AD
AD
AD

လူချစ်လူခင်ပေါများခြင်းမှာ ကောင်းကျိုးတွေ အများကြီးရှိပါတယ်။ မိတ်ဆွေပေါများခြင်းဖြင့် အသင်းအဖွဲ့နဲ့ လုပ်ကိုင်ရတဲ့ အလုပ်တွေမှာ အဆင်ပြေချောမွေ့ပြီး ပျော်စရာကောင်းတဲ့ လုပ်ငန်းခွင်၊ ပျော်စရာကောင်းတဲ့ လူမှုပတ်ဝန်းကျင်တစ်ခုကိုလည်း တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ လူချင်လူခင်ပေါတဲ့လူဟာ ဘဝမှာ အခက်အခဲကြုံရင်လည်း မိတ်ဆွေကောင်းတွေရဲ့ အကူအညီနဲ့ အခက်အခဲတွေကို ပိုမိုလွယ်ကူစွာ ကျော်လွှားနိုင်မှာပါ။ လူချစ်လူခင်ပေါများအောင် ဘယ်လိုလုပ်ယူရမလဲဆိုတော့...

၁။ အခြားလူတွေအပေါ် စိတ်ဝင်စားမှုရှိပါစေ

play
 

လူဆိုတဲ့အမျိုးက အတ္တဟိတဝါဒီသမားတွေပါ။ တစ်ခုခုဆို ကိုယ့်အတ္တကိုသာ ရှေ့တန်းတင်သူတွေ များပါတယ်။ ကိုယ့်ဆန္ဒကို အခြားလူတွေ စိတ်ဝင်စားလာအောင် (၂) နှစ်လောက်ကြိုးစားတာထက် အခြားလူတွေရဲ့ လိုအင်ဆန္ဒတွေကို နှစ်လလောက် သေချာနားလည် သဘောပေါက်အောင် ကြိုးစားကြည့်ပါက၊ ကိုယ်ချင်းစာပေးတတ်ပါက မိတ်ဆွေတွေ ပေါများလာတာကို တွေ့ရှိရပါလိမ့်မယ်။

၂။ ပြုံးပါ

play
 

ပြုံးခြင်းဟာ ပြုံးလိုက်တဲ့လူအတွက် ဘာမှမကုန်သွားပေမယ့် အပြုံးပြခံလိုက်ရတဲ့လူ အတွက်ကတော့ ချစ်ခြင်းမေတ္တာ၊ ခင်မင်ခြင်း၊ နှစ်သက်ခြင်း စတဲ့ ခံစားချက်တွေကို ရရှိစေပါတယ်။ နောက်ပြီး အပြုံးဆိုတာ နှစ်လိုဖွယ်ကောင်းခြင်းရဲ့ သင်္ကေတလည်း ဖြစ်တဲ့အတွက် လူချစ်လူခင်ပေါများချင်ရင် ပြုံးပြုံးလေးနေတတ်ဖို့တော့ လိုပါတယ်။

 

၃။ နာမည်ခေါ်ပြီး နှုတ်ဆက်စကားပြောပါ

လူတစ်ယောက်အတွက် အသာယာဆုံးအသံမှာ အခြားလူတစ်ယောက်က မိမိနာမည်ကို အလေးအနက်ထားပြီး ခေါ်လိုက်တဲ့အသံကို ကြားလိုက်ရတာပဲ ဖြစ်ပါတယ်။ တစ်ခါပဲ ကြုံဖူးတဲ့သူတွေရဲ့ နာမည်တွေကိုတောင် ဂရုတစိုက်မှတ်သားထားပြီး နှုတ်ခွန်းဆက်စကား ဆိုတတ်ခြင်းဖြင့် ခင်မင်သူတွေ ပေါများလာမှာ ဖြစ်ပါတယ်။

၎။ ဂရုတစိုက်နားထောင်ပါ

play
 

စကားပြောနေချိန်မှာ ဖြတ်မပြောဘဲ ဂရုတစိုက်နားထောင်တတ်ခြင်းဟာ အခြေခံလူ့ယဉ်ကျေးမှုတစ်ခုဖြစ်ပါတယ်။ နောက်ပြီး လူတွေက ကိုယ်စကားပြောနေချိန်မှာ သေချာအာရုံစိုက် နားထောင်တတ်တဲ့ သူတွေကို နားထောင်ကောင်းသူတွေအဖြစ် ချစ်ခင်နှစ်သက်ကြပါတယ်။ သေချာနားထောင်တတ်ပြီး ပြန်ပြောသင့်မှ ချက်ကျလက်ကျ၊ အလိုက်အထိုက်ပြန်ပြောတတ်ခြင်း၊ ကိုယ်ချင်းစာတတ်၊ အားပေးတတ်ခြင်းတို့က သင့်ကို လူချင်လူခင် ပေါများစေမှာဖြစ်ပါတယ်။

၅။ တစ်ဘက်လူ စိတ်ဝင်စားမယ့် အကြောင်းအရာတွေကိုပြောပါ

လူတိုင်း၊ လူတိုင်းမှာ ကိုယ်စီစိတ်ဝင်စားတဲ့ အကြောင်းအရာတွေရှိပါတယ်။ စကားပြောကောင်းတဲ့သူ၊ လူရည်လည်တဲ့သူဆိုတာ သူတို့တွေ ကိုယ့်စကားကို အာရုံစိုက်လာအောင် သူတို့စိတ်ဝင်စားနိုင်မယ့် အကြောင်းအရာလေးတွေပြောပြီး ဆွဲခေါ်တတ်သူပါ။ သူတို့တွေ နားထောင်ချင်မယ့် အကြောင်းအရာလေးတွေကို ပြောရင်းနဲ့ ကိုယ်နားထောင်ချင်တဲ့ အကြောင်းအရာတွေကိုလည်း သူတို့ပြောလာပါလိမ့်မယ်။ ရင်းနှီးမှုဆိုတာ ဒီလိုပဲ တည်ဆောက်ရတာပါ။

၆။ ချီးကျူးတတ်ပါစေ

play
 

လူတွေက ကိုယ်အားထုတ်လိုက်တဲ့ အရာတစ်ခုကို အနည်းဆုံးတော့ အသိအမှတ်ပြု ခံချင်ကြပါတယ်။ တမင်သတ်သတ် လိုက်ဖားယားနေတာမျိုး မဟုတ်ဘဲ လူတစ်ယောက်ရဲ့ အားထုတ်မှုတွေ၊ အောင်မြင်မှုတွေကို ထုတ်ဖော်ချီးကျူးတတ်ခြင်းက ချစ်သူခင်သူပေါများသူတစ်ယောက် ဖြစ်လာစေနိုင်ပါတယ်။ "နားဝမှာ ပျားသကာသို့ ချိုလှစေ" ဆိုတဲ့အတိုင်း ပြောတတ်ဆိုတတ်ဖို့ လိုပါတယ်။

Source : DaleCarnegie

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle

AD