AD
AD
AD

ထင်မှတ်မထားတာမျိုးတွေက တခါတလေ အရမ်းကြီး အခက်အခဲတွေ့တတ်တာမျိုး ကြုံဖူးကြလား။ အရေးမကြီးဘူးလို့ ယူဆထားပေမယ့်လည်း လိုအပ်လာပြီဆိုရင် လူပါ မောဟိုက်သွားအောင် လိုက်ရှာနေရပြန်ရော။ အလုပ်ခွင်ထဲမှာဆို ပိုဆိုးတာပေါ့။ အရေးပေါ်လိုအပ်လာရင် ဘယ်မှာ ရှာလို့ရှာရမှန်းမသိတော့ပဲ အလုပ်တွေလစ်ဟင်းပြီး အချိန်တွေနောက်ကျတတ်ရော။ အဲဒီလိုတွေ မဖြစ်ရလေအောင် ဒါလေးတွေတော့ ဆောင်ထားသင့်တယ်နော်။

 

၁။ အနွေးထည်

play

 

ကုမ္ပဏီက Air Con တွေကြောင့် အရမ်းကြီးကို ချမ်းအေးတဲ့အခါမျိုးမှာ အသုံးချဖို့အတွက် အနွေးထည်တစ်ထည်လောက်တော့ ဆောင်ထားသင့်တာပေါ့။ ဒါက သင့်ရဲ့ ကျန်းမာရေးကို အထောက်အကူပြုမှာဖြစ်သလို နှာစေး၊ချောင်းဆိုးဖြစ်ချင်လာတဲ့အခါမှာ အလွယ်တကူ ဆွဲယူပြီး ၀တ်ဆင်စေနိုင်တာကြောင့်လည်း ဆောင်ထားသင့်ပါတယ်။

 

၂။ အနံ့အသက်ပျောက်ဆေး

play

 

ချွေးနံ့ကြောင်ပဲဖြစ်ဖြစ်၊ ပါးစပ်မှ အနံ့ကြောင့်ပဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိပဲ စကားတောင် ခပ်ဟဟမပြောရဲတာမျိုး ကြုံဖူးကြမယ်ထင်ပါတယ်။ ကိုယ့်ဆီက မကောင်းတဲ့ အနံ့အသက်တွေကြောင့် တစ်ဖက်လူက ကိုယ့်အနားတောင် မကပ်နိုင်တော့ပဲ ဖြစ်တာမျိုးဆို ပိုဆိုးတာပေါ့။ ဒါကြောင့်မို့လို့ ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်အ၀နဲ့ လုပ်ငန်းခွင်အတွင်း ပြောဆိုဆက်ဆံနိုင်ဖို့ဆိုရင် အနံ့အသက်ပျောက်ဆေးလေးတော့ အနားမှာ ထားသင့်တယ်နော်။

၃။ သန့်ရှင်းရေး ပစ္စည်းအချို့

play

 

ဘီး၊ ဘရက်ရှ် စတဲ့ ပစ္စည်းမျိုးတွေပေါ့။ ရုတ်တရက် အစည်းအဝေးခန်းအတွင်း ၀င်ရောက်တော့မယ့်အခါမျိုး၊ အရေးကြီးဧည့်သည်နဲ့တွေ့ဖို့ ကိစ္စ ပေါ်လာတာမျိုးဆိုရင် ဒါလေးတွေက အသုံးတည့်မှာပါ။ သပ်ရပ်စွာ ဖြီးသင့်ထားတဲ့ ဆံပင်၊ ဖုန်ပေနေမှုမရှိတဲ့ ဖိနပ်က သင့်ရဲ့ ဟန်ပန်ကို တော်တည့်မှန်ကန်စွာ ထိန်းပေးပြီးတော့ စတိုင်လ်ကျနေစေမှာပါ။

 

၎။ မုန့်

play

 

အချိန်မရွေး ဗိုက်ဆာတတ်တဲ့သူတွေအတွက်ပေါ့။ အစာအိမ်ပြသနာရှိတဲ့သူတွေဆို ပိုပြီးတော့တောင် အသုံးဝင်ပါသေးတယ်။ အလုပ်များနေလို့ နေ့လည်စာ မစားနိုင်သေးတဲ့အချိန်မျိုးမှာ အဆာပြေစားလို့ရသလို၊ ကိုယ့်လိုပဲ ဗိုက်ဆာနေလျက်နဲ့ စားလို့မဖြစ်သေးတဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း မျှဝေပေးလို့ရတယ်လေ။ ကိုယ့်အတွက်လည်း အဆင်ပြေသလို တခြားသူတွေကိုပါ ကူညီပေးနိုင်တာမို့လို့ မုန့်လေးတွေလည်း စားပွဲပေါ်မှာ အသင့်ထားပေးသင့်တယ်နော်။

၅။ ဖိနပ်

play

 

ရုံးတွင်းစီးဖိနပ်မျိုးလေးတွေလည်း ဆောင်ထားသင့်ပါတယ်။ ရုံးရောက်တဲ့အခါ သက်တောင့်သက်သာရှိစေမယ့် ဖိနပ်လေးကို ပြောင်းစီးထားတော့ ဒိအတွက် စိတ်အနှောင့်အယှက်ဖြစ်စရာမလိုတော့ဘူးပေါ့။ ရံဖန်ရံခါ ကြုံတွေ့တတ်တဲ့ သွားလာရင်း ဖိနပ်ပြတ်တဲ့အခါမျိုးဆို ပိုပြီးတော့တောင် အသုံးဝင်ပါသေးတယ်။ အကောင်းဆုံးကတော့ ရုံးတွင်းစီးဖိနပ်လေးတွေ၊ အရံသင့်အသုံးပြုလို့ရမယ့် ဖိနပ်လေးတွေလည်း ဆောင်ထားရင် မမှားဘူးပေါ့။

 

၆။ အ၀တ်အစားတစ်စုံ

play

 

မိုးမိလို့ စိုရွှဲလာတာမျိုး၊ အခြားဖြစ်ရပ်တစ်ခုခုကြောင့် အ၀တ်အစားစွန်းထင်းလာတာမျိုးဆိုရင် အသင့်လဲလှယ်လို့ရအောင်ပေါ့။ အ၀တ်အစားအပိုတစ်စုံဆောင်ထားခြင်းကလည်း အပန်းမကြီးတဲ့အပြင် အသုံးချလို့ရပါသေးတယ်။ နောက်တစ်ခုက ကိုယ့်က အချိန်မရွေး အစည်းအဝေးတွေ၊ ဧည့်သည်တွေနဲ့ တွေ့ရတတ်တာမျိုးဆိုရင် အဆင်သင့်ဖြစ်နေအောင် အ၀တ်အစားအပြည့် ဆောင်ထားလို့လည်း ရတယ်လေ။ ဒါဆိုရင် ဘယ်လိုအချိန်မျိုးမှာဖြစ်ဖြစ် စတိုင်လ်ကျနေဖို့ လွယ်ကူနေပြီပေါ့။

 

၇။ Headphones

play

 

Headphones တွေကိုတော့ တော်တော်များများက ဆောင်ထားတတ်ကြပါတယ်။ ဂီတသံနားဆင်ပြီးတော့ အလုပ်လုပ်ရတာကို နှစ်ခြိုက်သူတွေအတွက်တော့ အကောင်းဆုံးပေါ့။ ဒါမှမဟုတ် ရုံးခန်းအတွင်းက နေ့စဉ်နှင့်အမျှ အလုပ်ကိစ္စတွေပြောဆိုနေရတာမို့ ကိုယ့်အတွက် အနှောင့်အယှက်ဖြစ်စေတယ်ဆိုရင်လည်း Headphones တပ်ပြီးတော့ သီချင်းနားထောင်ရင်း ကိုယ့်အလုပ်ကို စိတ်အနှောင့်အယှက်မရှိ လုပ်လို့ရတယ်လေ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD