအသေအလဲလုပ်ရပြီး ရာထူးတိုးစရာရှိတော့ကျ သူတို့လူယုံတွေပဲ ရသွားတဲ့အခါ ဝန်ထမ်းတွေမှာ အလုပ်ကြိုးစားလိုစိတ် ကုန်ခမ်းတတ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ဝန်ထမ်းတွေကြားမှာလည်း စိတ်ဝမ်းကွဲစေနိုင်ပါတယ်။

၇။ ကိုယ့်ကိုယ်ကိုယ် တရားလွန်အထင်ကြီးတယ်

play
 

ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတဲ့ သူဌေးဟာ လုပ်ငန်းခွင်ကိုစိတ်ညစ်ညူးစရာတွေပဲ သယ်ဆောင်လာတတ်ပါတယ်။ သူတို့ဟာ ကမ္ဘာပေါ်မှာသူတို့လောက် တော်တဲ့၊ တတ်တဲ့လူ မရှိတော့ဘူးလို့ ယူဆတတ်ကြပြီး တခြားလူတွေကိုလည်း အမြဲအထင်သေးတဲ့ အကြည့်နဲ့ ကြည့်တတ်ပါတယ်။ လက်အောက်ငယ်သားတွေ လုပ်ငန်းခွင်ထဲမှာ ထူးချွန်နေရင်တောင် သူတို့က "ဒီလောက်လေးများ" ဆိုတဲ့ အကြည့်နဲ့ပဲ ကြည့်တတ်ပြီး ချီးကျူးဖို့ကိုတော့ မေ့လျော့တတ်ကြပါတယ်။

၈။ ဒေါသကြီးတယ်

play

ဒေါသကြီးသူတွေဟာ အဆိုးဝါးဆုံးအုပ်ချုပ်သူထဲမှာ ပါပါတယ်။ သူတို့ဟာအုပ်ချုပ်သူနေရာရောက်နေတာကြောင့် လက်အောက်ငယ်သားတွေ အမှားပြုလုပ်တိုင်း ဒေါသထွက်ခွင့်ရှိတယ်လို့ ယူဆကြပါတယ်။ ဒါဟာ ခေါင်းဆောင်ကောင်း တစ်ယောက်ရဲ့ အရည်အချင်းမဟုတ်တာတော့ သေချာပါတယ်။

အမှားအယွင်းရှိရင်တောင် တာဝန်ယူဖြေရှင်းပေးပြီး နောက်မဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာကိုပဲ ဦးတည်ဖြေရှင်းသင့်တာပါ။ တစ်ခုခုဆို ဒေါသကိုရှေ့ကထွက်ပြတတ်တာ ခေါင်းဆောင်ကောင်းအရည်အချင်းမဟုတ်တာတော့ အသေအချာပါပဲ။

Source: INC. asia

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD