AD
AD
AD

သင့်တော်မှန်ကန်တဲ့ အလေ့အကျင့်တွေက ကိုယ့်ရဲ့ဘ၀မှာ အောင်မြင်မှုတွေရရှိဖို့ အထောက်အကူပြုပါတယ်။ ဆိုးရွားတဲ့အလေ့အကျင့်တွေက ကိုယ့်ရဲ့ဘ၀နေထိုင်မှုကို သိသာထင်ရှားစွာ နိမ့်ကျစေပြီးတော့ ကိုယ်မျှော်မှန်းထားတဲ့ အရာတွေနဲ့ အဝေးကို ခေါ်ဆောင်သွားတတ်ပါတယ်။ ကောင်းမွန်မှန်ကန်တဲ့အလေ့အကျင့်တွေကတော့ ဘ၀ကို ပုံဖော်ဖန်တီးတဲ့အခါမှာတော့ လွယ်ကူမြန်ဆန်စွာနဲ့ ပြီးမြောက်စေပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ရဲ့ ဘ၀ရပ်တည်ချက်၊ မျှော်မှန်းထားတဲ့အရာတွေကို ရရှိနိုင်ဖို့ အထောက်အကူပြုနိုင်တဲ့ အလေ့အကျင့် (၅)ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ကြိုတင်ပြင်ဆင်မှုရှိပါ

play

 

အောင်မြင်နေတဲ့လူတွေက အပျော်အပါးအတွက်ဆိုရင် သူတို့ရဲ့ အချိန်ကို အနည်းငယ်သာ အသုံးပြုတာပါ။ Night Out ထွက်ရင်တောင်  မနက်ဖြန်အတွက် ဘာတွေပြင်ဆင်ရဦးမလဲ၊ ဘာတွေလိုအပ်သေးသလဲလို့ ဂရုပြုပြီး ကြိုတင် ပြင်ဆင်တတ်ကြပါတယ်။ Plan မရှိပဲ၊ အချိန်အကန့်အသတ်မရှိပဲ နေထိုင်တာမျိုးက ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရဖို့ များပါတယ်။ ဘ၀က အမြဲတမ်း အလုပ်တွေနဲ့ပဲ ရင်ဆိုင်နေရတာ၊ Plan တွေနဲ့ပဲ ပြည့်နှက်နေတာမျိုးတော့ မဟုတ်ပေမယ့် ကိုယ့်ရဲ့ တစ်နေ့တာ အချိန်တွေကို သေသေချာချာလေး အတတ်နိုင်ဆုံး အလေအလွင့်မရှိပဲ အသုံးချတတ်ဖို့တော့ လိုပါလိမ့်မယ်။ ဒါမှလည်း ပြီးပြည့်စုံမယ့် ဘ၀ကို ပိုင်ဆိုင်နိုင်မှာပေါ့။

 

၂။ စိတ်ဓာတ်ကို လှုံ့ဆော်ပေးနိုင်တဲ့ စာများများဖတ်ပါ

play

 

စာဖတ်ခြင်းကလည်း အောင်မြင်မှုတွေရရှိဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာပါ။ နမူနာယူစရာ၊ အတုယူစရာ၊ ဥပမာယူစရာတွေ၊ ရှောင်ကြဉ်စရာတွေ၊ လိုက်နာစရာတွေနဲ့ ပြည့်နှက်နေတာ စာအုပ်တွေပါပဲ။ Space X ရဲ့ CEO ဖြစ်တဲ့ Elon Musk ဆိုရင် တစ်နေ့ကို စာအုပ် (၄)အုပ်ထိ ဖတ်ရှူခဲ့ခြင်းက သူ့ကို ဒီနေ့ဒီနေရာမျိုးကို ရောက်အောင် အထောက်အကူတွေပေးခဲ့တယ်လို့ ၀န်ခံခဲ့ဖူးပါတယ်။ စာဖတ်တယ်ဆိုပေမယ့်လည်း အချိန်အကြာကြီးယူပြီး ဖတ်ဖို့မျိုးမဟုတ်ပဲ  ဘယ်အချိန်ထိ ဖတ်ရှူသင့်လဲဆိုတာ သတ်မှတ်ပြီး ဖတ်ရှူပေးတာမျိုးက ပိုကောင်းပါတယ်။  ဒါဆိုရင်တော့ ကိုယ့်ရဲ့ အောင်မြင်မှုခရီးလမ်းမှာ စာအုပ်တွေဆီကရတဲ့ အသိပညာ၊ ဗဟုသုတတွေက အများကြီး အကူအညီပေးနိုင်တယ်ဆိုတာကို ခံစားရလာပါလိမ့်မယ်။

 

၃။ ကျန်းမာရေးကို ဂရုစိုက်ပါ

play

 

ကျန်းမာသန်စွမ်းနေပါမှသာ စိတ်သွားတိုင်းကိုယ်ပါတော့မှာပေါ့။ ဘာစားသင့်သလဲဆိုတဲ့ အခြေခံအချက်လေးကနေစပြီး ဂရုပြုရပါ့မယ်။ အောင်မြင်မှု ရရှိခဲ့သူတွေကတော့ သူတို့ရဲ့ စီမံကိန်းတွေ၊ လုပ်ငန်းအကောင်အထည်ဖော်ဖို့အတွက်တွေကို ကျန်းမာရေးအတွက် လေ့ကျင့်ခန်းပြုလုပ်ရင်း တွေးတောကြံဆလေ့ရှိတယ်လို့ ဆိုပါတယ်။ ကိုယ်နဲ့သင့်တော်တဲ့ အစားအစာ၊ သင့်တင့်လျောက်ပတ်တဲ့ အစားအစာပမာဏကိုပဲ စားသုံးပြီးတော့ ကိုယ့်ရဲ့ ခန္ဓာကိုယ်စွမ်းအင်ကို နေ့စဉ်လုပ်ဆောင်နေရတဲ့ ကိစ္စရပ်တွေမှာ ထိထိရောက်ရောက်အသုံးချပြီးတော့ အောင်မြင်မှုဆီ အရောက်သွားနိုင်ခဲ့ကြပါတယ်။

 

၎။ တခြားသူကြောင့် စိတ်အနှောင့်အယှက်မဖြစ်ပါစေနဲ့

play

 

အဝေးကြီးကို လှမ်းကြည့်နေစရာမလိုပါဘူး။ လျှပ်စစ်မီးကို တီထွင်ခဲ့တဲ့ အက်ဒီဆင်ကိုပဲ နမူနာယူလို့ရပါတယ်။ ဝေဖန်မှုတွေ၊ လှောင်ပြောင်မှုတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်မခံပဲ သူ့ရဲ့ ရည်မှန်းချက်ကို အကောင်အထည်ဖော်ခဲ့တာပါ။ နောက်တစ်ခုက ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေနဲ့ တခြားသူတွေရဲ့လုပ်ဆောင်ချက်ကို နှိုင်းယှဉ်တာမျိုး မပြုလုပ်သင့်ပါဘူး။ အကယ်၍များ နှိုင်းယှဉ်မိတဲ့အခါမှာဆိုရင် ၀န်တိုမှုတွေ၊ စိတ်ဖိစီးမှုတွေကို ခံစားလာရပြီး ကိုယ်သွားမယ့် လမ်းကြောင်းကနေ သွေဖယ်သွားတတ်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့ရဲ့ အမှားတွေကို နမူနာယူပါ၊ သူတို့ရဲ့ အောင်မြင်မှုတွေကို အတုယူပါ။ နှိုင်းယှဉ်သုံးသပ်ပြီးတော့ စိတ်အနှောင့်အယှက်အဖြစ်မခံပါနဲ့။

 

၅။ နေ့ရက်တိုင်းကို တန်ဖိုးရှိရှိ အသုံးချပါ

play

 

ဘ၀က တိုတောင်းလွန်းပါတယ်။ ဘယ်အချိန်မှာ ဘ၀ခရီးအဆုံးသတ်သွားမလဲ (သေခြင်းတရား) ဘယ်သူမှ ကြိုမြင်နိုင်စွမ်းမရှိပါဘူး။ ဒါကြောင့်မို့လို့ ကိုယ်ရှင်သန်နေတဲ့ နေ့ရက်တိုင်းကို တန်ဖိုးရှိရှိနဲ့ အသုံးချဖို့ လိုပါတယ်။ ရည်မှန်းချက်ကြီးမားရင် ကြီးမားသလို အနှောင့်အယှက်၊ အတားအဆီးတွေနဲ့ ရင်ဆိုင်ရမှာမို့လို့ ကိုယ်ပိုင်ဆိုင်နေတဲ့ နေ့ရက်တစ်ရက်ချင်းစီတိုင်းမှာ ကြိုးစားနေဖို့ မမေ့လျော့သင့်ပါဘူး။

Source : Success

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD