လူတိုင်းလူတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ဆွဲဆောင်မှုတွေ ရှိကြပါတယ်။ တချို့လူတွေက တည်ငြိမ်အေးဆေးတဲ့ လူကိုမှ ဆွဲဆောင်မှုရှိတယ်လို့ မြင်ကြသလို တချို့လူတွေကတော့ သွက်သွက်လက်လက်နဲ့ ဟာသတွေပြောနေတတ်တဲ့သူကိုမှ ဆွဲဆောင်မှုရှိတယ်လို့ မြင်တတ်ကြပါတယ်။ ယနေ့ဖော်ပြပေးမှာကတော့ ရာသီခွင်အလိုက် လူတွေကို ဆွဲဆောင်နိုင်စွမ်း ဘယ်လိုရှိတယ်ဆိုတာပါပဲ။

၁။ မိဿ (Aries)

play
 

မိဿရာသီဖွားတွေဟာ မိတ်ဆွေသူငယ်ချင်းကောင်းတွေကို ပိုင်ဆိုင်ထားပါတယ်။ လူတွေက မိဿရာသီဖွားတွေကို ဆွဲဆောင်မှုရှိတယ်လို့ ရှုမြင်ရတဲ့အကြောင်းရင်းက သူတို့ရဲ့ စိတ်အားထက်သန်မှုကြောင့်ပဲ ဖြစ်ပါတယ်။ ဘာကိုပဲလုပ်လုပ် အမြဲလိုလို တက်ကြွနေတတ်ပြီး စိတ်အားထက်သန်မှုရှိတဲ့ ရာသီဖွားတွေအတွက် လူတွေက နှစ်သက်ကြပါတယ်။

၂။ ပြိဿ (Taurus)

play
 

ပြိဿ (Taurus) ရာသီဖွားတွေကတော့ ကြင်နာတတ်သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ ကရုဏာကြီးမှုနဲ့ ကိုယ်ချင်းစာနာစိတ်တို့က လူတွေကို ဆွဲဆောင်နိုင်တာပါ။ ဘာပဲပြောပြော ကိုယ့်ရဲ့ခံစားချက်တွေကို နားလည်ပေးမယ့်၊ ကိုယ်ချင်းစာပေးမယ့် လူတစ်ယောက် ကိုယ့်အနားမှာရှိနေတာ ပိုကောင်းတယ်မဟုတ်လား။

၃။ မေထုန် (Gemini)

မေထုန်ရာသီဖွားတွေကတော့ ဉာဏ်ပညာထက်မြက်တဲ့အတွက် လူတွေက နှစ်သက်ကြပါတယ်။ ဉာဏ်ကောင်းတဲ့အတွက် ဘယ်အချိန်မှာ ဘယ်စကားပြောသင့်တယ်ဆိုတာကို သိသလို ဟာသဉာဏ်ကို ဘယ်လိုအကောင်းဆုံး အသုံးချရမယ်ဆိုတာကိုလည်း သိပါတယ်။ နောက်ပြီး ကိုယ့်မွေးနေ့တွေနဲ့ အထူးနေ့ရက်တွေကို အမြဲမှတ်မိနေမယ့် လူမျိုးကို ဘယ်သူမနှစ်သက်ဘဲ ရှိမလဲ။

၎။ ကရကဋ် (Cancer)

ကရကဋ်ရာသီဖွားတွေကတော့ လူတွေမထင်မှတ်ထားတဲ့အချိန်မှာ မထင်မှတ်ထားတဲ့ အရာတွေကို လုပ်တတ်တဲ့အတွက် လူသိများပါတယ်။ ခန့်မှန်းရခက်တဲ့ အမူအကျင့်ကိုက ကရကဋ်ရာသီဖွားတွေကို ဆွဲဆောင်မှုရှိစေပါတယ်။

၅။ သိဟ် (Leo)

play
 

သိဟ်ရာသီဖွားတွေကတော့ အမှီအခိုကင်းမဲ့တဲ့ သူတွေဖြစ်ပါတယ်။ သိဟ်ရာသီဖွားတွေရဲ့ အမှီအခိုကင်းပြီး ခက်ခဲတဲ့အခြေအနေတွေကနေ ဘယ်လိုရုန်းထွက်ရမလဲ ကောင်းကောင်းသိခြင်းက သူတို့ကို ဆွဲဆောင်မှုရှိစေတာပါ။ လူတွေက သိဟ်ရာသီဖွားတွေရဲ့ အကောင်းမြင်စိတ်နဲ့ ရဲရင့်မှုတွေကြောင့် ပေါင်းသင်းချင်ကြတာပါ။

၆။ ကန် (Virgo)

ကန်ရာသီဖွားတွေကတော့ ပွင့်လင်းရိုးသားသူများ ဖြစ်တဲ့အတွက် တစ်ခါတလေမှာ ရိုင်းတယ်လို့တောင် အထင်ခံရတတ်ပါတယ်။ ဒါပေမယ့် လူတွေက ကန်ရာသီဖွားတွေရဲ့ ဒဲ့ထိုးပြောတတ်တာနဲ့ ပွင့်လင်းရိုးရာတာကို နှစ်သက်ကြပါလိမ့်မယ်။ အထူးသဖြင့် ကန်ရာသီဖွား မိန်းကလေးတွေဆိုရင် ပွင့်လင်းရိုးသားတဲ့အတွက် ချစ်စရာကောင်းနေတတ်ပါတယ်။

 

၇။ တူ (Libra)

play
 

တူရာသီဖွားတွေကတော့ ဟာသဉာဏ်ရွှင်ပါတယ်။ လူတွေကို ရယ်အောင်လုပ်ပေးတတ်တဲ့အပြင် ကိုယ်ကိုယ်တိုင်လည်း အမြဲလိုလို ရယ်နေတတ်တော့ လူချစ်လူခင်များတာပေါ့။ ဟာသဉာဏ်ရှိခြင်းဟာ လူတွေကို အဆွဲဆောင်နိုင်ဆုံး အရာတစ်ခုဆိုတာကတော့ ပြောနေဖို့တောင် လိုမယ်မထင်ပါဘူး။

၈။ ဗြိစ္ဆာ (Scorpio)

ဗြိစ္ဆာရာသီဖွားတွေကတော့ ဒရာမာအရမ်းဆန်ပါတယ်။ ဒရာမာဆန်တာနဲ့အတူ စိတ်ခံစားလွယ်ခြင်းကလည်း တွဲပါနေတာပေါ့။ လူတွေက သူတို့ရဲ့ စိတ်ခံစားလွယ်တတ်တဲ့ အမူအကျင့်ကို နှစ်သက်စွာ ပေါင်းသင်းကြတာပါ။

၉။ ဓနု (Sagitarius)

ှဓနုရာသီဖွားတွေကတော့ စိတ်ရင်းကောင်းသူတွေပါ။ သူများတွေအပေါ် စေတနာ၊ မေတ္တာထားတတ်လွန်းလို့ လူတွေကလည်း ပြန်ပြီး မေတ္တာထားတတ်ကြပါတယ်။ သူတို့နဲ့ပေါင်းသင်းရတာ မေတ္တာ၊ စေတနာတွေနဲ့ ထုံမွမ်းပြီး အေးချမ်းနေတတ်ပါတယ်။

၁၀။ မကာရ (Capricorn)

play
 

မကာရရာသီဖွားတွေကတော့ စဆရကပုံ နည်းနည်းပေါ်ပါတယ်။ စကားနည်းပြီး အေးဆေးပေမယ့် ပြောပြီဆိုရင်လည်း ထိထိမိမိ ချက်ကျလက်ကျ ပြောတတ်ပါတယ်။ လျှို့ဝှက်ဆန်းကြယ်မှုနဲ့ စကားနည်းမှုက မကာရ ရာသီဖွားတွေကို ဆွဲဆောင်မှုရှိစေပါတယ်။

၁၁။ ကုံ (Aquarius)

ကုံရာသီဖွားတွေကတော့ ဗီဇထဲမှာ စွန့်စားလိုစိတ်၊ စူးစမ်းလိုစိတ် ပြည့်နေတဲ့သူတွေ ဖြစ်ပါတယ်။ သူများလျှောက်တတ်တဲ့ လမ်းဟောင်းကြီးအတိုင်း လိုက်လျှောက်ရတာထက် လမ်းသစ်ဖောက်ရတာကို ပိုမိုနှစ်သက်ကြပါတယ်။ သူတို့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကပဲ သူတို့ကို ဆွဲဆောင်မှုရှိစေတာပါ။

၁၂။ မိန် (Pisces)

မိန်ရာသီဖွားတွေကတော့ ကိုယ်ပိုင်ကမ္ဘာထဲမှာပဲ နေတတ်ပါတယ်။ စိတ်ကူးယဉ်အလွန်ဆန်ပြီး လူအုပ်ကြားမှာ ရောက်နေရင်တောင် စိတ်ကူးယဉ်နေတတ်ပါတယ်။ ဘေးနားကလူတွေက သူတို့စိတ်ထဲမှာ ဘာဖြစ်နေလဲကို သိချင်ကြပါတယ်။ စိတ်ကူးယဉ်ဆန်ခြင်းနဲ့ အပြစ်ကင်းစင်ခြင်းတို့က မိန်ရာသီဖွားတွေကို ဆွဲဆောင်မှုရှိစေပါတယ်။

Source: Youngisthan

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video