AD
AD
AD

"Science is new God" ဆိုတဲ့ အနောက်တိုင်းစကားတောင် ရှိပါသေးတယ်။ သိပ္ပံပညာဟာ ကျွန်တော်တို့ ကမ္ဘာကြီးကို ပြီးခဲ့တဲ့ရာစုနှစ်တွေတုံးက မမြင်ဖူး၊ မတွေ့ဖူးခဲ့တဲ့ တိုးတက်ပြောင်းလဲမှုတွေဆီ ဆွဲခေါ်သွားနေပါတယ်။ အခုဆိုရင် သိပ္ပံပညာအရ ရှာဖွေတွေ့ရှိမှု အသစ်တွေကလည်း နေ့စဉ်လိုလို ပေါ်ပေါက်နေပါတယ်။ ၂၀၁၇ ခုနှစ်အတွင်းမှာ သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိခဲ့တဲ့ အံ့ဖွယ်ရှာဖွေ တွေ့ရှိချက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကမ္ဘာနဲ့ ပုံစံတူ ဂြိုဟ်သုံးလုံး

play
 

နက္ခတ္တဗေဒပညာရှင်တွေဟာ ကမ္ဘာနဲ့အလင်းနှစ် သန်း (၄၀) လောက် ကွာဝေးတဲ့နေရာက TRAPPIST-1 လို့ခေါ်တဲ့ ကြယ်လေးတစ်လုံးကို လှည့်ပတ်နေတဲ့ ဂြိုဟ် (၇) လုံးကို ကျွန်တော်တို့ နေထိုင်ရာ နေစကြဝဋ္ဌာအဖွဲ့အစည်းရဲ့ အပြင်ဘက်မှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အဲဒီထဲက ဂြိုဟ်သုံးလုံးဟာ ရေနဲ့သက်ရှိတွေ တည်ရှိနေနိုင်ပြီး ကမ္ဘာပေါ်ကသက်ရှိတွေ ရှင်သန်နေထိုင်နိုင်တဲ့ နေရာတစ်ခု ဖြစ်လာနိုင်ပါတယ်တဲ့။

၂။ ရော့ခ်ဂီတအဖွဲ့နာမည်ပေးထားတဲ့ ပုစွန်မျိုးစိတ်

play
 

ပနားမားကမ်းရိုးတန်းတလျှောက်မှာ သိပ္ပံပညာရှင်တွေဟာ Pistol ပုစွန်တစ်မျိုးကို တွေ့ရှိခဲ့ပါတယ်။ အဲဒီပုစွန်ဟာ သူ့ရဲ့ပန်းရောင် လက်သည်းစွယ်ကိုသုံးပြီး ငါးအသေးလေးတွေကို မူးဝေစေတဲ့ (ဒါမှမဟုတ်) သေပါသေစေနိုင်တဲ့ ကျယ်လောင်သံတစ်မျိုးကို ထုတ်လွှင့်နိုင်ပါတယ်။

အဲဒီပုစွန် ထုတ်လွှင့်တဲ့အသံဟာ (၂၁၀) decibel တောင် ရှိပါသတဲ့။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အသံကျယ်ပါတယ်ဆိုတဲ့ ဂီတပွဲတောင် ၁၁၀ နဲ့ ၁၄၀ decibel ပဲ ရှိပါတယ်။ ဒါကြောင့် ဒီပုစွန်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ သိပ္ပံပညာရှင်တွေဟာ Pink Flyod ဆိုတဲ့ တေးဂီတဝိုင်းကို အစွဲပြုပြီး ပုစွန်ကို Synalpheus pinkfloydi လို့ အမည်ပေးခဲ့ကြပါတယ်။

၃။ ကြွက်တွေကို ပြန်လည်နုပျိုစေတဲ့ ကုထုံး

play
 

ကျွန်တော်တို့တွေ အိုမင်းရင့်ရော်ချိန်မှာ ဆဲလ်တွေလည်း အိုမင်းရင့်ရော်လာပြီး လူကြီးရောဂါတွေ ဖြစ်လာပါတယ်။ နယ်သာလန် သိပ္ပံပညာရှင်တွေကတော့ အဲဒီအိုမင်းရင့်ရော်နေတဲ့ ဆဲလ်တွေကို တိုက်ဖျက်နိုင်တဲ့ မော်လီကျူးတစ်မျိုးကို ဖော်ထုတ်ခဲ့ပါတယ်။ အဲဒီမော်လီကျူးကို အသက်အရွယ် ကြီးရင့်တဲ့ ကြွက်အိုတွေအပေါ် စမ်းသပ်ပေးချိန်မှာ အမွှေးတွေပြန်ရှည်လာသလို ကျောက်ကပ် လုပ်ဆောင်မှုတွေလည်း ပြန်လည်ကောင်းမွန် လာခဲ့ပါတယ်။

ဒါ့အပြင် အရင်ကထက်လည်း နှစ်ဆပိုပြေးလာနိုင်ပါတယ်။ သိပ္ပံပညာရှင်တစ်ဦးကတော့ ဒီတွေ့ရှိချက်ကို နုပျိုဆေးရှာဖွေရေးမှာ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခြင်းလို့ သတ်မှတ်ထားပါတယ်။

 

၎။ စပရေးပြန်မှုတ်လိုက်ရုံနဲ့ အရေပြားအလွှာအသစ် ပြန်ပေါ်လာအောင်လုပ်နည်း

Avengers: Age of Ultron ထဲမှာ ဒေါက်တာဟယ်လင်ချိုက Hawkeye ရဲ့ဒဏ်ရာကို စပရေးနဲ့မှုတ်ပြီး အရေပြားအလွှာသစ်ဖော်တဲ့ အခန်းကို မှတ်မိကြသေးလား။ ဒါဟာ သိပ္ပံဆန်းကြယ် ပြကွက်တစ်ခု သက်သက်မဟုတ်တော့ပါဘူး။ RenovaCare ဆိုတဲ့ biotech ကုမ္မဏီတစ်ခုက သိပ္ပံပညာရှင်တွေဟာ မီးလောင်ဒဏ်ရာရ လူနာတွေကို စပရေးဘူးလေးနဲ့ ဖြန်းပေးရုံနဲ့ ဆဲလ်သစ်တွေ မွေးဖွားလာပြီး ဒဏ်ရာပေါ်မှာ အရေပြားအလွှာသစ်တစ်ခု ပေါ်ပေါက်လာစေတဲ့ နည်းပညာကို တွေ့ရှိခဲ့ပါတယ်။ ဒီပစ္စည်းကို FDA အသိအမှတ်ပြုဖို့ လိုအပ်နေသေးပေမယ့် အရေပြားကျန်းမာရေး လောကမှာတော့ တော်လှန်ပြောင်းလဲမှုတစ်ခု ဖြစ်လာမှာပါ။

၅။ လေဖြတ်ခြင်းကြောင့် ဦးနှောက်ဒဏ်ရာရခြင်းကို ရပ်တန့်စေမယ့် ပင့်ကူအဆိပ်

play
 

သြစတြေးလျ funnel-web ပင့်ကူကိုက်တာခံရရင် ဆယ့်ငါးမိနစ်အတွင်း ကုသမှုမခံယူပါက သေဆုံးနိုင်ပါတယ်။ ဒါပေမယ့် ပင့်ကူမျိုးစိတ်တစ်မျိုးမှာ တွေ့ရှိခဲ့တဲ့ peptide ဒြပ်ပေါင်းတစ်မျိုးဟာ လေသင်တုန်းဖြတ်ခြင်းကြောင့် ဦးနှောက်သွေးကြောပြတ်ခြင်း အပါအဝင် ဦးနှောက်ထိခိုက်မှုတွေကို ကုသပေးနိုင်တယ်လို့ သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့ရပါတယ်။ ဒါပေမယ့် လေဖြတ်ပြီး ရှစ်နာရီအတွင်း ထိုးသွင်းပေးနိုင်မှသာ ကုသပေးနိုင်မှာဖြစ်ပါတယ်။ ဒီဆေးဝါးဟာလည်း လူသားသမိုင်းမှာ ထူးခြားတဲ့ တွေ့ရှိမှု တစ်ခုလို့တောင် ဆိုနိုင်ပါတယ်။

၆။ ဒိုင်နိုဆောမျိုးစိတ်သစ်

play
 

ဥက္ကာပျံကြွေကျမှုတွေကြောင့် မျိုးသုဉ်းသွားတဲ့ ဒိုင်နိုဆောတွေဟာ ကမ္ဘာဦးသတ္တဝါတွေပါ။ တိုရွန်တိုက သိပ္ပံပညာရှင်တွေဟာ ဒိုင်နိုဆောမျိုးစိတ်သစ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပြီး Zuul လို့ အမည်ပေးခဲ့ပါတယ်။ Zuul ဆိုတာ ၁၉၈၄ ခုနှစ်တုံးက Ghostbusters ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်တဲ့ ခွေးပုံစံ မကောင်းဆိုးဝါးကောင်ကြီးပါ။

အဲဒီနာမည်အတိုင်းပဲ ဒိုင်နိုဆောဟာ မျက်စိနှစ်လုံးနောက်မှာ ချို (ဂျို) နှစ်ချောင်းပေါက်နေပြီး မျက်နှာပေါ်မှာလည်း ဆူးချွန်တွေ ပေါက်နေပါတယ်။ နောက်ပြီး ဆူးချွန်တင်းပုတ်သဏ္ဍာန် အမြီးတစ်ချောင်းလည်း ပေါက်နေပါသေးတယ်။ မွန်တာနာနားမှာ တွေ့ရှိခဲ့တဲ့ ဒီဒိုင်နိုဆောရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကိုကြည့်ပြီး အရင်က မတွေ့ရှိသေးတဲ့ ဒိုင်နိုဆောမျိုးစိတ်သစ်တစ်ခုကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

Source: Reader's Digest

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD