Lifestyle: အလုပ်ထဲမှာ စနစ်တကျ အနားယူတတ်စေဖို့

လုပ်ငန်းတိုးတက်စေဖို့ တစ်ခုတည်းမဟုတ်ဘဲ မိမိရဲ့ အလုပ်နဲ့ဘဝ မျှခြေရှိစေဖို့ (work-life balance) အတွက်ပါ လုပ်ဆောင်သင့်ပါတယ်။

အလုပ်လုပ်တယ်ဆိုတာ သူဋ္ဌေးစိတ်ကျေနပ်စေဖို့၊ လုပ်ငန်းတိုးတက်စေဖို့ တစ်ခုတည်းမဟုတ်ဘဲ မိမိရဲ့ အလုပ်နဲ့ဘဝ မျှခြေရှိစေဖို့ (work-life balance) အတွက်ပါ လုပ်ဆောင်သင့်ပါတယ်။ လူဟာ စက်ရုပ်မဟုတ်တဲ့အတွက် ကျန်းကျန်းမာမာနဲ့ စွမ်းဆောင်ရည်ရှိရှိ အလုပ်လုပ်နိုင်ဖို့ အလုပ်ချိန်အတွင်းမှာ စနစ်တကျ နားနားနေနေ နေတတ်ဖို့လည်း လိုပါသေးတယ်။

၁။ Reset ပြန်လုပ်စို့

play
 

အလုပ်လုပ်ရင်း စိတ်ဖိစီးမှုတွေ များလာပြီ၊ ခေါင်းတွေမူးလာပြီလို့ ခံစားရတဲ့အခါ မျက်စိနှစ်ဖက်ကိုမှိတ်၊ နားကိုလက်နဲ့ပိတ်ပြီး (၁၀) စက္ကန့်လောက် ငြိမ်နေပေးလိုက်ပါ။ ပြီးရင် မျက်စိပြန်ဖွင့်ပြီး ကိုယ့်မျက်စိရှေ့မှာ မြင်နေရတဲ့ အရာတွေရဲ့ အရောင်၊ အရွယ်အစားနဲ့ ပုံပန်းသဏ္ဍာန်ကို စိတ်နဲ့ပဲ မှတ်သားထားလိုက်ပါ။ ဒီလိုပြုလုပ်ခြင်းက ကျွန်တော်တို့ရဲ့ စိတ်နဲ့ခန္ဓာကို ဂိမ်းထဲမှာ reset လုပ်သလို ပြန်လည်လန်းဆန်းစေပြီး စိတ်ဖိစီးမှုတွေကို လျော့နည်းစေပါတယ်။

၂။ သန့်စင်ခန်းသွားပါ

play

တစ်နေရာတည်းမှာ အကြာကြီးထိုင်ပြီး အလုပ်လုပ်တာ ခန္ဓာကိုယ်အတွက်လည်း မကောင်းပါဘူး။ ကွန်ပျူတာ စခရင်မ်ကို ကြာကြာကြည့်ရင် အာရုံကြောတွေကို လေးလံစေတယ်လေ။ ဒါကြောင့် (၂) နာရီခြား တစ်ခါလောက် သန့်စင်ခန်းသွားပေးပါ။ သန့်စင်ခန်းသွားတဲ့လမ်းမှာ လုပ်ဖော်ကိုင်ဖက်တွေကို ဝင်နှုတ်ဆက်ပြီး အလ္လာပ သလ္လာပလေးလည်း ပြောလိုက်ပါဦး။

 

၃။ နေ့လည်စာ စားချိန်ကို အကျိုးရှိရှိ အသုံးချပါ

play

နေ့လည်စာစားပြီးရင် အဲလ်ကွန်းခန်းထဲ ပြန်ဝင်ထိုင်ပြီး စမတ်ဖုန်းထဲက ဂိမ်းထုတ်ဆော့မယ့်အစား၊ ဖေ့စ်ဘွတ်ခ် (facebook) သုံးမယ့်အစား အပြင်လေးဘာလေးထွက်ပြီး နေရောင်ခံလိုက်ပါ။ နေရောင်ခြည်ထဲမှာ လူ့ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ဗိုက်တာမင်ဒီ ပါဝင်သလို ပြင်ပလေထုကို ရှူရှိုက်ရခြင်းက စိတ်ကိုကြည်လင်လန်းဆန်းစေမှာ အမှန်ပါပဲ။ ကွန်ပျူတာကြည့်နေကျ မျက်လုံးတွေအတွက်ဆိုရင် စိမ်းစိမ်းစိုစို သစ်ပင်လေးတွေကို ထွက်ကြည့်ပေးဖို့ လိုကိုလိုတယ်လေ။

၎။ တမှေးလောက်အိပ်ပါ

play
 

တချို့အလုပ်တွေဆိုရင် နေ့လည်နေ့ခင်း တရေးတမော အိပ်စက်ခွင့်ကို ခွင့်ပြုထားပါတယ်။ ဘာလို့လဲဆိုတော့ နေ့ခင်းဘက်မှာ အိပ်စက်ခြင်းက လုပ်ရည်ကိုင်ရည်ကို ပိုမိုတိုးတက်စေနိုင်လို့ပါပဲ။ ဒါကို Power Nap လို့ခေါ်ပါတယ်။ (၁၀) မိနစ်၊ (၁၅) မိနစ်လောက် မှေးလိုက်ရရင်ကို စိတ်ဖိစီးမှုတွေ ပြေပျောက်စေပြီး အာရုံစူးစိုက်မှုကို ပြန်လည်ကောင်းမွန်စေပါတယ်။

၅။ ကော်ဖီသောက်ပေးပါ

play
 

Corporate worker တွေရဲ့ အဖော်မွန်တစ်ဦးကတော့ ကော်ဖီပါပဲ။ နေ့လည် (၃) နာရီလောက်ဆို ကော်ဖီလေးသောက်လိုက်ရမှ အလုပ်လုပ်ရတာ အဆင်ပြေတာ မဟုတ်ပါလား။ ကော်ဖီသောက်နားချိန် (coffee break) မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အာလေးထုရင်း ကဖင်းဓာတ်လေး အွန်လိုက်တာက စွမ်းဆောင်ရည် ပိုမိုပြည့်ဝစေပါတယ်။

Source: 45things

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ