AD
AD
AD

ကိုယ်နေ့စဉ် အသုံးပြုနေတဲ့ ပစ္စည်းတွေကို တကယ် ထိထိရောက်ရောက် အသုံးမပြုနိုင်တာမျိုးတွေဟာ အားလုံးမှာ ရှိနေတတ်ပါတယ်။ တစ်ခါတစ်လေကျတော့လည်း နေ့စဉ်မြင်တွေ့နေရပေမဲ့ ဘယ်လိုသုံးရမှန်းမသိဘူး။ ဘာအဓိပ္ပာယ်နဲ့ ထုတ်ထားမှန်း မသိတာတွေတောင်ရှိတယ်။

play

 

Stapler မှာ ပါတဲ့ အချွန်လေးကို သုံးဖြစ်ရဲ့လား။ အဲ့အချွန်လေးက နှိပ်ထားပြီးသား stapler pin တွေကို ပြန်ဆွဲထုတ်ဖို့ ထည့်ထားပေးတာပါ။

 

play

 

ဂျင်းဘောင်းဘီတွေမှာ ဘာလို့ သတ္ထု rivet တွေ ထည့်ထားတာလဲဆိုတာ တွေးမိဖူးမယ် ထင်ပါတယ်။ သုံးလို့လည်းမရဘဲနဲ့ ဘာကြောင့် ထည့်သလဲပေါ့လေ။ တကယ်တော့ အဲ့ဒီ rivet လေးတွေဟာ ဂျင်းဘောင်းဘီ မပြဲအောင် ထည့်ပေးထားတာပါ။ တင်းအားအများဆုံးနေရာတွေကို rivet တွေနဲ့ ထိန်းထားပေးရင် မြန်မြန်မပြဲတော့ဘဲ ကြာကြာဝတ်လို့ရမယ်လေ။

play

 

နောက်တစ်ခုလည်း ရှိသေးတယ်။ အိတ်ကပ် သေးသေးလေးတွေလေ။ ဂျင်းဘောင်းဘီက အိတ်ကပ်သေးသေးလေးဟာ အရင်တုန်းက အိတ်ဆောင်နာရီ ထည့်ကြတာပါတဲ့။

play

 

ကွန်ပျူတာ ကီးဘုတ်ရဲ့ F နဲ့ J မှာ အဖုလေးတွေ ပါနေတယ်။ ဒါကတော့ ကွန်ပျူတာကို လက်ကွက်နဲ့ စနစ်တကျ ရိုက်သူဆိုရင် သိမှာပါ။ ဘယ်လက်ညှိုးက F ပေါ်မှာထား ၊ ညာလက်ညှိုးက J ပေါ်မှာ ထားရင် လက်ကွက်မှန်မှန် ရိုက်လို့ရတယ်လေ။

play

 

လက်ကိုင် ကိုင်းပါတဲ့ ဟင်းအိုးတွေမှာ အပေါက်လေးတွေ ပါတတ်တယ်။ ယောင်းမ၊ ဇွန်းကို တပ်ထားဖို့ ဖောက်ပေးထားတာလေ။

Postby

 

play

 

တချို့ရှပ်အင်္ကျီတွေရဲ့ အတွင်းဘက် ချုပ်ရိုးကြောင်းထဲမှာ ကြယ်သီးတစ်လုံးရယ်၊ ပိတ်စအဖတ်လေး ပါလာတာ တွေ့ဖူးလား။ ပိတ်စအပိုကြီး ကပ်ပါလာတယ် မထင်ပါနဲ့။ ချွတ်ဆေး၊ ဆပ်ပြာမှုန့်ဒဏ် ခံနိုင်သလားဆိုတာ စမ်းသပ်ဖို့အတွက် ထည့်ပေးလိုက်တာပါ။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD