အလုပ်လုပ်ပြီဆိုရင် အချိန်တစ်ခုရပြီဆိုတာနဲ့ ဘယ်သူမဆို ရာထူးတိုး၊ လစာတိုးလိုကြပါတယ်။ ရာထူးတိုးလိုတိုးငြား ထိုင်စောင့်နေရင်း ကိုယ့်နောက်မှရောက်လာတဲ့ လူတွေသာ ရာထူးတွေ၊ လစာတွေတိုးသွားတယ်။ ကိုယ်တစ်ယောက်တည်း ကျန်နေခဲ့တယ်ဆိုတဲ့ လူတွေလည်း ရှိမှာပါ။ အလုပ်မှာ ရာထူးတိုးချင်တယ် ဆိုတဲ့သူတွေ အောက်ပါအချက်တွေ ကိုယ့်မှာရှိမရှိ အရင်တိုက်စစ်ကြည့် သင့်ပါတယ်။

၁။ အဖွဲ့ဝင်ကောင်းတစ်ယောက်ဖြစ်ပါစေ

play
 

ကိုယ့်အလုပ်ကိုယ်ပဲ တာဝန်ကျေရုံတစ်ခုတည်းနဲ့တော့ ကုမ္မဏီတစ်ခုလုံး အောင်မြင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လုပ်ငန်းခွင်ထဲမှာ အင်ပရက်ရှင် (impression) ကောင်းကောင်း လိုချင်တယ်ဆိုရင်တော့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း ကူညီဖေးမပေးရပါမယ်။ ဒီလိုလုပ်ခြင်းအားဖြင့် လုပ်ဖော်ကိုင်ဖက်တွေက သင့်ကို ပါတနာကောင်းတစ်ဦးအဖြစ် မြင်လာကြပါလိမ့်မယ်။ လုပ်ဖော်ကိုင်ဖက် တွေဆီက feedback ကောင်းကောင်း ပြန်ရခြင်းဟာ ပရိုမိုးရှင်းရဖို့အတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။

၂။ တာဝန်တွေကို ခေါင်းမရှောင်ပါနဲ့

play

သူများတွေ မနိုင်မနင်းဖြစ်နေတာတွေ့ရင် အလုပ်ကိုအချိန်မီ ပြီးစီးနိုင်စေဖို့ ဝင်ကူပေးနိုင်တဲ့အကြောင်း အထက်လူကြီးကို ခွင့်တောင်းကြည့်ပါ။ ကိုယ်လုပ်ရမယ့် အလုပ်တာဝန်တွေကိုလည်း ပြီးစီးအောင် ဆောင်ရွက်ပါ။ ဒီလိုလုပ်ခြင်းအားဖြင့် လူတော်တော်များများရဲ့ မျက်နှာပေါ်မှာ ပြုံးပန်းပွင့်လာစေမှာပါ။ နောက်ပြီး အဲဒီလို ကူညီပေးတဲ့အတွက်လည်း အကျိုးတော့ မယုတ်ပါဘူး။ အထက်လူကြီးကရော၊ လုပ်ဖော်ကိုင်ဖက်တွေကပါ မိမိကို တာဝန်ကျေတဲ့၊ အလုပ်ကြိုးစားတဲ့ ဝန်ထမ်းကောင်းတစ်ဦးလို့ မြင်သွားစေမှာပါ။ ဒီလိုဝန်ထမ်းမျိုးကိုမှ ရာထူးတိုးမပေးရင် ဘယ်သူ့ကို တိုးပေးမလဲ။

၃။ နည်းလမ်းအသစ်တွေကို ရှာကြံပါ

play
 

နည်းလမ်းအသစ်တွေ၊ ကျွမ်းကျင်မှုအသစ်တွေကို အမြဲတစေ သင်ယူဆည်းပူးတတ်သူ တစ်ဦးဖြစ်ပါစေ။ ဒီလိုလုပ်ခြင်းက သင့်ကိုကျွမ်းကျင်ဝန်ထမ်း တစ်ဦးဖြစ်စေရုံသာမက multitasking ပိုင်း (တစ်ချိန်တည်းမှာ အလုပ် (၂) ခု၊ (၃) ခု လုပ်တတ်တဲ့ အရည်အချင်း) ကိုလည်း တိုးတက်လာစေနိုင်ပါတယ်။ ဒါ့အပြင် မိမိရဲ့သင်ယူလိုစိတ်နဲ့ ကျွမ်းကျင်မှုတို့က တခြားဝန်ထမ်းတွေနဲ့ နှိုင်းစာရင် ပိုမိုထူးချွန်တဲ့ ဝန်ထမ်းကောင်းတစ်ဦးအဖြစ် အထက်လူကြီးရဲ့ မျက်စိထဲမှာ ထင်ဟပ်လာစေနိုင်မှာပါ။ အလုပ်မျိုးစုံကို လုပ်နိုင်တဲ့သူဟာ လစာနဲ့ရာထူးတိုးဖို့ အခွင့်အလမ်းလည်း ပိုများပါတယ်။

၎။ ကွန်ရက်တည်ဆောက်ပါ

play
 

ပရော်ဖက်ရှင်နယ် အချင်းချင်း ကွန်ရက်ဖွဲ့ထားခြင်းက အရေးကြုံရင် အကူအညီ၊ အဆက်အသွယ် ရရှိစေနိုင်သလို သူတို့အကူအညီ လိုရင်လည်း အကူအညီပေးလို့ရပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့လုပ်ရည်ကိုင်ရည်ကို ကောင်းကောင်းသိတဲ့ လူတွေနဲ့ အဖွဲ့အစည်း ထဲမှာကော၊ အဖွဲ့အစည်းပြင်ပမှာပါ ကွန်ရက်ဖွဲ့ထားလိုက်ပါ။ မိမိရဲ့ကွန်ရက်ဝင်တွေကပဲ မိမိကို ရာထူးတိုးအောင် နှုတ်အားဖြင့် ကူညီစောင်မနိုင်ပါလိမ့်မယ်။

၅။ ရလဒ်ကို ဦးစားပေးပါ

play
 

စမတ်ကျတဲ့ လုပ်သားကောင်းဆိုတာ ရလဒ်ကောင်းတွေကို ဦးစားပေးပြီး အလုပ်ကြိုးစားခြင်း (Hard Work) ထက် အလုပ်လုပ်တာ ထိရောက်ခြင်း (smart work) ကို ပိုပြီး အားသန်ကြပါတယ်။ အရေအတွက်များများ ထွက်ဖို့ထက် အရည်အသွေးကောင်းကောင်း ဖြစ်လာဖို့ကို ပိုပြီးဦးစားပေးပါတယ်။ တကယ်တော့ ယနေ့ခေတ် ကုမ္မဏီတွေကလည်း အရည်အသွေး ပြည့်ဝတဲ့ အလုပ်တွေကို အချိန်တိုအတွင်း လုပ်ကိုင်နိုင်တဲ့ ဝန်ထမ်းတွေကို ပိုလိုချင်ကြပါတယ်။ ဒီအရည်အချင်း သင့်မှာရှိနေရင် ရာထူးတိုးဖို့လည်း ပိုမြန်ပါလိမ့်မယ်။

Source: Youngisthan

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video