Lifestyle: အိမ်မက်လှလှမက်စေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းများ

ညဘက် အိပ်နေရင်း အိမ်မက်ဆိုးမက်လို့ လန့်နိုးမယ်ဆိုရင် စိတ်ထဲမှာ နေမထိထိုင်မသာ ဖြစ်တတ်တဲ့အပြင် အိပ်ရေးလည်း ပျက်စေနိုင်ပါတယ်။

ကျွန်တော်တို့ဟာ တစ်ညမှာ နှစ်နာရီလောက် အိမ်မက်မက်တတ်ကြပါတယ်။ ဒါပေမယ့် အိမ်မက်ဆိုတာဘာလဲ ဘယ်သူမှ သဲသဲကွဲကွဲ မသိကြပါဘူး။ သိပ္ပံပညာရှင်အများစုကတော့ အိမ်မက်ဆိုတာကို REM အိပ်စက်ခြင်းအဆင့်မှာ ဦးနှောက်ရဲ့တုံ့ပြန်မှုတစ်ခုလို့ ယူဆတတ်ကြပြီး တချို့ကတော့ အိမ်မက်ဆိုတာ ခံစားချက်တွေနဲ့ မှတ်ဉာဏ်တွေကို အိမ်မက်အဖြစ် ပြန်လည်ပုံဖော်တာလို့ ယူဆသတ်မှတ်ကြပါတယ်။

play

 

ညဘက် အိပ်နေရင်း အိမ်မက်ဆိုးမက်လို့ လန့်နိုးမယ်ဆိုရင် စိတ်ထဲမှာ နေမထိထိုင်မသာ ဖြစ်တတ်တဲ့အပြင် အိပ်ရေးလည်း ပျက်စေနိုင်ပါတယ်။ ဒါကြောင့် dream catcher မလိုဘဲ အိမ်မက်ကောင်းကောင်းမက်စေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ မအိပ်ခင် သာယာညှင်းပျောင်းတဲ့ ဂီတသံကို နားဆင်ပါ

play
 

စန္ဒရားသံ ခပ်တိုးတိုးလေးတွေ၊ ဆွဲအီတဲ့ တယောသံချိုချိုလေးတွေ၊ acoustic ဂစ်တာသံလေးတွေက စိတ်ကိုကြည်လင်လန်းဆန်းစေရုံသာမက မအိပ်ခင် မိမိရဲ့စိတ်ကို သာယာအောင် ဖန်တီးပေးနိုင်စွမ်း ရှိပါတယ်။ အိမ်မက်ဆိုတာ မိမိတစ်နေ့တာ ကြုံတွေ့ခဲ့ရသမျှ အကြောင်းအရာတွေနဲ့လည်းဆိုင်တော့ မအိပ်ခင် ဂီတသံချိုချိုလေးတွေကိုသာ နားထောင်မယ်ဆိုရင် အိမ်မက်လှလှ မြင်မက်အောင် အထောက်အကူပြုပေးနိုင်ပါတယ်။

၂။ မှန်ကန်တဲ့ အစားအစာတွေကို စားပါ

play

မိမိရဲ့ညစာရွေးချယ်မှုကလည်း အိပ်စက်ခြင်းနဲ့ အိမ်မက်တွေအပေါ် အကျိုးသက်ရောက်မှု ရှိစေနိုင်ပါတယ်။ ဒါကြောင့် ညအိပ်ခါနီး အချိန်တွေမှာ ကဖင်းဓာတ်၊ အယ်လ်ကိုဟောဓာတ်တို့လို အရာတွေကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ နောက်ပြီး ညစာစားရင် အိပ်ချိန်နဲ့ အနည်းဆုံး နှစ်နာရီခွာထားပါ။

ဒါပေမယ့် ဝိတ်လျှော့နေတာမဟုတ်ရင် ညစာလုံးဝ မစားဘဲလည်း မနေသင့်ပါဘူး။ အစာမရှိတဲ့အတွက် ဝမ်းဗိုက်ထဲမှာ သွေးတွင်းသကြားဓာတ် နည်းနေရင်လည်း ကောင်းကောင်းအိပ်ပျော်ဖို့ရာ ခဲယဉ်းပါတယ်။ ဒါကြောင့် မှန်ကန်တဲ့အစားအစာကို မှန်ကန်တဲ့အချိန်မှာ စားတတ်ဖို့ လိုပါတယ်။

 

၃။ ဆေးသောက်ရင် သတိထားပါ

တချို့ဆေးဝါးတွေ (အထူးသဖြင့် အားဆေးတွေ) သောက်ရင် ညအိပ်ချိန်နဲ့ နည်းနည်းခွာပြီးမှ သောက်သုံးသင့်ပါတယ်။ အားဆေးတွေက ခွန်အားတိုးစေဖို့နဲ့ စိတ်ကြည်လင်လန်းဆန်းစေဖို့ကို ရည်ရွယ်ပြုလုပ်ထားတော့ အိပ်ရတာ အခက်အခဲ ရှိစေနိုင်ပါတယ်။ တကယ်လို့ အိပ်ပျော်သွားမယ်ဆိုရင်တောင် အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးနိုင်တဲ့အတွက် သတိထားသင့်ပါတယ်။

၎။ အခန်းတွင်း မွှေးရနံ့လေးတွေကို ဖန်တီးပါ

play
 

ခေါင်းအုံးမှာ စွတ်လို့ရတဲ့ အော်ဂဲနစ်ပန်းဆီလေးတွေ၊ essential oil လေးတွေကထွက်တဲ့ မွှေးရနံ့လေးတွေက နှစ်လိုဖွယ်ရနံ့လေးတွေကို ပေးစွမ်းနိုင်ရုံသာမက အိပ်စက်နေချိန် လူ့ခန္ဓာကိုယ်ကိုပါ အကျိုးသက်ရောက်မှု ရှိစေနိုင်ပါတယ်။ နှစ်လိုဖွယ်ကောင်းတဲ့ မွှေးရနံ့လေးတွေဟာ အိမ်မက်လှလှမက်စေနိုင်ဖို့အတွက်လည်း အထောက်အကူပြုပါတယ်။ ဒါကြောင့် ရနံ့ကုထုံးကို မိမိအိပ်ခန်းထဲမှာပါ ထည့်သွင်းအသုံးချကြည့်လိုက်ပါ။

၅။ စိတ်ဖိစီးမှုကင်းဝေးပါစေ

လုပ်ငန်းခွင်စိတ်ဖိစီးမှု၊ မိသားစုရေးရာ စိတ်ဖိစီးမှု၊ သမီးရည်းစားရေးရာ စိတ်ဖိစီးမှု... စိတ်ဖိစီးမှုတွေ ဘယ်လောက်ပဲများနေပါစေ... အိပ်ခါနီးရင်တော့ အဲဒီစိတ်ဖိစီးမှုတွေကို ဖြေလျှော့နိုင်ဖို့ တတ်နိုင်သမျှ ကြိုးစားသင့်ပါတယ်။ စိတ်ဖိစီးမှုများခြင်းက အိမ်မက်ဆိုး မက်ခြင်းနဲ့ တိုက်ရိုက်ဆက်နွယ်နေတဲ့အတွက် မအိပ်ခင် နာရီဝက်လောက်အလိုမှာ တရားထိုင်တာ၊ ဟာသကားတစ်ခုခုကြည့်တာ စသည်ဖြင့် မိမိစိတ်ကို ကြည်လင်အောင်လုပ်ပြီးမှ အိပ်ယာဝင်သင့်ပါတယ်။

Source: Superheroyou

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ