သူငယ်ချင်းတွေနဲ့ ချိန်းထားပြီးမှ အစီအစဉ်ပျက်သွားလို့ တစ်ယောက်တည်းကြိတ်ပျော်နေတာမျိုး ဖြစ်ဖူးလား။ အပေါင်းအသင်းတွေကို မက်မောတယ်ဆိုတဲ့ လူတွေမှာတောင် တစ်ယောက်တည်း နေချင်တဲ့အချိန်ဆိုတာ ရှိစမြဲပါ။ လေ့လာမှုအသစ်တစ်ခုအရ တစ်ယောက်တည်းနေတဲ့ အချိန်တွေဟာ ဖန်တီးမှုတွေပိုကောင်းလာစေတယ်လို့ ဆိုပါတယ်။

play

 

ဒီလေ့လာမှုကိုတော့ Buffalo တက္ကသိုလ်က စိတ်ပညာရှင်တွေက ပြုလုပ်ခဲ့တာဖြစ်ပြီး Personality and Individual Differences ဂျာနယ်မှာ ဖော်ပြခဲ့တာပါ။ ဆိုရှယ်ကျကျ မနေတတ်ခြင်းဟာ အကောင်းဆုံးဖန်တီးမှုတွေနဲ့ ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ လေ့လာမှုမှာ လူ ၂၉၅ ဦး ပါဝင်ခဲ့ပြီး သူတို့ကို မေးမြန်းခဲ့တာပါ။

 

play

 

ဆိုရှယ်ကျကျ မနေတတ်ခြင်းဟာ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ လူကြောက်လို့၊ ရှက်လို့ စတာတွေလည်း ရှိသလို ကုန်ကျစရိတ်ကို ကြိုတွေးပြီး မသွားချင်မလာချင်တာမျိုးလည်းရှိတယ်။ အဲ့ဒီအခါ ကွန်ပျူတာရှေ့မှာ ထိုင်နေတာမျိုး၊ စာဖတ်နေတာမျိုး ပိုလုပ်ဖြစ်သွားရင် ဖန်တီးနိုင်မှုတွေ ပိုတိုးတက်လာမှာဖြစ်ပါတယ်။ လူတွေနဲ့တွေ့ရမှာကို မကြိုက်တာမျိုး ၊ ကြောက်တာမျိုး မဟုတ်ဘဲ ကိုယ်ပိုင်သီးသန့်အချိန်တွေ ထားရှိခြင်းဟာ ဖန်တီးမှုတွေ ပိုကောင်းလာစေတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

Source : Stylist

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video