AD
AD
AD

ပစ္စည်းဥစ္စာ ပြည့်စုံကြွယ်ဝမှုဆိုတာ လူသားတိုင်းရဲ့ သည်းခြေကြိုက်အရာပါ။ လူတော်တော်များများမှာ သူတို့တစ်ဘဝလုံး ပစ္စည်းဥစ္စာ ပြည့်စုံလာစေဖို့ ရှာရင်းဖွေရင်းနဲ့ပဲ ဘဝကိုအဆုံးသတ်လိုက်ကြရပါတယ်။ အောင်မြင်သွားတဲ့သူတွေ ရှိသလို ကျရှုံးသွားတဲ့သူတွေလည်း ရှိပါတယ်။ ယခုဖော်ပြပါ စာရင်းထဲက လူတွေကတော့ အသက် (၂၅) နှစ်မပြည့်ခင် သန်းကြွယ်သူဋ္ဌေးဖြစ်လာခဲ့တဲ့ ထူးထူးခြားခြား ကံကောင်းသူလေးတွေပဲ ဖြစ်ပါတယ်။

၁။ Valentina Paloma Pinault (အသက် (၁၀) နှစ်)

play
 

Valentina ဟာ နာမည်ကျော်ရုပ်ရှင်မင်းသမီးတစ်ဦးဖြစ်တဲ့ Salma Hayek နဲ့ ကုမ္မဏီကြီးတစ်ခုရဲ့ အမှုဆောင်အရာရှိဖြစ်တဲ့ Henri Pinault တို့ရဲ့ သမီးဖြစ်ပါတယ်။ အသက်ငယ်ရွယ်သေးပေမယ့် သူမဟာ ထင်ရှားကျော်ကြားပြီး ဒေါ်လာ (၁၂) သန်းတန်တဲ့ ကိုယ်ပိုင်အိမ်လည်း ရှိပါတယ်။ သူမကတော့ မွေးကတည်းက သန်းကြွယ်သူဋ္ဌေးဖြစ်ဖို့ ကံပါလာခဲ့ဟန် ပေါ်ပါတယ်။

၂။ Jacob Sartorius (အသက် (၁၅) နှစ်)

play
 

ဒီအမေရိကန် အနုပညာရှင်လေးကတော့ lip-syncing လို့ခေါ်တဲ့ သီချင်းတွေကို သံယောင်လိုက်တဲ့ ဗီဒီယိုတွေ တင်ခဲ့တဲ့အတွက် လူမှုကွန်ရက်တွေပေါ်မှာ ထင်ရှားလာခဲ့ပါတယ်။ သူ့ရဲ့မွေးမိဘတွေက မကျွေးနိုင်တဲ့အတွက် သူဟာ အသက် (၄) နှစ်မှာ မွေးစားခံခဲ့ရပါတယ်။ Sartorius ဟာ အသက် ဆယ့်တစ်နှစ်အရွယ်တည်းက သူ့ရဲ့ပထမဦးဆုံး အွန်လိုင်းဗီဒီယိုကို လူမှုန်ကွန်ရက်တစ်ခုဖြစ်တဲ့ Vine ပေါ်မှာ တင်ခဲ့ပြီး နာမည်ကျော်ကြားလာခဲ့ပါတယ်။

၃။ Mark Thomas (အသက် (၁၆) နှစ်)

play
 

၂၀၀၁ ခုနှစ်၊ မတ်လ (၂၉) ရက်နေ့မှာ မွေးဖွားခဲ့တဲ့ Mark Thomas ဟာ Instagram ပေါ်မှာ ဖော်လိုဝါ (၉) သိန်းကျော်ရှိထားတဲ့ လူမှုကွန်ရက် စတားတစ်ယောက် ဖြစ်ပါတယ်။ သူဟာ နာမည်ဝှက် Duhitzmark ဆိုတဲ့ နာမည်နဲ့ Musical.ly app ကတဆင့် သီချင်းတွေကို ဖန်တီးပါတယ်။

၎။ Tanner Fox (အသက် (၁၇) နှစ်)

play
 

Tanner Fox ဟာ Youtube star တစ်ဦးဖြစ်သလို ပရော်ဖက်ရှင်နယ် စတန့် (စတူတာသမား) သမားတစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ရဲ့ဗီဒီယိုတွေကို ကြည့်ရှုသူပေါင်း (၆) သန်းကျော် ရှိပါတယ်။ သူဟာ Instagram ပေါ်မှာလည်း ဖော်လိုဝါ (၃) သန်းကျော် ရှိပါသေးတယ်။ အဲဒီမှာသူက မော်တော်ဆိုင်ကယ်စီးခြင်း၊ လေထီးခုန်ခြင်း၊ ကျွမ်းထိုးခြင်း စတဲ့ စွန့်စားခန်းတွေကို ဗီဒီယိုလေးတွေ ရိုက်တင်ခဲ့ပါတယ်။

၅။ Rico Rodriguez (အသက် (၁၉) နှစ်)

play
 

Rico ဟာ အသက် (၈) နှစ်အရွယ်ကတည်းက စတင်သရုပ်ဆောင်ခဲ့ပါတယ်။ စစချင်းမှာ ကလေးသရုပ်ဆောင်ဘဝနဲ့ စခဲ့ပေမယ့် Modern Family ဆိုတဲ့ တီဗီရှိုးကတော့ သူ့ဘဝကို ပြောင်းလဲစေခဲ့ပါတယ်။ တီဗီရှိုးက အရမ်းအောင်မြင်ခဲ့သလို ဝေဖန်ရေး ဆရာတွေက Rico ရဲ့ ဟာသဉာဏ်ကြောင့် တီဗီရှိုးအောင်မြင်ခဲ့တာလို့ ယူဆဝေဖန်ခဲ့ကြပါတယ်။

 

၆။ Nick D'aloisio (အသက် (၂၁) နှစ်)

play
 

D'aloisio ဟာ Summly ဆိုတဲ့ သူကိုယ်တိုင်ရေးဆွဲခဲ့တဲ့ app ကြောင့် နာမည်ကျော်ခဲ့ပါတယ်။ အဲဒီ app ဟာ နောက်ဆုံးရသတင်းတွေ၊ ပွဲတွေကို ဖော်ပြပေးပြီး အသုံးပြုသူကို အတိုချုံး ဖော်ပြချက်လေးနဲ့လည်း အချိန်ကုန်သက်သာစေပါတယ်။ ဒီတော့ သုံးစွဲသူတွေဟာ အချိန်အများကြီး မကုန်တော့ဘဲ နောက်ဆုံးရသတင်းတွေကို သိရှိနိုင်ပါတယ်။

၇။ Nick Jonas (အသက် (၂၅) နှစ်)

play
 

ကမ္ဘာကျော် အဆိုတော်အဖွဲ့တစ်ခုဖြစ်တဲ့ Jonas Brothers အဖွဲ့ထဲက တစ်ဦးဖြစ်တဲ့ Nick ဟာ အသက် (၂၅) နှစ်အောက် ကမ္ဘာ့အချမ်းသာဆုံး လူငယ်များစာရင်းထဲကို ဝင်ခဲ့တာဟာ သူ့ရဲ့ထူးခြားတဲ့ အဆိုစွမ်းရည်ကြောင့်သာမက တမူထူးခြားတဲ့ သရုပ်ဆောင်စွမ်းရည်ကြောင့်လည်း ပါပါတယ်။

၈။ Rashed Saif Belhasa (အသက် (၁၅) နှစ်)

play
 

ဒူဘိုင်းမှာ အချမ်းသာဆုံး စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ရဲ့ သားဖြစ်နေမှတော့ ကိုယ်တိုင်လည်း ချမ်းသာလာတာ မဆန်းပါဘူး။ သူ့မှာ ကိုယ်ပိုင် Ferrari တစ်စီးရှိပေမယ့် ကိုယ်တိုင် မမောင်းရရှာပါဘူး။ သူ့အတွက် ယာဉ်မောင်းတစ်ယောက် ငှားပေးထားရပါတယ်။ ဘာလို့လဲဆိုတော့ သူဟာ ယာဉ်မောင်းလိုင်စင် လျှောက်နိုင်လောက်တဲ့ အသက်အရွယ် မရောက်သေးလို့ပါပဲတဲ့။

၉။ MattyBRaps (အသက် (၁၄) နှစ်)

play
 

ဒီ အမေရိကန်အဆိုတော်နဲ့ အင်တာနက်စတားလေးကတော့ Youtube ပေါ်မှာ လူကြိုက်များတဲ့ သီချင်းတွေကို remix လေးတွေ လုပ်ပြီး တင်ခဲ့တဲ့အတွက် နာမည်ကျော်ကြား လာခဲ့ပါတယ်။ သူဟာ သူ့ရဲ့ဂီတ အသက်မွေးလမ်းကြောင်းကို လွန်ခဲ့တဲ့ (၇) နှစ် ကတည်းက စတင်ခဲ့ပါတယ်။ နောက်လေးနှစ်ကြာတော့ သူ့ရဲ့ Youtube channel ဟာ ကြည့်ရှုမှုပေါင်း သန်းတစ်ထောင် ကျော်ခဲ့ပါတယ်။

၁၀။ Ryan ToysReview (အသက် (၇) နှစ်)

play
 

Ryan ဟာ အရုပ် review ဗီဒီယိုလေးတွေတင်တဲ့ ကလေးလေးတစ်ယောက်ပါ။ အခုဆိုရင် Ryan ToysReview ဟာဆိုရင် ကမ္ဘာပေါ်က Youtube channel တွေထဲမှာ ဒုတိယအကြီးဆုံးပါပဲ။ ဒါကြောင့် သူ့ရဲ့များပြားလှတဲ့ ကြည့်ရှုသူတွေကြောင့် ကြော်ငြာခချည်းပဲ တစ်လကို ဒေါ်လာတစ်သန်းလောက် ဝင်နေပါတယ်။

Source: Brightside

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD