၁၉၇၅ ခုနှစ်မှာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး မြို့ကြီးတွေဖြစ်တဲ့ တိုကျို၊ နယူးရော့ခ်နဲ့ မက္ကစီကိုမြို့ကြီးတွေမှာ နေထိုင်သူဦးရေ (၁၀) သန်းကျော်ခန့်စီ ရှိခဲ့ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ အဆိုအရဆိုရင် အခုချိန်မှာ ကမ္ဘာ့လူဦးရေရဲ့ (၇) ရာခိုင်နှုန်းခန့်ဟာ megacities လို့ တင်စားခေါ်ဝေါ်ကြတဲ့ ဧရာမမြို့ကြီးတွေမှာ နေထိုင်နေကြပါတယ်တဲ့။

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးဟာ ၂၀၃၀ ခုနှစ်ရောက်ရင် လက်ရှိ ရှိနေတဲ့ megacity အရေအတွက် (၃၁) မြို့ကနေ (၄၁) မြို့ထိ ဖြစ်လာနိုင်တယ်လို့လည်း ကြိုတင်ဟောကိန်းထုတ်ထားပါတယ်။ အဲဒီအချိန်ရောက်ရင် ကမ္ဘာ့လူဦးရေရဲ့ (၈.၇) ရာခိုင်နှုန်းဟာလည်း အဲဒီမြို့ကြီးတွေမှာ နေထိုင်ကြရလိမ့်မယ်လို့လည်း ဆိုထားပါတယ်။

လက်ရှိအချိန်မှာတော့ ဂျပန်နိုင်ငံက တိုကျိုမြို့ဟာ နေထိုင်သူဦးရေ (၃၈) သန်းနဲ့ ကမ္ဘာပေါ်မှာ အကြီးဆုံးမြို့အဖြစ် ရပ်တည်နေပါတယ်။ ဒါဟာ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ နေထိုင်တဲ့လူဦးရေထက် (၁၂) သန်းခန့် ပိုများပါတယ်။ ကုလသမဂ္ဂကတော့ တိုကျိုမြို့ဟာ ၂၀၃၀ ခုနှစ်ရောက်ရင် လူ (၁) သန်းခန့် လျော့နည်းသွားမယ်လို့ ခန့်မှန်းထားပေမယ့် ကမ္ဘာ့အကြီးဆုံး megacity အဖြစ် ဆက်လက်တည်ရှိနေဦးမယ်လို့လည်း ယူဆထားပါတယ်။

ဒါပေမယ့် လျင်မြန်စွာတိုးတက်လာတဲ့ လူဦးရေနဲ့အတူ မြို့ကြီးပြကြီးတွေဟာ နေစရာအိမ်ရှားပါးမှု ပြဿနာနဲ့ အိမ်၊ ခြံ၊ မြေ ဈေးကြီးမှုတွေကို ရင်ဆိုင်နေရပါတယ်။ ၂၀၂၅ ခုနှစ်မှာ လူဦးရေ သန်းခြောက်ထောင်ခန့်ဟာ သူတို့ဝင်ငွေရဲ့ (၃၀) ရာခိုင်နှုန်း ထက်ပိုတဲ့ တန်ဖိုးကျသင့်တဲ့ နေစရာနေရာလေး တစ်ခုကို ရရှိဖို့အတွက်တောင် ခက်ခက်ခဲခဲ ရုန်းကန်ရပါလိမ့်မယ်လို့ McKinsey ရဲ့ မှတ်တမ်းတစ်ခုမှာ ခန့်မှန်းထားပါတယ်။ ဒီလိုနဲ့ ၂၀၂၅ ခုနှစ်မှာ ဝင်ငွေနည်းပါးတဲ့ အိမ်ထောင်စုတွေ (၁၀၆) သန်းကျော် ရှိလာနိုင်တယ်လို့လည်း ယူဆထားကြပါတယ်။

အောက်မှာဖော်ပြထားတာကတော့ ကမ္ဘာပေါ်မှာ အကြီးမားဆုံး megacity (၁၀) ခုနဲ့ အဲဒီမှာနေထိုင်ရင် ကျသင့်မယ့် ကုန်ကျစရိတ်တွေပဲ ဖြစ်ပါတယ်။

၁။ နယူးရော့ခ် (New York)

play
 

အမေရိကန်နိုင်ငံ၊ နယူးရော့ခ်မြို့မှာ လက်ရှိ လူဦးရေ (၁၉) သန်းနေထိုင်နေပြီး လာမယ့် ၂၀၃၀ ခုနှစ်မှာ လူဦးရေ သန်း (၂၀) ခန့် ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ နိုင်ငံရဲ့ တစ်ဦးချင်းစီ GDP က ဒေါ်လာ (၇၄၀၀၀) ဝန်းကျင်ရှိနေချိန်မှာ နယူးရော့ခ်မြို့ရဲ့ လစဉ်အိမ်ငှားခနဲ့ အထွေထွေကုန်ကျစရိတ်ကတော့ ဒေါ်လာ (၃၀၅၇) ဝန်းကျင်ရှိနိုင်ပါတယ်။

၂။ ကိုင်ရိုမြို့ (Cairo)

အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့မှာတော့ လူဦးရေ (၁၉) သန်း လက်ရှိနေထိုင်နေပြီး ၂၀၃၀ ခုနှစ်မှာတော့ (၂၄) သန်းခန့်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ တစ်ဦးချင်းစီ GDP ကတော့ ဒေါ်လာ (၇၈၄၃) ခန့်ရှိပြီး လစဉ်အိမ်ငှားခနဲ့ ကုန်ကျစရိတ်ကတော့ ဒေါ်လာ (၂၀၀) ကျော်ခန့်ရှိနိုင်ပါတယ်။

၃။ အိုဆာကာမြို့ (Osaka)

play
 

ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ရဲ့ လက်ရှိလူဦးရေကတော့ သန်း (၂၀) ပါ။ ၂၀၃၀ ခုနှစ်မှာလည်း သန်း (၂၀) ဝန်းကျင် ပမာဏကိုပဲ ဆက်လက်ထိန်းသိမ်းထားနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ တိုင်းပြည်ရဲ့ တစ်ဦးချင်းစီ GDP က (၃၆၃၃၅) ဒေါ်လာခန့်ရှိပြီး လစဉ်အိမ်ငှားခကတော့ (၁၁၇၄) ဒေါ်လာခန့် ကျသင့်နိုင်ပါတယ်။

၎။ မက္ကစီကိုမြို့ (mexico)

မက္ကစီကန်နိုင်ငံ၊ မက္ကစီကိုမြို့မှာတော့ လက်ရှိလူဦးရေ (၂၁) သန်း၊ ၂၀၃၀ မှာတော့ (၂၄) သန်း ရှိလာပါလိမ့်မယ်။ တစ်ဦးချင်းစီ GDP (၂၃၀၁၇) ဒေါ်လာရှိတဲ့အတွက် တစ်လ အိမ်ငှားခကတော့ ဒေါ်လာရှစ်ရာနီးပါး (အတိအကျပြောရရင် (၇၇၇) ဒေါ်လာ) ခန့် ပျမ်းမျှ ကျသင့်နိုင်ပါတယ်။

၅။ ဘေဂျင်း (Beijing)

play
 

တရုပ်နိုင်ငံ၊ ဘေဂျင်းမြို့ရဲ့လူဦးရေကတော့ (၂၁) သန်းဖြစ်ပြီး နောင်လာမယ့် ဆယ်နှစ်ကျော်အတွင်းမှာ (၂၈) သန်းထိ တိုးလာနိုင်စရာ ရှိပါတယ်။ တစ်ဦးချင်းစီ GDP ကတော့ (၃၀၃၃၅) ဒေါ်လာ ဖြစ်ပြီး လစဉ်အိမ်ငှားခကတော့ ပျမ်းမျှ ဒေါ်လာ (၁၄၀၀) ခန့်ဖြစ်ပါတယ်။

၆။ ဆာပေါ်လိုမြို့ (Sao Paulo)

ဘရာဇီးနိုင်ငံ၊ ဆာပေါ်လိုမြို့မှာ လူဦးရေ (၂၁) သန်း နေထိုင်နေပါတယ်။ ၂၀၃၀ ရောက်ရင်လည်း နောက်ထပ် (၂) သန်း ထပ်တိုးလာဖို့ရှိပါတယ်။ တစ်ဦးချင်းစီ GDP (၂၇၃၃၆) ဒေါ်လာရှိပြီး လစဉ်အိမ်ငှားခကတော့ ဒေါ်လာ (၁၁၀၀) ကျော်ပါတယ်။

 

၇။ မွန်ဘိုင်းမြို့ (Mumbai)

play
 

အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမှာတော့ လက်ရှိ လူ (၂၁) သန်းခန့် မှီတင်းနေထိုင်နေပါတယ်။ လာမယ့် (၁၃) နှစ်အတွင်းမှာတော့ နောက်ထပ် (၆) သန်းခန့် ထပ်မံတိုးပွားလာနိုင်ဖွယ်ရာ ရှိပါတယ်။ အိန္ဒိယပြည်သူတွေရဲ့ တစ်ဦးချင်းစီ GDP က ဒေါ်လာ (၁၀၁၄၇) ရှိပြီး လစဉ်အိမ်ငှားခကတော့ (၆၈၅) ဒေါ်လာခန့် ရှိပါတယ်။

၈။ ရှန်ဟိုင်း (Shanghai)

တရုပ်လူမျိုး (၂၄) သန်းဟာ ရှန်ဟိုင်းမြို့မှာ နေထိုင်နေကြပြီး လာမယ့် ဆယ်စုနှစ်တစ်ခုကျော်ရင်တော့ နောက်ထပ် (၆) သန်းခန့် တိုးလာနိုင်ခြေများပါတယ်။ တစ်ဦးချင်းစီ GDP အရ ဒေါ်လာ (၃၂၆၈၄) ခန့် ပိုင်ဆိုင်ထားပြီး လစဉ်အိမ်ငှားခကတော့ ဒေါ်လာ (၁၃၀၀) ကျော်ပါတယ်။

၉။ နယူးဒေလီမြို့ (New Dehli)

လက်ရှိအချိန်မှာတော့ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ လူ (၂၆) သန်းနေထိုင်နေပြီး လာမယ့် ၂၀၃၀ ကျရင် နောက်ထပ် (၁၀) သန်းထပ်တိုးလာနိုင်ခြေ ရှိပါတယ်။ GDP per capita ကတော့ တစ်ယောက်ကို (၁၆၈၆၁) ဒေါ်လာခန့်ရှိနိုင်ပြီး လစဉ်အိမ်ငှားစရိတ်ကတော့ ဒေါ်လာ (၄၀၀) ဝန်းကျင်ဖြစ်ပါတယ်။

၁၀။ တိုကျို (Tokyo)

play
 

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ဟာ ကမ္ဘာပေါ်မှာ လူဦးရေအများဆုံး မြို့တစ်မြို့ပြီး လက်ရှိအချိန်မှာ (၃၆) သန်း နေထိုင်နေပါတယ်။ ၂၀၃၀ ကျရင် လူဦးရေ နောက်တစ်သန်း ထပ်တိုးလာနိုင်ပေမယ့် GDP per capita ကတော့ (၄၃၈၈၄) ဒေါ်လာပါ။ လစဉ်အိမ်ငှားခကတော့ တစ်လကို (၁၈၀၀) ဒေါ်လာခန့် ရှိပါတယ်။

Source: BusinessInsider

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video