AD
AD
AD

အရပ်ထဲမှာ နောက်ပြောင်နေကြတဲ့ စကားတစ်ခွန်းတောင် ရှိပါသေးတယ်။ "သေတောင်ကိုယ့်နောက်ပါမှာ တက်တူးပဲရှိတယ်" လို့။ တကယ်တော့ တက်တူး (tatoo) ဆိုတာ မိမိရဲ့အရေပြားကို ပန်းချီကားချပ်တစ်ခုလို သဘောထားပြီး ဆေးရောင်လေးတွေနဲ့ အလှဆင်ကြတဲ့ အနုပညာတစ်မျိုးဖြစ်ပါတယ်။

play

 

ဟိုးတုံးက တက်တူးထိုးပြီးရင် ပြန်ဖျက်မရဘူးဆိုပေမယ့် ဒီနေ့ခေတ်မှာတော့ လေဆာနဲ့ပဲ တက်တူးထိုးပြီး လေဆာနဲ့ပဲ ပြန်ဖျက်လို့ရတဲ့ တက်တူးတွေ ပေါ်ပေါက်နေပါပြီ။ ဒီနေ့မှာတော့ အလွန်ရိုးရှင်းပြီး နောက်ကွယ်မှာ အဓိပ္ပာယ်တွေနဲ့ ပြည့်နှက်နေတဲ့ တက်တူးဒီဇိုင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ SemiColon တက်တူး

play
 

အင်္ဂလိပ်စာမှာတော့ semicolon ( ; ) ဟာ ဝါကျတစ်ကြောင်း အဆုံးသတ်သင့်ပေမယ့် အဆုံးမသတ်နိုင်သေးတဲ့ အချိန်မှာ အသုံးပြုပါတယ်။ ၂၀၁၅ ခုနှစ်တုံးက Instagram ပေါ်မှာ #SemicolonProject ဆိုတဲ့ အင်တာနက် trend တစ်ခု နာမည်ကြီးခဲ့ ပါသေးတယ်။ စိတ်ပိုင်းဆိုင်ရာ မကျန်းမာမှုနဲ့ မိမိကိုယ်ကို အဆုံးစီရင်လိုစိတ်တွေကြားမှာ ရုန်းကန်နေရတဲ့ လူတွေကြားမှာတော့ ဒီတက်တူးလေးက လူကြိုက်များခဲ့ပါတယ်။

၂။ စက္ကူစွန် တက်တူး

play
 

ရိုးရှင်းလွယ်ကူတဲ့ ဒီတက်တူးလေးကတော့ စိတ်ကူးယဉ်တတ်သူ၊ ကဗျာလေးတွေကို နှစ်သက်သူတွေကြားမှာ နာမည်ကြီးပါတယ်။ လူငယ်ဘဝ လွတ်လပ်ခြင်းရဲ့ သင်္ကေတတစ်ခုဖြစ်သလို အမြင့်ဆီကို ပျံသန်းသွားနိုင်ဖို့ စိတ်ကူးစိတ်သန်းတွေကို ပေးစွမ်းပါတယ်။

၃။ သံလိုက်အိမ်မြှောင်ပုံ တက်တူး

play
 

"လှည့်လည်သွားလာသူတိုင်း လမ်းမပျောက်ပါဘူး" ဆိုတဲ့ စကားအတိုင်းပါပဲ။ ဒီတက်တူးလေးကတော့ စွန့်စားလိုစိတ်နဲ့ ရှာဖွေစူးစမ်း ချင်စိတ်ကို ပုံဖော်ထားတာပါ။ ရိုးရှင်းတဲ့ ဒီတက်တူးလေးက ဘဝမှာ ဘယ်လိုပဲလမ်းပျောက်နေပါစေ နောက်ဆုံးမှာ အိမ်ရှိရာကို တန်းတန်းမတ်မတ်ရောက်အောင် လမ်းပြပေးနိုင်တဲ့ သံလိုက်အိမ်မြှောင်လို စိတ်ရင်းရှိရမယ်လို့ သတိပေးနေပါတယ်။

 

၎။ လခြမ်းပုံတက်တူး

play
 

လခြမ်းပုံတက်တူးလေးကတော့ ထိုးရတာလွယ်ကူရိုးရှင်းတဲ့အပြင် ကြည့်လို့လည်းကောင်းပါတယ်။ နောက်ပြီး လခြမ်းပုံ အမှတ်အသားလေးက လူ့သဘာဝရဲ့ အလင်းနဲ့အမှောင်ဆိုတဲ့ အခြမ်းနှစ်ခြမ်းကို သရုပ်ဖော်ပြနေပါတယ်။ လခြမ်းဆိုတာက လပြည့်ကနေလာသလို လပြည့်ကိုပဲ ပြန်သွားပါတယ်။ ဒီတက်တူးလေးထိုးထားရင် လျှို့ဝှက်ဆန်းကြယ်မှုကို ပေါ်လွင်ထင်ရှားစွာ ဖော်ပြနေပါတယ်။

၅။ ကမ္ဘာ့မြေပုံတက်တူး

play
 

ခရီးသွားရတာကို အထူးဝါသနာထုံပြီး ကမ္ဘာကြီးကို စူးစမ်းလေ့လာချင်သူတွေအတွက်တော့ ဒီလိုတက်တူးမျိုးလေးက ရိုးရှင်းစွာ သင့်တော်တဲ့ တက်တူးမျိုးလေးပါ။ တက်တူး sketch လေးက ရိုးရှင်းရုံသာမက ကမ္ဘာကြီးတစ်ခုလုံးကို ပုံတစ်ပုံတည်းနဲ့ ဖော်ပြထားတာပါ။ နောက်ပြီး ကျယ်ပြောလှတဲ့ ကမ္ဘာကြီးထဲမှာ လူသားတစ်ယောက်အဖြစ် ရပ်တည်ရတာ ဘယ်လောက်သေးငယ်လဲ ဆိုတာကိုလည်း ဖော်ပြနေပါတယ်။

၆။ Serotonin (စီရိုတိုနင်) တက်တူး

play
 

Serotonin (စီရိုတိုနင်) ဟာ အာရုံကြောဆဲလ်တွေကြားမှာ သတင်းပို့ပေးတဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်ပြီး ဦးနှောက်ထဲမှာ ပျော်ရွှင်မှုနဲ့ ကျန်းမာမှုကို ဖြစ်စေတဲ့ ခံစားချက်တွေကို ထုတ်လွှတ်ပေးပါတယ်။ Serotonin (စီရိုတိုနင်) ရဲ့ ဓာတုဗေဒဖွဲ့စည်းပုံကို တက်တူးထိုးထားတာက ဘဝရဲ့ပိုမိုကောင်းမွန်တဲ့ အခြမ်းကို ရှုမြင်နိုင်အောင် သတိပေးနေသလိုပါပဲ။

၇။ မူပိုင်ခွင့်ပုံတက်တူး

play
 

မူပိုင်ခွင့်သင်္ကေတဘေးမှာ မိမိရဲ့မွေးသက္ကရာဇ်နဲ့တွဲပြီး တက်တူးထိုးတာက အရမ်းမိုက်တဲ့ အိုင်ဒီယာတစ်ခုပါ။ ဒီတက်တူး ဒီဇိုင်းမျိုးတွေ ခေတ်စားလာတာက ၂၀၁၄ နှစ်ကုန်ပိုင်းလောက်မှာပါ။ ကမ္ဘာကျော်အဆိုတော် တေလာဆွဖ် (Taylor Swift) က သူ့ရဲ့ မွေးသက္ကရာဇ်ဖြစ်တဲ့ ၁၉၈၉ ခုနှစ်ကို အယ်လ်ဘမ်နာမည်အဖြစ် ပေးခဲ့တုံးက ဒီလိုတက်တူးမျိုးတွေ ခေတ်စားခဲ့ပါသေးတယ်။ တစ်ခုတော့ ရှိတာပေါ့။ အသက်ကြီးလာတဲ့အခါ ကိုယ့်အသက်ကိုယ် လိမ်လို့မရတော့ဘူးပေါ့။

Source: standardnews

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD