AD
AD
AD

လောကမှာ ငွေနဲ့တိုက်ရိုက် ဝယ်ယူလို့မရတဲ့ အရာထဲမှာ စစ်မှန်တဲ့ ပျော်ရွှင်မှုလည်း ပါဝင်ပါတယ်။ ငွေက ဒုတိယဘုရားသခင် ဖြစ်တဲ့အတွက် တစ်ခါတလေမှာ ငွေသုံးပြီး ပျော်ရွှင်မှုလေးတွေကို ဖန်တီးလို့ရတယ်ဆိုပေမယ့် အဲဒီပျော်ရွှင်မှုတွေက တာရှည်မခံပါဘူး။ ဒီတော့ ပိုမိုပျော်ရွှင်တဲ့ လူတစ်ယောက်ဖြစ်လာစေဖို့ အောက်ပါအရာတွေကို မိမိဘဝထဲက ဖယ်ရှားပစ်လိုက်ပါ။

play

 

၁။ သူများတွေနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်နေမိခြင်းကို ဖယ်ရှားလိုက်ပါ။ အခုအချိန်ကစပြီး ကိုယ်ဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထူးခြားကောင်းမွန်တယ်။ သူများနဲ့မတူတဲ့ အရည်အသွေးတွေ ရှိတယ်ဆိုတာကို နားလည်ထားရပါမယ်။

၂။ စိတ်ကူးယဉ်ဆန်လွန်းတဲ့ မျှော်လင့်ချက်တွေကို ဘဝထဲက ဖယ်ရှားလိုက်ပါ။ စိတ်ကူးယဉ်နေမယ့်အစား မိမိရဲ့ရည်မှန်းချက်တွေ၊ မျှော်လင့်ချက်တွေကို လက်တွေ့ကျပြီး စနစ်တကျ လျှောက်လှမ်းနိုင်မယ့် ပန်းတိုင်တွေဖြစ်အောင် ပုံဖော်ပြောင်းလဲလိုက်ပါ။ ပန်းတိုင်တိုတစ်ခုကို ရောက်ရှိတိုင်း ပိုမိုပျော်ရွှင်လာသလို ပိုပြီးလည်း တက်ကြွလာပါလိမ့်မယ်။

play

 

၃။ လူမှုကွန်ရက်တွေကို အရမ်းစွဲလမ်းနေမိတဲ့ စိတ်ကိုဖယ်ရှားလိုက်ပါ။ လူမှုကွန်ရက်တွေပေါ်က အတင်းစကားတွေ၊ သတင်းစကားတွေ၊ ငြင်းခုန်ပွဲတွေ၊ ဖီးလ်ပွဲတွေ စသဖြင့် တူရာတူရာ အစုအဖွဲ့တွေမှာ လေပေါနေမိခြင်းက စိတ်ကိုဆွဲဆောင်နိုင်စွမ်း အလွန်မြင့်ပါတယ်။ သေချာပြန်တွေးကြည့်ရင် ကျွန်တော်တို့ရဲ့ တန်ဖိုးရှိတဲ့ အချိန်အများစုကို လူမှုကွန်ရက်တွေပေါ်မှာ ကုန်ဆုံးနေမိတာပါ။ တစ်ခါတလေ မိမိရဲ့ Facebook account ကို deactivate လုပ်ထားလိုက်ခြင်းက ငြိမ်းချမ်းမှုပါပဲ။

၎။ အသုံးအဖြုန်းလျှော့ပါ။ တစ်ခါတလေမှာ ကိုယ်လိုအပ်တာထက် ပိုဝယ်နေမိတတ်တဲ့ အကျင့်က လုပ်မယူဘဲ အလိုလိုဖြစ်လာတာပါ။ ဒါကြောင့် လက်ဖွာတတ်တဲ့ အကျင့်ကို ဖယ်ရှားပြီး လိုအပ်မှ သုံးတတ်အောင် ကျင့်ယူပါ။

၅။ အတိတ်ကနေ ရုန်းထွက်ပါ။ အတိတ်ဆိုးတွေရဲ့ အရိပ်မဲတွေအောက်မှာပဲ ရှင်သန်နေမယ်ဆိုရင် ဘယ်တော့မှ ပျော်ရွှင်ရတော့မှာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့တန်ဖိုးရှိလှတဲ့ ပစ္စုပ္ပန်အချိန်လေးကို အတိတ်ဆိုးတွေနဲ့ ကုန်ဆုံးမခံပါနဲ့။

play

 

၆။ အပေါင်းအသင်းတွေက ခရီးထွက်ဖို့ခေါ်ရင် ခေါင်းသာညိမ့်လိုက်ပါ။ ခရီးသွားခြင်းက စိတ်ဖိစီးမှုတွေကို လျော့ပါးစေပြီး စိတ်ကို ပျော်ရွှင်စေတယ်လေ။

၇။ ဆိုးဝါးတဲ့ ဆက်ဆံရေးတွေကို အဆုံးသတ်လိုက်ပါ။ သူငယ်ချင်း ဆက်ဆံရေးပဲဖြစ်ဖြစ်၊ သမီးရည်းစား ဆက်ဆံရေးပဲဖြစ်ဖြစ် နှစ်ဦးနှစ်ဖက် ထိခိုက်စေပြီး အဆိပ်အတောက်များလွန်းတယ်ဆိုရင် အဆုံးသတ်လိုက်တာပဲ ကောင်းပါတယ်။

၈။ ကိုယ့်ရဲ့ပျော်ရွှင်မှုအတွက် သူများတွေအပေါ် မမှီခိုပါနဲ့။ ကိုယ်ပိုင်ပျော်ရွှင်မှုကို ကိုယ်ပိုင်စိတ်ကူးလေးနဲ့ပဲ ရအောင်ပုံဖော်ယူပါ။ သူများတွေမှာ ကိုယ့်ပျော်ရွှင်မှုကို ဖန်တီးပေးဖို့ တာဝန်ရှိတယ်လို့လည်း မျှော်လင့်မထားပါနဲ့။

play

 

၉။ တွေဝေခြင်းဟာ ကိစ္စတော်တော်များများကို ပိုမိုဆိုးဝါးစေပါတယ်။ တချို့နေရာတွေမှာ ရဲရဲဝံ့ဝံ့ ဆုံးဖြတ်ချက်ချရဲဖို့ လိုအပ်တဲ့အတွက် ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ကိုယ်တိုင်ချမှတ်ပြီး ကိုယ့်ဆုံးဖြတ်ချက်ကိုလည်း အပြည့်အဝယုံကြည်ထားပါ။

၁၀။ ရှုံးနိမ့်မှာကို ကြောက်ရွံ့နေခြင်းဟာ တကယ်ရှုံးတဲ့အခါ နှစ်ခါနာပါတယ်။ ဘဝဆိုတာကို ပြိုင်ပွဲတစ်ခုလို သဘောထားမယ်ဆိုရင် အနိုင်နဲ့ အရှုံး နှစ်မျိုးပဲရှိတယ် မဟုတ်ပါလား။ နိုင်ချင်နိုင်မယ်။ မနိုင်ရင် သင်ခန်းစာတစ်ခုရမယ်ပေါ့။ ဘယ်အချိန်မှာနိုင်မယ် ဆိုတာကိုလည်း တိတိကျကျ မသိနိုင်ဘူးလေ။ ဒါပေမယ့် သေချာတာက အကြောက်တရားတွေကို ကျော်လွန်နိုင်မယ်ဆိုရင်တော့ နိုင်ဖို့ ရာခိုင်နှုန်းများပါတယ်။

Source: Youngisthan

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD