Lifestyle: အသက် (၂၀) မှာ ပြုလုပ်သင့်တဲ့ အချက် (၅) ချက်

လူအများစုက အသက် (၂၀) ဆိုတဲ့ အရွယ်ရောက်တာနဲ့ အပေါင်းလက္ခဏာဆန်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ လိုပါတယ်။ ဒါမှလည်းရှေ့ဆက်ရမယ့် ဘ၀ရဲ့ နှစ်ပေါင်းများစွာကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်နိုင်မှာပေါ့။ ဘာတွေပြုပြင်ပြောင်းလဲဖို့လိုမလဲဆိုတာ ပြောပြပေးမယ်နော်။

၁။ ငွေစစုပါ

play
 

ဒီအလေ့အထက ကိုယ့်ရဲ့ ငွေဖြုန်းတီးချင်စိတ်ကို လျော့ပါးစေတဲ့အပြင် ကိုယ့်ကြိုးစားမှုကြောင့် ရလာတဲ့ အသီးအပွင့်ကို စနစ်တကျနဲ့ ထိန်းသိမ်းတတ်ရာလည်း ရောက်တယ်လေ။ အရေးပေါ် ငွေကြေးလိုအပ်လာတာမျိုး၊ သင်လိုချင်တဲ့ နောက်ဆုံးပေါ် ပစ္စည်းအမျိုးအစားထွက်လာတာမျိုးစသဖြင့် လိုအပ်ပြီဆို အလွယ်တကူ သုံးစွဲလို့ရပြီလေ။

 

၂။ ခန္ဓာကိုယ်ကျန်းမာရေးကို ဂရုစိုက်ပါ

အသက် ၂၀ အရွယ်ဆိုတာ လူတစ်ယောက်ရဲ့ အနုပျိုဆုံးနဲ့ တက်ကြွမှုအရှိဆုံး အရွယ်လေ။ ကိုယ့်ကျန်းမာရေးကို ဂရုတစိုက်ရှိမှ ဘ၀ရဲ့နေ့ရက်တွေက တောက်ပနေမှာပေါ့။ ပုံမှန်လေ့ကျင့်ခန်းလေးတွေလုပ်ပေးပါ။ ရေများများသောက်ပေးပါ။ တစ်နေ့ကို အနည်းဆုံး (၇) နာရီခန့် အိပ်စက်ပေးပါ။ သင့်ညွှတ်မျှတမှုရှိစွာ စားသောက်ပြီး အရက်သေစာကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပေးခြင်းနဲ့ သင့်ကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။

၃။ စိတ်ဓာတ်ကြံ့ခိုင်မှုရှိအောင် အလေ့အကျင့်လုပ်ပါ

play
 

ကလေးဘ၀ကုန်ဆုံးလို့ လူကြီးပိုင်းဝင်စအရွယ်မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်းက ဘ၀တစ်ခုလုံးအတွက် အရေးပါပါတယ်။ ဒီအချိန်က သင့်ဘ၀ကို အေးချမ်းစေမလား၊ ပူလောင်စေမလားဆိုတာကိုပါ ဆုံးဖြတ်ပေးနိုင်ပါတယ်။ နေ့စဉ်နေ့တိုင်း စိန်ခေါ်မှုအသစ်တွေ၊ ပြသနာအသစ်တွေနဲ့ ရင်ဆိုင်ရတော့မှာဖြစ်လို့ စိတ်ခွန်အားဖြစ်စေတဲ့ စာပေဖတ်ရှူတာ၊ ရုပ်ရှင်ကြည့်တာမျိုးတွေ ပြုလုပ်သင့်ပါတယ်။

Postby

 

၎။ သူငယ်ချင်းကောင်းတွေရှိပါစေ

သင့်ကို အကြံဥာဏ်ပေးနိုင်သူမျိုး၊ ဝေဖန်နှစ်သိမ့်ပေးနိုင်တဲ့ သူငယ်ချင်းနဲ့ သင့်ပတ်ဝန်းကျင်ကို ထူထောင်သင့်ပါတယ်။ အရေအတွက်များဖို့ထက် အရည်အချင်းရှိတဲ့ သူငယ်ချင်းမျိုးက ပိုသင့်တော်ပါတယ်။ ပျော်ရွှင်မှုပေးနိုင်တဲ့ သူငယ်ချင်းတွေ၊ သင့်ခံစားချက်တွေကို မျှဝေလက်ခံပေးနိုင်သူတွေ နဲ့ ကိုယ့်အတွက် လုံခြုံစိတ်ချရတဲ့ မိတ်ဆွေတွေကို ရွေးချယ်ပေါင်းသင်းသင့်ပါတယ်။

၅။ ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး မခိုင်းစေပါနဲ့

play
 

သင့်အသက်အရွယ်က ငယ်သေးတယ်လေ။ ပြောမယ်ဆို ကလေးအရွယ်ထက် (၁)နှစ်ပဲ ကြီးမြင့်တာကိုး။ ကိုယ့်မှာ လိုအပ်ချက်တွေအများကြီးရှိနေတာမို့လို့ အတင်းကာရောကြီး ကြိုးစားယူတာမျိုးထက် ဖြည်းဖြည်းနဲ့မှန်မှန် ကြိုးစားပေးတာမျိုးက ပိုထိရောက်ပါတယ်။ ဖြစ်မြောက်ချင်စိတ် ပြင်းထန်လွန်းရင်လည်း အမှားတွေနဲ့ ကြုံတွေ့ရတာကို သတိထားသင့်ပါတယ်။ တကယ်လို့ အမှားတွေနဲ့ ရင်ဆိုင်ရပြီဆိုလည်း အမှားကနေ သင်ခန်းစာယူပြီး အကောင်းဆုံးပြန်တက်လှမ်းဖို့ ပြင်ဆင်ပေးပါ။

ှSource : Success

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ