AD
AD
AD

မီတာ (၄၀၀) ဆိုတာ လူသာမန်တွေအတွက် ဝေးတယ်လို့ ဆိုနိုင်ပေမယ့် အားကစားသမားတွေအတွက်ကတော့ မိုင်နာပါပဲ။ တချို့အပြေးသမားတွေဆိုရင် စက္ကန့် (၄၀) အတွင်း မီတာ (၄၀၀) ရောက်အောင် ပြေးနိုင်ကြပါတယ်။ ဒါပေမယ့် ဒီ မီတာ (၄၀၀) ပြေးပွဲကတော့ ခက်တယ်လို့ ဆိုနိုင်ပါတယ်။

play

 

Red Bull 400 ဆိုတာ ကမ္ဘာတဝှမ်းလုံးက အားကစားသမားတွေ ဝင်ရောက်ယှဉ်ပြိုင်ကြတဲ့ မီတာ (၄၀၀) ပြေးပွဲစီးရီးဖြစ်ပါတယ်။ ဒါပေမယ့် ပုံမှန်ပြေးပွဲတော့ မဟုတ်ပါဘူး။ နှင်းလွှာလျှောစီးကွင်းပေါ်မှာ ပြေးရတာပါ။ နှင်းလွှာလျှောစီး အားကစားဆိုတာ ခြေထောက်မှာ ဘုတ်ပြားတွေတပ်ပြီး အမြင့်ကနေ နှင်းပြင်ပေါ်မှာ လျှောစီးဖို့ ခုန်ချရတာပါ။ အန္တရာယ်များတဲ့ အားကစားတစ်ခုလည်း ဖြစ်ပါတယ်။

play

 

နှင်းလွှာလျှောစီးကွင်းတွေက အောက်ကို မြန်နိုင်သမျှ မြန်မြန်ဆင်းနိုင်အောင် ဒီဇိုင်းဆွဲတည်ဆောက်ထားတာပါ။ နောက်ပြီး နှင်းလွှာလျှောစီးဘုတ် အားယူပျံတက်နိုင်အောင် ဒီဇိုင်းဆွဲထားတဲ့ (၄၀) ဒီဂရီလောက် ကွေးညွတ်တဲ့ နေရာတွေလည်း ရှိပါတယ်။ နောက်တစ်ခုက နှင်းလွှာလျှောစီးကွင်းဆိုတော့ မတ်မတ်ကြီးပဲ တက်သွားတာပါ။ ကုန်းလျှောမရှိပါဘူး။ ဒါကြောင့် ပြိုင်ပွဲဝင်တွေမှာ အောက်ဆီဂျင်ရှားပါးမှု ပြဿနာကိုလည်း ကြုံတွေ့နိုင်ပါတယ်။

play

 

တာတိုပြေးပွဲထဲမှာ ပါတယ်ဆိုပေမယ့် ဒီအားကစားပွဲဟာ အမြန်နှုန်းနဲ့ ခွန်အားကို စမ်းသပ်တဲ့ပွဲပါ။ နောက်ပြီး သက်လုံကောင်းဖို့လည်း လိုပါတယ်။ ပြေးနေရင်းနဲ့ အစာအိမ်ထဲက လက်တစ်အက်ဆစ် အချဉ်ပေါက်တာတွေ၊ ခြေသလုံးကြွက်တက်တာတွေနဲ့အတူ ဝမ်းဗိုက်တစ်ခုလုံး ပေါက်ကွဲတော့မလို ခံစားချက်ကိုလည်း ရရှိဦးမှာပါ။

 

Red Bulll 400 က အခုဆိုရင် ကျင်းပခဲ့တာ ခုနှစ်နှစ်တိုင် ရှိပါပြီ။ ဒီအားကစားနည်းဟာ တော်လှန်ပြောင်းလဲတဲ့ အားကစား တစ်ခုဆိုလည်း မမှားပါဘူး။ ဆောင်းရာသီ အိုလံပစ်ပွဲတော်မှာတောင် ဒီအားကစားနည်းကို ထည့်သွင်းခဲ့ပါသေးတယ်။ မကြာသေးခင်ကလည်း Kazakhstan နိုင်ငံ၊ Almaty မှာ အားကစားသမားတွေ စုဝေးခဲ့ပါတယ်။

play

 

သူတို့ပြေးပွဲ ကျင်းပမယ့် နေရာကတော့ Sunkar အပြည်ပြည်ဆိုင်ရာ နှင်းလွှာလျှောစီးကွင်းဖြစ်ပြီး မြို့ရဲတောင်ဘက်၊ ပင်လယ်ရေမျက်နှာပြင် အမြင့် မီတာ (၉၀၀) အမြင့်မှာ တည်ရှိပါတယ်။ ဒီအားကစားပွဲ နောက်ထပ်ကျင်းပခဲ့တဲ့ နေရာတွေကတော့ Turkish leg (အမြင့်ပေ (၁၉၅၀) မီတာ)၊ Courchevel (အမြင့်ပေ ပေ (၁၃၀၀))၊ Utah နိုင်ငံ၊ Park မြို့ (အမြင့်ပေ (၂၁၂၆) မီတာ) တို့ပဲ ဖြစ်ပါတယ်။

ဒီအားကစားပွဲဟာ သြစတြေးလျ၊ ချက်၊ ကနေဒါနဲ့ ဆလိုဗီးနီးယား နိုင်ငံတွေမှာလည်း ကျင်းပဦးမှာပါ။ ဂျာမနီနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ပွဲကတော့ ပထမဆုံး တရားဝငင် Red Bull ကမ္ဘာ့ချန်ပီယံ လုပွဲဖြစ်ပါတယ်။ ၂၀၁၆ ခုနှဏ်မှာ Kieran Lumb ဆိုတဲ့ လူတစ်ဦးဟာ (၃၇) ဒီဂရီ တိမ်းစောင်းနေတဲ့ ပြေးလမ်းကို (၃) မိနစ်၊ (၄၈) စက္ကန့်နဲ့ အပြီးပြေးနိုင်တယ်လို့ စံချိန်တင်ခဲ့ပါတယ်။ ကဲ ဘာပဲပြောပြော စွန့်စားရတာ ဝါသနာထုံပြီး ကိုယ့်ကိုယ်ကိုယ် သက်လုံကောင်းတယ်လို့ ထင်တဲ့သူတွေ စမ်းကြည့်သင့်ပါတယ်။

Source: theculturetrip

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle

AD