Lifestyle: သန့်စင်တဲ့ပန်းလေးတစ်ပွင့်ရဲ့ အဖြူရောင်စိတ်ကူး

သူ့ရဲ့ ဆန္ဒကို ပွင့်ပွင့်လင်းလင်းပြောပြလိုက်တာ ဘယ်လောက်ချစ်စရာကောင်းလိုက်သလဲလို့။

ဆိုဖီယာချီယာပါလွန်။ သူ့ အသက်က ငါးနှစ်။ မွေးရာပါ နှလုံးရောဂါသည်လေး။ ငါးနှစ်အတွင်းမှာကိုပဲ နှလုံးခွဲစိတ်မှု သုံးကြိမ်ပြုလုပ်ထားရပြီးပြီ။ နိုဝင်ဘာလအလယ်လောက်မှာ နောက်တစ်ကြိမ် ထပ်ခွဲစိတ်ရဖို့ ရှိသေးတယ်။ အဲဒီမတိုင်ခင်တော့ ဆိုဖီယာလေးအတွက် ၀မ်းသာပျော်ရွှင်စရာ အဖြစ်တစ်ခုက ဖြစ်လာခဲ့ပါတယ်။

play

 

" မေမေ..သမီး..သမီးတို့ကျောင်းက ဟန်တာလာဖာရီရာနဲ့ လက်ထပ်ချင်တယ်" လို့ ဆိုဖီယာကပြောလာတယ်။ ဘယ်လောက်များ ရိုးသားလိုက်သလဲလို့လေ..။

play

ငါးနှစ်အရွယ် ကလေးမလေးတစ်ယောက်ရဲ့ စိတ်ကူးယဉ်အိပ်မက်လေးက ရယ်စရာလည်းကောင်းသလို သနားကရုဏာသက်ဖို့လည်း ကောင်းတယ်။ ရိုးရှင်းလှပတဲ့ကလေးအတွေးနဲ့ တစ်ခုနဲ့ သူ့ရဲ့ ဆန္ဒကို ပွင့်ပွင့်လင်းလင်းပြောပြလိုက်တာ ဘယ်လောက်ချစ်စရာကောင်းလိုက်သလဲလို့။

 

ဒီအကြောင်းကိုပြန်ပြောပြတာက ဆိုဖီယာရဲ့အမေ ခရစ်စတီ။ ခရစ်စတီက သူ့သမီးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးချင်လို့ ဟန်တာရဲ့ အမေ ထရေစီကိုသူ့သမီးရဲ့ လိုအင်ဆန္ဒအကြောင်းပြောပြဖြစ်တော့

" ဟန်တာက ချက်ချင်းလိုလိုပဲ သဘောတူတယ်လေ.. သူ့ သူငယ်ချင်းပျော်ရွှင်အောင်လည်း ဟန်တာက ပြုလုပ်ပေးချင်နေတာ.." လို့ထရေစီက ဖွင့်ဟခဲ့တယ်။ " ဆိုဖီယာက အမြဲတမ်းလိုလို ဟန်တာနဲ့ ဆော့ကစားချင်နေတဲ့ ကလေးမလေး.. ဟန်တာနဲ့ လက်ထပ်ရတာ သူ ပျော်ရွှင်မှာပါ..." လို့ ထရေစီက ထပ်ပြောသေးတယ်။

play

 

အောက်တိုဘာ ၂၃ရက်နေ့က ဆိုဖီယာ နဲ့ ဟန်တာတို့ Pre Wedding ဓာတ်ပုံတွေ ရိုက်ဖြစ်ကြတယ်။ ဆိုဖီယာရဲ့ မျက်နှာလေးကရွှင်လန်းပြီး အပြုံးပန်းတွေ ပွင့်နေတယ်လေ။

play

 

" သူ သတို့သမီးဝတ်စုံလေး ၀တ်နေတာကြည့်ပြီး ကျွန်မ မျက်ရည်တောင် ကျခဲ့မိတယ် " လို့ ခရစ်စတီက သူ့ခံစားချက်ကို ၀န်ခံခဲ့ပါတယ်။

" ဒီလိုပုံစံမျိုးလေးကို ကြိမ်ဖန်များစွာ၊ နှစ်ပေါင်းများစွာ မြင်ချင်မိသလို ဒီလိုအခမ်းအနားမျိုးကိုလည်း နောက်ထပ်တစ်ကြိမ် ကြုံချင်ပါသေးတယ်..တကယ့်ကိုပျော်ရွှင်စရာ၊ အံ့သြစရာကောင်းတဲ့အခိုက်အတန့်လေး.." လို့ ခရစ်စတီက ရင်ဖွင့်ပြန်သေးတယ်။

play

 

" ဆိုဖီယာက မွေးရာပါနှလုံးရောဂါသည်လေးလေ..။ သူ့ရဲ့ နှလုံးနဲ့ အဆုတ်သွေးလွှတ်ကြောက ဆက်သွယ်မရှိတဲ့အခါကျ ဆက်သွယ်မှုရှိအောင် အဆုတ်ထဲကို သွေးစီးဆင်းဖို့က လိုအပ်နေတာပေါ့။ သူမွေးပြီး သိပ်မကြာတဲ့ ရက်မှာပဲ နှလုံးကို ခွဲစိတ်ကုသမှု လုပ်ခဲ့ရတယ်။ ခုပုံစံအတိုင်းဆိုရင်တော့ သူ့ဘ၀တလျှောက်လုံး မကြာခဏဆိုသလို ခွဲစိတ်မှုတွေ လုပ်ရမှာ.." လို့ ခရစ်စတီက မျက်ရည်စက်လက်နဲ့ သူ့သမီးလေးဆိုဖီယာရဲ့ အကြောင်းကို ပြောပြရှာပါတယ်။

Postby

 

သနားစရာ ဆိုဖီယာလေးကတော့ သူ့ရဲ့ မင်္ဂလာပွဲဓာတ်ပုံလေးတွေထဲမှာ ပျော်ရွှင်နေရှာတာပါ။ သူ့ရဲ့ ဆန္ဒပြည့်ဝခဲ့တာလည်း ဖြစ်သလို ကြည်နူးစရာအချိန်လေးကိုခဏပဲဖြစ်ဖြစ် သူ ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။ သူ့ရဲ့ သူငယ်ချင်း ဟန်တာကလည်း သူငယ်ချင်းမလေးအတွက် မဆိုင်းမတွ ဖြည့်ဆည်းပေးခဲ့ပြီး ဆိုဖီယာရဲ့ အပျော်တွေကသူ့ဆီကိုပါ ကူးစက်နေတာကို ဓာတ်ပုံလေးတွေကြည့်ရင် ထင်သာမြင်သာစေပါတယ်။

ဆိုဖီယာ! ရှင်သန်ခွင့်ရတဲ့ အချိန်တိုင်းမှာ ပျော်ရွှင်နေနိုင်ပါစေ။ အမြဲတမ်း ပြုံးပျော်နေနိုင်ပါစေကွယ်။

Source : Cosmo

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ