AD
AD
AD

နေ့စဉ်ဘဝအမောတွေ၊ သောကတွေကြောင့် အိပ်မပျော်ခြင်းဆိုတာ လူတိုင်းမှာရှိနိုင်ပါတယ်။ ညအိပ်မပျော်တဲ့အခါ လူတစ်ယောက်ဟာ ကိုယ်တွင်းဇီဝနာရီ အလုပ်လုပ်ဆောင်ပုံတွေ တိမ်းစောင်းချွတ်ချော်ပြီး နာမကျန်းဖြစ်ခြင်း၊ မအီမသာ ဖြစ်ခြင်းတို့ကို ခံစားရတတ်ပါတယ်။ ညအိပ်မပျော်တဲ့ ဝေဒနာရှိတယ်ဆိုရင် အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ လိုအပ်ပါတယ်။

play

 

တကယ်တော့ အိပ်မရတဲ့ရောဂါ၊ အိပ်ရခက်ခဲတဲ့ရောဂါဆိုတာ စိတ်နဲ့ဆိုင်ပြီး စိတ်ထဲမှာ တာဝန်တွေ၊ ဝတ္တရားတွေ၊ ပူပင်သောကတွေနဲ့ ဖိစီးနေတဲ့အခါ စိတ်က ပျော့ပျောင်းခြင်းမရှိဘဲ တင်းခံနေတတ်ပါတယ်။ ဒီတော့ ရလဒ်အနေနဲ့ အိပ်ရေးပျက်ခြင်း ဖြစ်ပေါ်လာရပါတယ်။

နှင်းဆီရေဟာ သဘာဝအော်ဂဲနစ် ဆေးရည်တစ်မျိုးလို့ ဆိုနိုင်ပြီး အိပ်ရခက်ခဲတဲ့ ဝေဒနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ အောက်မှာဖော်ပြထားတာကတော့ အိပ်မောကျအောင်ကူညီပေးနိုင်မယ့် နှင်းဆီရေ (rose water sleep spray) စပရေး ပြုလုပ်နည်းပဲဖြစ်ပါတယ်။

အကျိုးကျေးဇူးများ

play
 

နှင်းဆီရေ (rose water) ဆိုတာ သဘာဝအတိုင်း အိပ်စက်ခြင်းကိုလှုံ့ဆော်ပေးနိုင်တဲ့ ဆေးမြီးတိုတစ်မျိုးဖြစ်ပါတယ်။ နှင်းဆီရေဟာ စိတ်နှလုံးကိုတည်ငြိမ်စေပြီး စိတ်ဖိအားကို လျော့ကျစေတဲ့ ဂုဏ်သတ္တိ ရှိပါတယ်။ နှင်းဆီရေရဲ့ရနံ့ဟာ စိတ်ကိုကြည်လင်စေပြီး စိတ်သောကတွေကို လျော့ကျစေပါတယ်။

 

အကောင်းဆုံးအချက်တစ်ချက်ကတော့ သူ့မှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဘေးထွက်ဆိုးကျိုး မပါဝင်တဲ့အတွက် အန္တရာယ် မဖြစ်စေနိုင်သလို စွဲလမ်းစေခြင်းလည်း မရှိပါဘူး။ စိတ်ကိုတည်ငြိမ်စေတဲ့ ဂုဏ်သတ္တိကတော့ အိပ်ပျက်ညတွေကို ရင်ဆိုင်ဖို့ အကောင်းဆုံးပါပဲ။

ပြုလုပ်နည်း

play
 

ပါဝင်ပစ္စည်းတွေကတော့ နှင်းဆီပွင့်ချပ်တွေကို ရေနွေးနဲ့ပြုတ်ပြီး ရေစစ်ထားတာရယ်၊ နှင်းဆီ essential oil (၃) စက်လောက်ရယ်၊ ရေ (၁/၂) ခွက်ရယ် တို့ဖြစ်ကြပါတယ်။ စတင်ပြုလုပ်တော့မယ်ဆိုရင် အရင်ဆုံး ပန်းကန်တစ်လုံးထဲမှာ နှင်းဆီပြုတ်ရေရယ်၊ rose essential oil (၃) စက်လောက်ရယ်ကို ရောလိုက်ပါ။

သမအောင်ရောမွှေပြီးရင် ပေါင်းခံရေ (၁/၂) ခွက်ကို ပေါင်းထည့်လိုက်ပါ။ ရလာတဲ့ ပျော်ရည်ကို စပရေးဘူးလွတ်တစ်ဘူးထဲမှာ ထည့်လိုက်ပါ။ ခေါင်းအုံး၊ အိပ်ယာခင်းနဲ့ အခန်းထဲမှာ အဲဒီစပရေးနဲ့လိုက်မဖျန်းခင် ကောင်းကောင်းတော့ လှုပ်ခါပေးလိုက်ပါဦး။ သတိပြုရမှာတစ်ချက်က essential oil တွေကို ခန္ဓာကိုယ်ပေါ်မှာ တိုက်ရိုက်အသုံးမပြုခင် အရေပြားနဲ့ဓာတ်တည့်ခြင်းရှိမရှိ အရင်စစ်ဆေး ကြည့်လိုက်ပါဦး။

Source: theindianspot

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD