AD
AD
AD

နှစ်တိုင်း ဒီဇင်ဘာလ ရောက်ပြီဆို ခရစ္စမတ်သစ်ပင်လေးတွေ ၊ မီးလုံးတွေ၊ ပြင်ဆင်မှုတွေနဲ့ လှပနေတော့တာပဲ။ ခရစ္စမတ်ကာလမှာ မြင်ရသမျှ အပြင်အဆင်တွေ၊ သီချင်းသံတွေက လူတွေရဲ့စိတ်ကို ကြည်နူးပျော်မြူးစေတယ်လေ။ ဒါကြောင့်မို့လို့ ခရစ္စမတ် အပြင်အဆင်တွေကို စောစောပြင်ထားလိုက်ရင် ပျော်ရမယ့်အချိန်က စောစောရောက်လာတာပေါ့။

play

 

MindFixers တည်ထောင်သူ၊ psychoanalyst လည်း ဖြစ်တဲ့ Steve McKeown ရဲ့ အဆိုအရ ခရစ္စမတ်အပြင်အဆင်တွေကို စောစောစီးစီး ပြုလုပ်သူတွေဟာ ပိုပြီးပျော်နိုင်သလို၊ စိတ်ဖိစီးမှုတွေလျော့နည်းသွားသလို ခံစားရနိုင်မယ်လို့ ပြောပါတယ်။ ဘာကြောင့်လဲဆိုရင် ပွဲတော်အငွေ့အသက်နဲ့ အလင်းရောင်တွေ၊ တောက်ပတဲ့ ရောင်ပြန်အပြားလေးတွေဟာ အတိတ်ကို ပြန်လည်အောက်မေ့တသဖြစ်စေတယ်လို့ McKeown က ရှင်းပြပါတယ်။ ကလေးဘဝက ပျော်ရွှင်စရာ နေ့ရက်တွေကို ပြန်လည်တမ်းတမိတဲ့အခါ စိတ်ကိုကြည်နူးစေပါတယ်။

play

Psychotherapist တစ်ဦးဖြစ်တဲ့ Amy Morin ကလည်း ဒါကို ထပ်ပြီး အတည်ပြုထားသေးတယ်။ ခရစ္စမတ်သစ်ပင်တွေကို ငေးကြည့်တာ ကောင်းမွန်တဲ့စိတ်ခံစားချက် ရစေတယ်လို့ ပြောတယ်။ ကိုယ့်ဘဝထဲက ချစ်ခင်ရသူတွေနဲ့လည်း ပိုပြီး နီးကပ်လာအောင် ဆက်သွယ်ပေးရာလည်းရောက်ပါတယ်။

 

play

ခရစ္စမတ်ရဲ့အရောင်ဖြစ်တဲ့ အနီရောင်၊ အစိမ်းရောင်ဟာ စိတ်ကို ရွှင်ပျစေတယ်လေ။ နောက်ထပ် ပျော်စရာတစ်ခုကို ပြောရမယ်ဆိုရင် ခရစ္စမတ်ဘိုးဘိုးကြီးလို့ ခေါ်ကြတဲ့ စန်တာကို မြင်ရတာလည်း ပျော်စရာပါ။ ဒါကြောင့်မို့လို့ ခရစ္စမတ်အပြင်အဆင်တွေကို စောစောသာ ပြင်လိုက်ပါတော့။

Source : Bazaar

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD