AD
AD
AD

ဘ၀မှာ ကျရှုံးခြင်းကို ဘယ်သူမှ မလိုချင်ကြပါဘူး။ လူတိုင်းဟာ အောင်မြင်ချင်ကြတယ်။ မကျရှုံးချင်ဘူး။ ဒီတော့ အရှုံးကို လက်မခံနိုင်ကြဘူး။ အရှုံးကိုကြောက်နေရင်တော့ ဘယ်တော့မှ အနိုင်ရမှာ မဟုတ်ပါဘူး။ ဟုတ်ပါတယ် ... အနိုင်ရဖို့အတွက် အရှုံးကိုလက်ခံပြီး အရှုံးထဲကနေ အမြတ်ထုတ်ကာ နောက်တစ်ကြိမ်ထပ်ကြိုးစားကြည့်တတ်ဖို့ လိုပါတယ်။ အရှုံးထဲကနေပြီး ဘာတွေအမြတ်ထုတ်လို့ ရနိုင်သလဲဆိုတော့ ...

၁။ ကိုယ်ဘယ်နေရာ ရောက်နေလဲ သိရတယ်

play
 

တစ်ခါတလေမှာ လူတွေဟာ မိမိကိုယ်ကို အထင်ကြီးတဲ့စိတ်တွေ၊ အတ္တတွေ၊ မာနတွေနဲ့ ကိုယ်တကယ်လုပ်နိုင်စွမ်းကို မသိကြပါဘူး။ ကျရှုံးသွားတဲ့ အချိန်ကျမှ ကိုယ်တကယ် အဟုတ်ကြီး ထင်နေတာတွေက မှားနေတာကို သိရတာပါ။ ဒါကြောင့်လည်း စာသင်ကျောင်းတွေမှာ အတန်းတင်စာမေးပွဲမလာခင် ကိုယ့်အခြေအနေကိုယ် သိကြရအောင် အစမ်းစာမေးပွဲလေးတွေ စစ်မေးကြတာပေါ့။

၂။ သင်ခန်းစာတွေ ရပါတယ်

ကျရှုံးသွားတဲ့အခါ ကျွန်တော်တို့ သင်ခန်းစာတွေရပါတယ်။ အဲဒီသင်ခန်းစာတွေကလည်း တန်ဖိုးဖြတ်လို့ မရပါဘူး။ အက်ဒီဆင်ရဲ့ စကားနဲ့ ပြောရရင် သင်ကျရှုံးသွားတာမဟုတ်ပါဘူး။ အလုပ်မဖြစ်တဲ့ နည်းလမ်းသစ်တစ်ခုကို တွေ့ရှိရတာပါတဲ့။ အဲဒီနည်းလမ်းကို နောက်တစ်ကြိမ် ထပ်မသုံးမိဖို့တော့ လိုတာပေါ့။

 

၃။ လဲရင် ပြန်ထရမယ်

play
 

အောင်မြင်သူတိုင်း ဘဝမှာ တစ်ခါတော့ အနည်းဆုံး ကျရှုံးဖူးကြတာပါပဲ။ ကမ္ဘာကျော် ပုဂ္ဂိုလ်တွေအပါအဝင်ပေါ့။ ဒါပေမယ့် သူတို့တွေလည်း ပြန်လည်ကြိုးစားပြီး အောင်မြင်ခဲ့ကြတာပဲ။ အက်ဒီဆင်တောင် လျှပ်စစ်မီးသီးကိုတီထွင်ဖို့ အကြိမ် (၁၀၀၀) ခန့် ကြိုးစားခဲ့ရပါတယ်။ အရေးကြီးတာက နောက်တစ်ကြိမ်မှာ တူညီတဲ့အမှားမျိုး ပြန်မလုပ်မိဖို့ပါပဲ။

၎။ သင့်ကိုသန်မာစေပါတယ်

အခြေအနေကောင်းနေတဲ့အချိန်မှာ လူတိုင်းက သူရဲကောင်းပါပဲ။ ကျရှုံးတဲ့အချိန်ရောက်မှ အတွေးအခေါ်တွေပြောင်းပြီး စိတ်ထားတွေ၊ ခံယူချက်တွေ ပြောင်းလဲသွားကြတာပါ။ ဒါကို မပြောင်းလဲဘဲ တောင့်ခံနိုင်မှသာ စိတ်ဓာတ်ခိုင်မာပြီး အတွေ့အကြုံရင့်သန်တဲ့ အောင်မြင်သူတစ်ယောက် ဖြစ်လာမှာပါ။

၅။ အတွေ့အကြုံ ရပါတယ်

play
 

ကျရှုံးခြင်းကရတဲ့ အတွေ့အကြုံတွေဟာ ဘာနဲ့မှမလဲနိုင်အောင် တန်ဖိုးရှိပါတယ်။ သင်ဟာလုပ်ငန်းတစ်ခုမှာ ရှုံးနိမ့်သွားခဲ့ရင်တောင် အခုမှ အဲဒီလုပ်ငန်းကို စလုပ်မယ့်သူတွေထက်တော့ သာလွန်နေဆဲပါပဲ။ အခုမှ စလုပ်မယ့်သူတွေထက် သင့်မှာနောက်တစ်ကြိမ် ကြိုးစားဖို့အတွက် အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ အပြည့်ရရှိထားပါတယ်။ ဒါတွေက သင့်အတွက် တန်ဖိုးဖြတ်လို့ မရတဲ့ဆုလာဘ်တွေပါပဲ။

Source : LifeHack

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD