ကမ္ဘာပေါ်မှာ ဘယ်သန်နဲ့ ညာသန်ယှဉ်လိုက်ရင် ညာသန်က ပိုများပါတယ်။ ဘယ်သန်လူဦးရေက ကမ္ဘာ့လူဦးရေရဲ့ ဆယ်ပုံတစ်ပုံ လောက်ပဲ ရှိပါတယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်က နေ့စဉ်ကိုင်တွယ် အသုံးပြုနေတဲ့ အရာအများစုကို ညာသန်တွေအတွက်ပဲ ဖန်တီးပြုလုပ်ထားပြီး ဘယ်သန်တွေကိုတော့ မေ့ထားမိတတ်ကြပါတယ်။

ဒါပေမယ့် ဘယ်သန်တွေကတော့ ရအောင် ကြည့်ကြပ်ဖြေရှင်း လိုက်တာပါပဲ။ သိပ္ပံပညာကတော့ ဘယ်သန်တွေရဲ့ သူမတူတဲ့ ထူးခြားချက်တွေကို သုတေသနပြုလုပ်ပြီး တွေ့ရှိထားပါတယ်။

၁။ ဉာဏ်ပိုကောင်းတယ်

play
 

ဦးနှောက်မှာ ဘယ်ခြမ်းနဲ့ညာခြမ်းဆိုပြီး နှစ်မျိုးရှိပါတယ်။ ဦးနှောက်ဘယ်ခြမ်းက သိပ္ပံနည်းကျ စမ်းစစ်လေ့လာမှုတွေ ပြုလုပ်ရာမှာ ပါဝင်လုပ်ဆောင်ပေးပြီး ဦးနှောက်ညာခြမ်းကတော့ တီထွင်ဖန်တီးမှုနဲ့ စိတ်ကူးပုံဖော်နိုင်စွမ်းမှာ အားကောင်းကြပါတယ်။

အံ့သြဖို့ကောင်းတာ တစ်ခုကတော့ ဘယ်သန်တွေဟာ ဦးနှောက်ညာခြမ်းကို ပိုမိုအသုံးပြုကြပါတယ်တဲ့။ ဒါကြောင့်လည်း လေ့လာမှုတွေအရ ဘယ်သန်တွေဟာ ဉာဏ်ပိုကောင်းကြတာ ဖြစ်ပါတယ်။ ညာသန်တွေနဲ့ ယှဉ်လိုက်ရင် ဘယ်သန်တွေက အလုပ်မျိုးစုံကို တစ်ပြိုင်နက်လုပ်ရာမှာလည်း (multitasking) ပိုမိုအားသန်ကြပါတယ်။

၂။ စိတ်ပိုင်းဆိုင်ရာ ရောဂါတွေ ဖြစ်နိုင်ခြေပိုများတယ်

ညအိပ်မပျော်တဲ့ရောဂါ၊ အလာ့ဂျစ်ထတဲ့ ရောဂါနဲ့ စိတ်ကစဉ့်ကလျားရောဂါတို့လို စိတ်နဲ့ဆိုင်တဲ့ ရောဂါတွေဟာ ဘယ်သန်တွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။ ဘယ်သန်တွေဟာ ဦးနှောက်ကို ပိုအလုပ်ပေးတဲ့အတွက် ဒီလိုဖြစ်ရတာလည်း ဖြစ်နိုင်ခြေရှိပါတယ်။

၃။ အရက်ပိုစွဲလွယ်တယ်

play

ဘယ်သန်တွေဟာ အရက်စွဲနိုင်ခြေလည်း ပိုများပါတယ်။ အရင်တုံးက ဒါနဲ့ပတ်သက်တဲ့ သုတေသနတစ်ခု ပြုလုပ်ခဲ့ပြီး သုတေသန ရလဒ်တွေအရ ဘယ်သန်တွေဟာ ညာသန်တွေထက် အရက်ကို ပိုပြီးစွဲစွဲလမ်းလမ်း သောက်သုံးကြတာကို တွေ့ရှိရပါတယ်။

 

၎။ အားကစားသမားတွေဖြစ်တယ်

play
 

ဘယ်သန်တွေဟာ ရေကူး၊ လက်ဝှေ့၊ တင်းနစ်၊ ဘေ့စ်ဘောစတဲ့ အားကစားတွေမှာ ပိုမိုထူးချွန်ကြပါသတဲ့။ ကမ္ဘာ့အကောင်းဆုံး တင်းနစ်ကစားသမား (၄၀) ရာခိုင်နှုန်းခန့်ဟာ ဘယ်သန်တွေ ဖြစ်ကြပါတယ်တဲ့။ နောက်တစ်ခုက အားကစားလောကမှာ ညာသန်တွေများပြီး ဘယ်သန်တွေနည်းတဲ့အတွက် ဘယ်သန်တွေဟာ အခွင့်အရေးလည်း ပိုများကြပါတယ်။

၅။ ဒေါသထွက်လွယ်တယ်

ဘယ်သန်တွေက စိတ်မရှည်တတ်တဲ့အတွက် မကြာခဏလည်း ဒေါသဖြစ်တတ်ပါတယ်။ သူတို့ဟာ သူတို့ရဲ့ခံစားချက်တွေကို နားလည်နိုင်ဖို့လည်း အချိန်ယူကြရပါတယ်။ နောက်တစ်ခုက ဘယ်သန်တွေဟာ စိတ်အပြောင်းအလဲမြန်ပြီး အခုတစ်မျိုး၊ တော်ကြာတစ်မျိုးနဲ့ ခဏခဏလည်း စိတ်ပြောင်းတတ်ကြပါတယ်။

၆။ ကြောက်လန့်လွယ်တယ်

play
 

ဘယ်သန်တွေဟာ အလွယ်တကူပဲ ကြောက်လန့်တတ်ကြပါသေးတယ်။ ဘာလို့လဲဆိုတော့ အကြောက်တရားဟာ သူတို့ကို လွှမ်းမိုးနိုင်တဲ့ စိတ်ခံစားမှုတစ်ခု ဖြစ်နေလို့ပါပဲ။ ကြောက်စရာရုပ်ရှင်ကား တစ်ခုပြပြီး စမ်းသပ်တဲ့ သုတေသနတစ်ခုမှာ ဘယ်သန်တွေဟာ စိတ်ဖိစီးမှု၊ ကြောက်လန့်မှု၊ သွေးပျက်မှုစတဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေကို ပိုမိုဖော်ပြခဲ့ပါတယ်တဲ့။

Source: youngisthan

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video