AD
AD
AD

လူသားအားလုံးကတော့ ကိုယ့်ကိုကိုယ်တိုးတက်ဖို့ နေ့စဉ် မရပ်မနားပဲ ကြိုးစားရုန်းကန်နေရတာပါပဲ။ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရသူတွေရှိသလို အောင်မြင်မှုတွေနဲ့ တွေ့ကြုံသူတွေလည်း မနည်းလှပါဘူး။ အောင်မြင်ခဲ့သူတို့ရဲ့ ဘ၀ကို ပြန်ကြည့်မယ်ဆိုရင် သူများထက် ကြိုးစားမှုတွေ၊ ရုန်းကန်မှုတွေ လုပ်ခဲ့တာကြောင့်ပါပဲ။ ဒါ့အပြင် သူတို့ရဲ့ ပင်ကိုယ်ဗီဇအရရော၊ လေ့လာသင်ယူမှုတွေအရရော နေ့စဉ်လုပ်ခဲ့တဲ့ အလေ့အကျင့်တွေကလည်း သူတို့ရဲ့ အောင်မြင်မှုဘ၀မှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ အထောက်အကူပြုတာကို တွေ့ရမှာပါ။ အောင်မြင်ခဲ့သူတွေ လုပ်ဆောင်ခဲ့တဲ့ အလေ့အကျင့်တွေက ဘာတွေလဲ၊ ဘယ်လိုတွေ ပြုမူခဲ့လဲဆိုတာကို လေ့လာကြည့်မယ်ဆိုရင်..။

 

၁။ စူးစမ်းလေ့လာချင်စိတ် အမြဲရှိပါ

play

 

ကလေးဘ၀တုန်းကဆိုရင် မရပ်မနားပဲ၊ အမြဲတမ်းလိုလို ကစားချင်တယ်။ ထိတွေ့ချင်တယ်။ စူးစမ်းလေ့လာချင်စိတ်တွေနဲ့ ပြည့်နှက်နေခဲ့ကြဖူးတယ်လေ။ ဒါဟာ ကမ္ဘာကြီးဆီကနေ သင်ယူလေ့လာချင်စိတ်တွေ ထက်သန်နေခဲ့လို့ါပဲ။ ဒီလိုနဲ့ အရွယ်ရောက်လာတယ်။ အရွယ်ရောက်လာတာနဲ့အမျှ စူးစမ်းလေ့လာချင်စိတ်တွေက တဖြည်းဖြည်းနဲ့ နည်းပါးလာတတ်ပါတယ်။ ကိုယ့်ကိုကိုယ် တတ်သိနားလည်မှုတွေများပြားနေပြီ၊ ကိုယ့်ရဲ့ အသိအမြင်၊ အတွေးအခေါ်တွေက ပြည့်စုံလုံလောက်ပြီလို့ ထင်မိကြတယ်မဟုတ်လား။ တကယ်တော့ ကလေးဘ၀တုန်းက ရှိခဲ့တဲ့ စူးစမ်းလေ့လာချင်စိတ်ကို အမြဲတမ်းထိန်းသိမ်းပြီးတော့ လုပ်ဆောင်နေသင့်ပါတယ်။ အထူးသဖြင့် ကိုယ်ကျင်လည်နေရတဲ့ ပတ်ဝန်းကျင်မှာပေါ့။ အောင်မြင်နေတဲ့သူတွေ၊ အောင်မြင်ကျော်ကြားနေတဲ့ ကုမ္ပဏီကြီးတွေကို ကြည့်လိုက်ပါ။ အမြဲတမ်း စူးစမ်းလေ့လာချင်စိတ်နဲ့ လုပ်ဆောင်နေကြတာ တွေ့ရပါလိမ့်မယ်။ စူးစမ်းလေ့လာချင်စိတ်တွေကို အရောင်မမှိန်ပါစေနဲ့။

၂။ လေးစားအားကျရတဲ့သူကို အတုယူပါ

play

 

ကိုယ်လေးစားအားကျရတဲ့ သူက ကိုယ့်ရဲ့ ဆရာပဲပေါ့။ သူသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ သူဟာ ကိုယ့်ရဲ့ ဆရာတစ်ယောက်လို့ မှတ်ယူပြီးတော့ သူ့ရဲ့ လုပ်ဆောင်ချက်တွေကို အတုယူသင့်ပါတယ်။ ကမ္ဘာကျော်အားကစားသမားတွေ၊ နာမည်ကြီးဂီတပညာရှင်တွေနဲ့ သရုပ်ဆောင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ အားလုံးဟာ အကြံပေးတွေ၊ နည်းပြတွေနဲ့ သူတို့ကိုယ်သူတို့ တည်ဆောက်ပြီး အမြင့်ကို တက်လှမ်းခဲ့ကြတာပါ။ သက်ဆိုင်ရာနယ်ပယ်တိုင်းမှာ ကျွမ်းကျင်အောင်မြင်နေကြတဲ့သူတိုင်း ကိုယ် လေးစားအားကျရတဲ့ သူတွေကို အတုယူ၊ စံနမူနာထားပြီး ကြိုးစားခဲ့ကြရတာပါပဲ။

 

၃။ စာဖတ်ပါ၊ စာဖတ်၊ စာဖတ်ပါ

play

 

တခါတရံမှာ အကောင်းဆုံးဆရာသမား၊ လမ်းညွှန်ပေးသူက စာအုပ်တွေပါပဲ။ ဘ၀ရဲ့ အဆိုးဝါးဆုံးသော ဒုက္ခတွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရချိန်မှာ စာအုပ်တွေဆီကနေ အကြံဥာဏ်တွေ၊ စိတ်ဓာတ်ခွန်အားတွေ အများကြီးရပါလိမ့်မယ်။ စာဖတ်ခြင်းကလည်း အမြင့်ကို တက်လှမ်းချင်တဲ့သူတွေအတွက်တော့ အကောင်းဆုံး အထောက်အကူပြုနိုင်တဲ့ ဆရာတစ်ယောက်လိုပါပဲ။ ဒီနည်းလမ်းလေးတွေကို လက်တွေ့လုပ်ဆောင်ကြည့်ပါ။ ကိုယ့်ရည်မှန်းချက်ကို အောင်မြင်စေဖို့အတွက် နည်းလမ်းအသစ်တွေကို ရှာဖွေနိုင်ပါလိမ့်မယ်။

Source : Success

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD