AD
AD
AD

စိတ်ဖိစီးမှုတွေ၊ တာဝန်တွေကြောင့် လုပ်ငန်းခွင်ထဲမှာ အဆင်မပြေဖြစ်တာမျိုးတွေက အမြဲ ကြုံတွေ့ရလေ့ရှိနေကြတယ်။ ဆင့်ပွားအကျိုးဆက်တွေ အနေနဲ့ဆိုရင် လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရေးပျက်စီးလာတာ၊ အကြီးအကဲက ကိုယ့်ကို အမိန့်နာခံမှုမရှိတော့ဘူးလို့ အထင်လွဲတာမျိုးအထိ ဖြစ်လာရော။ ဒီလိုတွေ မကြုံတွေ့ရအောင်၊ အလုပ်ခွင်အတွင်းမှာလည်း တစ်နေ့တာလုံး အဆင်ပြေပြေနဲ့ တက်ကြွရွှင်လန်းစွာလုပ်နိုင်ဖို့ ဘာတွေလုပ်ရမလဲဆိုတာကို ဖော်ပြလိုက်တယ်နော်။

၁။ လုပ်ဖော်ကိုင်ဖက်ကောင်းရှိပါစေ

play

 

ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ လုပ်ဖော်ကိုင်ဖက်မျိုး ရှိနေတာက လုပ်ငန်းခွင်အတွင်းက စိတ်ဖိစီးမှုတွေကို လျော့ကျစေပါတယ်။ ဒီအချက်က ရိုးရှင်းပါတယ်။ တစ်ဦးနဲ့တစ်ဦး ခင်မင်ရင်းနှီးစွာ ဆက်ဆံပေါင်းသင်းခြင်းက အလုပ်ခွင်မှာ ပူးပေါင်းဆောင်ရွက်နိုင်မှုကို အားကောင်းစေပြီးတော့ အပေါင်းလက္ခဏာဆန်တဲ့ မိမိပုံရိပ်ကိုပါ မြှင့်တင်ပေးနိုင်မှာပါ။ အမြဲတမ်းလိုလို ရယ်မောပျော်ရွှင်နေတဲ့ ကိုယ့်ပတ်ဝန်းကျင်က တာဝန်တွေကို ကျေပွန်စေတဲ့အပြင် စိတ်ပိုင်းဆိုင်ရာခွန်အားတွေကိုပါ ပေးစွမ်းနိုင်ပါတယ်။

 

၂။ ကိုယ်ရေးကိုယ်တာကိစ္စများ ယူမလာပါနှင့်

play

 

လုပ်ငန်းခွင် နဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ကဏ္ဍခွဲခြားနိုင်ဖို့ အရေးကြီးပါတယ်။ ဘယ်လိုလူမျိုးမှာမှ ကိုယ်ရေးကိုယ်တာ ပြသနာကင်းစင်တယ်ဆိုတာ မရှိဘူးလေ။ ဒါကြောင့်မို့လို့ သင့်ရဲ့ အိမ်တွင်းရေးပြသနာတွေ၊ ကိုယ်ရေးကိုယ်တာ ပြသနာတွေကို အိမ်မှာပဲထားခဲ့၊ အပြင်မှာပဲ ထားခဲ့ဖို့လိုပါတယ်။ လုပ်ငန်းခွင်အတွင်း ရောက်ပြီဆိုတာနဲ့ ကိုယ့်ရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ငန်းပိုင်း ဆိုင်ရာတိုးတက်ဖို့ပဲ အာရုံစိုက်တာ အကောင်းဆုံးပါ။

၃။ အချိန်အနည်းငယ် အနားယူပါ

Tea-Time ပေးတဲ့ အချိန်မျိုးမှာ အပြည့်အ၀အနားယူပါ။ ဒီလိုအချိန်မျိုးမှာ တနေ့တာ မိမိလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ဖို့ အခွင့်အရေးပါပဲ။ ဘာတွေလုပ်ဖို့လိုအပ်နေသေးလဲ၊ ဘာတွေပြီးမြောက်ခဲ့ပြီလဲ တွေးတောဖို့အကောင်းဆုံးအချိန်ပါပဲ။ အနည်းဆုံးတော့ ထိုင်နေရာကနေ ထပြီး လမ်းလျှောက်မိတာနဲ့တင် အကြောအခြင်တွေပြေလျော့ပြီး သက်တောင့်သက်သာရှိမှုကို ခံစားရမယ်လေ။

Postby

 

၎။ သီချင်းနားထောင်ပါ

သီချင်းနားထောင်ရင်း အလုပ်လုပ်လို့ရတာမျိုးဆို အကောင်းဆုံးပါပဲ။ စိတ်တက်ကြွလန်းဆန်းမှုရှိစေသလို ပျင်းရိငြီးငွေ့ခြင်းကိုလည်း လျော့ပါးစေပါတယ်။ တကယ်ဆိုရင် သီချင်းနားထောင်ခြင်းကလည်း သင့်အတွက်အကောင်းဆုံး လုပ်ဖော်ကိုင်ဖက်တစ်ဦးလို့တောင် ညွှန်းလို့ရပါတယ်။

၅။ မိမိနေရာကို သန့်ရှင်းရေးလုပ်ပါ

play

 

ဖုံတွေတင်နေတဲ့ ကွန်ပျူတာ၊ လက်ပ်တော့တွေက သင့်စိတ်ကို နောက်ကျိစေပါတယ်။ သန့်ရှင်းနေတဲ့ သင့် အလုပ်စားပွဲက တစ်နေ့တာလုံး အလုပ်လုပ်ကိုင်ဖို့အတွက် အားအင်တွေကို ပေးစွမ်းနိုင်ပါတယ်။ ညစ်ပတ်ပေကျံနေတဲ့ အလုပ်စားပွဲက ကိုယ့်ကို ဘယ်လိုများ အလုပ်လုပ်ချင်စိတ်ကို တွန်းအားပေးနိုင်ပါ့မလဲ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD