AD
AD
AD

တနင်္လာနေ့ဆိုတာ အလုပ်သမားတွေ၊ ဝန်ထမ်းတွေ၊ ကျောင်းသားတွေအတွက်တော့ အားလပ်ရက်တွေကုန်ဆုံးပြီး အလုပ်ခွင်ထဲကို၊ စာသင်ခန်းတွေထဲကို ပြန်ဝင်ရမယ့် နေ့ပဲဖြစ်ပါတယ်။ ဒီလိုနေ့မျိုးမှာ တချို့တွေကတော့ လန်းဆန်းသွက်လက်နေပြီး တချို့တွေကတော့ တစ်ပတ်လုံး အလုပ်လုပ်ရဦးမယ်၊ စာသင်ရဦးမယ် ဆိုတဲ့အသိနဲ့ မောပန်းနွမ်းလျနေကြပါတယ်။

play

 

ကျွန်တော်တို့အနေနဲ့ ရက်သတ္တပတ်ရဲ့ ပထမဆုံးနေ့ဖြစ်တဲ့ တနင်္လာနေ့မှာ လန်းဆန်းတက်ကြွနေမှသာ တစ်ပတ်တာ လုပ်ကိုင်ဆောင်ရွက် စရာများကို အားပြည့်အင်ပြည့်နဲ့ လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ တနင်္လာနေ့ မနက်မှာ လန်းဆန်းသွက်လက် တက်ကြွနေဖို့အတွက် ဒီအချက်လေးတွေကိုတော့ မှတ်သားထားဖို့ လိုပါတယ်နော်။

၁။ တနင်္ဂနွေနေ့ညမှာ စောစောအိပ်ပါ

play
 

တနင်္လာနေ့မှာ လန်းဆန်းသွက်လက်နေဖို့အတွက် စနေ၊ တနင်္ဂနွေပိတ်ရက်မှာ လုံလုံလောက်လောက် အနားယူထားဖို့လိုပါတယ်။ တနင်္ဂနွေနေ့ညမှာ အနည်းဆုံး (၉) နာရီလောက် အိပ်ထားခြင်းဖြင့်တနင်္လာနေ့မနက်မှာ အိပ်ရေးဝပြီး တက်ကြွလန်းဆန်းနေမှာပါ။ အားလပ်ရက်မှာ ကောင်းကောင်းအနားယူထားသူတစ်ယောက်ဟာ တနင်္လာနေ့မနက်ခင်းမှာ သေချာပေါက် လန်းဆန်းသွက်လက် နေမှာပါ။

၂။ တစ်ပတ်စာအချိန်ဇယား ဆွဲထားပါ

လူတော်တော်များများဟာ တနင်္လာနေ့ မနက်ပိုင်းတွေမှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေတတ်ပါတယ်။ တစ်ပတ်စာလုပ်စရာ ရှိတာတွေကို အားလပ်ရက်မှာ စာရင်းသတ်မှတ်ဇယားဆွဲထားခြင်းအားဖြင့် တနင်္လာနေ့ မနက်မှာ သင့်ကိုနိုးကြားလန်းဆန်း နေစေမှာပါ။ ဘာလို့လဲဆိုတော့ သင့်မှာလုပ်စရာတွေရှိတယ်ဆိုတဲ့အသိက သင့်ရဲ့စိတ်ကို နိုးကြားလှုံ့ဆော်နေလို့ပါပဲ။

၃။ အလုပ်မှာ ဘာလို့မပျော်သလဲ အဖြေရှာပါ

play
 

တနင်္လာနေ့မှ မဟုတ်ပါဘူး။ တချို့ရက်တွေမှာ အလုပ်လုပ်ရတာ မပျော်ရွှင်ပဲ ပျင်းရိသလိုခံစားနေရရင် ဘာကြောင့်လဲဆိုတာ အဖြေရှာကြည့်ပါ။ အလုပ်လုပ်ရတာ ငြီးငွေ့ပျင်းရိဖွယ်ကောင်းလာရင် အားလပ်ရက်ရှည် သို့မဟုတ် ခွင့်ရက်ရှည်တောင်းဆိုကြည့်ပါ။ တစ်ခါတစ်ရံ အလုပ်တွေပြီးချိန်မှာ ဝါသနာပါတဲ့အရာ အသစ်အဆန်း အရာတစ်ခုခုကို လုပ်ဆောင်ကြည့်ခြင်းဖြင့်လည်း သင့်ရဲ့စိတ်ဖိအားတွေကို အထိုက်အလျောက် လျော့ကျစေမှာပါ။

 

၎။ အားလပ်ရက်မှာ အလုပ်နဲ့သက်ဆိုင်တာတွေကို ရှောင်ပါ

အားလပ်ရက်မှာ အပြည့်အဝအပန်းမပြေခဲ့တဲ့ အချက်တွေထဲက တစ်ချက်ကတော့ အားလပ်ရက်တွေမှာပါ အလုပ်နဲ့ ပတ်သတ်တာတွေကို သင်လုပ်နေခဲ့လို့ပါပဲ။ အီးမေးလ်တွေဖတ်ခြင်းတို့၊ အလုပ်နဲ့ဆက်နွယ်တဲ့ အခြားအရာတွေကို လုပ်ဆောင်နေခြင်းတို့ဟာ စိတ်ပင်ပန်းနွမ်းလျစေပါတယ်။

အလုပ်ကြိုးစားတာဟာ မမှားဘူးဆိုပေမယ့်လည်း အားလပ်ရက်တွေမှာ ကိုယ်ပိုင်အချိန်နဲ့ အနားယူချိန်တွေ အပြည့်အဝမရရှိခဲ့ဘူး ဆိုရင်တော့သင်ဟာ တနင်္လာနေ့မနက်မှာ အားအင်ကုန်ခမ်းပြီး စိတ်ပင်ပန်းနွမ်းလျနေပါလိမ့်မယ်။

၅။ အလုပ်အတွက် အသင့်လျော်ဆုံး ဝတ်စုံကိုဝတ်ဆင်ပါ

play
 

တနင်္လာနေ့မနက်မှာ သင့်ရဲ့ဝတ်စုံများထဲမှာ အကောင်းဆုံးနဲ့ အသင့်လျော်ဆုံး ၀တ်စုံကို ရွေးချယ်ဝတ်ဆင်ကြည့်ပါ။ ဝတ်စုံတွေဟာ လူတွေရဲ့ အမြင်တွေ အရည်အချင်းတွေအပေါ်သက်ရောက်မှုရှိသလို တနင်္လာနေ့မှာ သင့်ရဲ့အကောင်းဆုံး အဝတ်အစားကို ဝတ်ဆင်ခြင်းအားဖြင့် ကိုယ့်ကိုကိုယ်ယုံကြည်မှုပိုစေသလို၊ စိတ်ကိုလည်း နိုးကြားလန်းဆန်းတက်ကြွစေပါတယ်။

Source : Lifehack

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD