AD
AD
AD

ရှေးကျတဲ့  ချင်းမျိုးနွယ်စုတစ်ခုထဲမှာ မျက်နှာပေါ်မှာ တက်တူးထိုးထားတဲ့ အမျိုးသမီးတွေကို မြင်တွေ့ရမှာပါ။ ဒါဟာ ခရီးသွားခြင်းကို နှစ်ခြိုက်တဲ့ လူတွေအတွက်ရော၊ ကမ္ဘာလှည့်ခရီးသွားတွေအတွက်ပါ စူးစမ်း လေ့လာချင်စရာ၊  စိတ်ဝင်စားဖွယ်ရာ ကောင်းနေတော့တာပါပဲ။ ဒေသတွင်းအခေါ်အဝေါ်အရ ဆိုရင်တော့ ပါးရဲထိုးတာလို့ ခေါ်ဆိုလေ့ရှိပြီး ကမ္ဘာလှည့်ခရီးသည်တွေ အတွက်ကတော့ တက်တူးထိုးတဲ့ အလေ့အထလို့ပဲ ထင်မြင်မှုရှိပါတယ်။

play

 

အဲဒီ ချင်းမျိုးနွယ်စုတွေဟာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နဲ့ နီးစပ်နေတဲ့ ဒေသတ၀ိုက်နဲ့ တောင်တန်းဒေသေတွေမှာ စုစုစည်းစည်းနဲ့နေထိုင်ကြပါတယ်။ မြန်မာပြည်လူဦးရေရဲ့ ရာခိုင်နှုန်းနည်းနည်းလေးပဲရှိတဲ့ ချင်းမျိုးနွယ်စုတွေဟာ သူတို့ရဲ့ ဘ၀နေထိုင်မှုပုံစံကို ထိန်းသိမ်းထားလေ့ရှိကြပြီးတော့ အမျိုးသမီးတွေက မျက်နှာပေါ်မှာ တက်တူးရေးထိုးထားလေ့ရှိတာလည်း ဖြစ်ပါတယ်။

သူတို့နေထိုင်ရာဒေသကို သွားရင် မျက်နှာမှာတက်တူးထိုးထားတဲ့ ချင်းမျိုးနွယ်စု အမျိုးသမီးတွေကိုတွေ့မြင်ရမှာဖြစ်ပြီး ခန္ဓာကိုယ်အနည်းငယ်ကိုပဲ ဖုံးလွှမ်းနိုင်တဲ့ ရိုးရာအ၀တ်အစားကို ၀တ်ဆင်ထားတဲ့ ချင်းအမျိုးသားတွေကိုလည်း မြင်တွေ့ရမှာပါ။ ရာသီဥတုအရမ်းအေးတဲ့အခါမျိုးမှာတော့ တစ်ကိုယ်လုံးအပြည့် စောင်ခြုံပြီး နေလေ့ရှိတတ်ကြတဲ့ ဓလေ့ကိုလည်း သိရှိနိုင်ပါတယ်။ ချင်းအမျိုးသမီးတွေကတော့ လှပချောမွေ့ကြပြီး သူတို့ကိုယ်တိုင် ယက်လုပ်ထားတဲ့ အရောင်အသွေးစုံလင်လှတဲ့ အကျီတွေကို ၀တ်ဆင်လေ့ရှိကြပါတယ်။ သိသာထင်ရှားတဲ့ သူတို့ရဲ့ ၀ိသေသလက္ခဏာကတော့ နာမည်ကျော်ကြားနေတဲ့ မျက်နှာပေါ် တက်တူးထိုးထားတာပါပဲ။  မြန်မာပြည်တွင်း အလည်အပတ်သွားမယ်ဆိုရင်တော့ ရှေးကျတဲ့ ချင်းမျိုးနွယ်စုရှိရာ ဒေသကို သွားရောက်ဖို့လည်း စိတ်ကူးသင့်ပါတယ်။

play

 

ရှေးဟောင်းပုံပြင်၊ ရာဇ၀င်တွေအရဆိုရင်တော့ ချင်းအမျိုးသမီးတွေဟာ လှပချောမောလွန်းတဲ့အတွက် မင်းစိုးနွယ်ဝင်၊ စော်ဘွားရာဇာတွေက ကြင်ယာတော်အဖြစ် တင်မြှောက်လေ့ရှိတယ်လို့တောင် ဆိုကြပါတယ်။ မျက်နှာပေါ် တက်တူးထိုးရခြင်းအကြောင်းရင်းကတော့ မိသားစုနဲ့ ခွဲခွာလိုခြင်းမရှိတာကြောင့်၊ မင်းစိုးရာဇာတွေရဲ့ တော်ကောက်ခြင်းကို မခံယူချင်တာကြောင့် သူတို့ရဲ့ လှပချောမောတဲ့ မျက်နှာပြင်ပေါ်မှာ တက်တူးထိုးခြင်းအားဖြင့် ရုပ်ဆိုးစေအောင် ဖန်တီးတယ်လို့လည်း တချို့ကဆိုကြပါတယ်။ ဒီလိုမျိုးနဲ့ မျိုးဆက်တစ်ခုပြီး တစ်ခု လက်ဆင့်ကမ်းထိန်းသိမ်းခဲ့ရာကနေ ဓလေ့ထုံးစံအဖြစ် တည်ရှိလာခဲ့တယ်လို့ သိရပါတယ်။ ဒီလိုဖြစ်တည်ခဲ့ရာကနေ တက်တူးထိုးမထားတဲ့ အမျိုးသမီးတွေဆိုရင် ရုပ်ဆိုးတယ်လို့ ထင်မြင်လာခဲ့ကြပြီးတော့ အိမ်ထောင်ကျဖို့တောင် ခဲယဉ်းလာတယ်လို့လည်း ဆိုပါတယ်။  အဲဒီ ချင်းလူမျိုးစုရဲ့ အယူအဆကလည်း တက်တူးများများထိုးထားတဲ့ အမျိုးသမီးဟာ ပိုမိုလှပပြီးတော့ နှစ်လိုဖွယ်ရာကောင်းတယ်လို့ ယူဆကြပါတယ်။ အသက် (၁၂) နှစ် (သို့) ၁၃ နှစ်အရွယ်ကတည်းက မျက်နှာမှာ တက်တူးစတင်ထိုးလေ့ရှိတဲ့ ချင်းမျိုးနွယ်စုရဲ့အကြောင်းက အံ့အားသင့်စရာတစ်ခုပါပဲ။

play

 

တကယ်လို့များ အဲဒီဒေသကို သင်ရောက်ခဲ့မယ်ဆိုရင်တော့ သူတို့ရဲ့ မျက်နှာပေါ်က တက်တူးတွေက သင့်ကို အံ့အားသင့်စေမှာ ဖြစ်သလို တက်တူးလက်ရာကိုလည်း အနုစိတ်လေ့လာနိုင်မှာလည်းဖြစ်ပါတယ်။ နှာခေါင်းပေါ်မှအစပြုပြီးတော့ ပင့်ကူအိမ်သဖွယ် ရေးထိုးထားတဲ့ တက်တူးဒီဇိုင်းကို မြင်တွေ့ရမှာဖြစ်ပြီး တက်တူးထိုးပြီးစ ဖူးရောင်ကိုင်းနေတဲ့အချိန်မှာတော့ ချင်းအမျိုးသမီးတွေဟာ အပြင်ထွက်လေ့မရှိကြပါဘူး။ အထူးပြုလုပ်ထားတဲ့ ဆေးမှင်တွေနဲ့ မျက်နှာပေါ်မှာ တက်တူးထိုးတဲ့အခါ အရမ်းနာကျင်ရကြောင်း သူတို့က ဖွင့်ဟပါသေးတယ်။ ဆေးမှင်ကတော့ ကောင်းမွန်တဲ့ပစ္စည်းတွေနဲ့ ဖြည့်စွက်ထားတာကြောင့် အရောင်မှိန်တာ၊ မကြာခဏအရောင်ပြန်တင်ပေးရတာမျိုးမရှိပါဘူး။

play

 

ဒီနေ့ခေတ်ကာလမှာတော့ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းက တိုးတက်မှုတွေရှိလာပါပြီ။ မြန်မာပြည်အနှံ့အပြားက တိုင်းရင်းသားအမျိုးမျိုးဟာလည်း ဘ၀ရှင်သန်ရပ်တည်ရေးအတွက် သင့်တော်တဲ့နေရာမျိုးတွေကို ပြောင်းရွှေ့အခြေချနေတာကြောင့် တချို့ မျိုးနွယ်စုတွေဆိုရင် မှေးမှိန်ပျောက်ကွယ်လုနီးပါးဖြစ်လာပါပြီ။ ဒါပေမယ့်လည်း မျက်နှာမှာ ဆေးမှင်ကြောင်တက်တူးရေးထိုးပြီးတော့ ဓလေ့ထုံးစံအတိုင်းပဲ နေထိုင်တတ်လေ့ရှိတဲ့ ချင်းမျိုးနွယ်စုတွေ ရှိနေပါသေးတယ်။ ဒါကြောင့်မို့လို့ အလည်အပတ်များ သွားမယ်၊ ခရီးသွားဖို့ဆုံးဖြတ်ထားတယ်ဆိုရင်တော့ အဆိုပါဒေသကို သွားရောက်ဖို့ တွေဝေတုံ့ဆိုင်းမှု ရှိမနေသင့်ပါဘူး။ ဘာလို့လဲဆိုတော ကမ္ဘာပေါ်က လှပတဲ့ ဒေသ၊ ရှေးကျတဲ့ယဉ်ကျေးမှုတွေနဲ့ ပြည့်နှက်နေတဲ့ နေရာကို သင် ရှာဖွေတွေ့ရှိမှာမို့လို့ပါပဲ။

Source : Ancharm-myanmar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD