ခုနေများ ထီသိန်းတစ်သောင်းဆုကြီးပေါက်ရင် ဘာလုပ်မယ် စိတ်ကူးထားလဲ။ အိမ်ဝယ်မယ်။ ကားဝယ်မယ်။ စားချင်တာစားမယ် စတဲ့ အဖြေတွေပဲ အများစုတွေ့ရမှာပါ။ တကယ်တမ်း လူတိုင်းလူတိုင်းမှာ ချမ်းသာလာရင် လုပ်ဖို့စဉ်းစားထားတဲ့ အိမ်မက်တွေ ကိုယ်စီရှိကြပါတယ်။ ဒါပေမယ့် တကယ်ချမ်းသာနေတဲ့ ဘီလျံနာကြီးတွေကတော့ အဲဒီလိုမဟုတ်ပါဘူး။ အမေရိကန်ဒေါ်လာ သန်းထောင်နဲ့ချီပြီး ကြွယ်ဝချမ်းသာတဲ့ သူဋ္ဌေးကြီးတွေကတော့ ဘဝကိုရိုးရိုးရှင်းရှင်းပဲ နေထိုင်ဖြတ်သန်းကြပါတယ်။

၁။ Azim Premji

play
 

အိန္ဒိယနိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်ပေမယ့် Azim ဟာ ချိုးခြံချွေတာတဲ့နေရာမှာတော့ နာမည်ကြီးပါတယ်။ ကားပေါင်းများစွာ ပိုင်ဆိုင်ပေမယ့်လည်း တစ်ခါတလေ လေဆိပ်သွားရင်တောင် လန်ချားလေးစီးပြီး သွားတာပါ။ သူ့ရဲ့ဝန်ထမ်းတွေကိုလည်း ရုံးဆင်းချိန်တိုင်း လျှပ်စစ်မီးပိတ်သွားဖို့ အမြဲမှာတတ်ပါတယ်။ နောက်ပြီး စာရွက်စာတမ်းကိစ္စတွေမှာလည်း စက္ကူကို လိုအပ်သလောက်ပဲသုံးဖို့ ညွှန်ကြားထားပါတယ်။ ကပ်စေးနှဲတာတော့ မဟုတ်ပါဘူး။ သဘာဝပတ်ဝန်းကျင်ကို တစ်ဖက်တစ်လမ်းက ထိန်းသိမ်းစောင့်ရှောက်တတ်သူမျိုးပါ။

၂။ Warren Buffet

play
 

ကမ္ဘာပေါ်မှာ အချမ်းသာဆုံး အမှုဆောင်အရာရှိချုပ်တစ်ဦးနဲ့ ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်တဲ့ Warren Buffet ဟာ ရိုးရှင်းတဲ့ဘဝကိုပဲ ခုံမင်စွာနေထိုင်သူတစ်ဦး ဖြစ်ပါတယ်။ ၁၉၅၈ ခုနှစ်တုန်းက ဒေါ်လာ (၃၁၅၀၀) နဲ့ဝယ်ထားတဲ့ အိမ်မှာပဲ ခုချိန်ထိ နေထိုင်ပါတယ်။ မနက်မိုးလင်းရင်လည်း Mc Donald's လို အမြန်ရအစားအသောက်ဆိုင်တွေက မှာထားတဲ့ အစားအသောက်တွေကိုပဲ လွယ်လင့်တကူ စားသုံးတတ်ပါတယ်။ ကိုယ်ကြိုက်တဲ့ကားကို ဝယ်စီးနိုင်လောက်အောင် ချမ်းသာတယ်ဆိုပေမယ့်လည်း ကားတစ်စီးကိုပဲ နှစ်ပေါင်းများစွာ စွဲစွဲမြဲမြဲအသုံးပြုပါတယ်။ လူမှုရေးလုပ်ငန်းတွေ၊ ပရဟိတလုပ်ငန်းတွေမှာ ရက်ရောစွာပါဝင်လှူဒါန်းမှုကြောင့်လည်း နာမည်ကြီးပါတယ်။

၃။ Mark Zuckerberg

play
 

၂၁ ရာစုရဲ့ လူနေမှုပုံစံ၊ မီဒီယာလောကနဲ့ စီးပွားရေးလုပ်ဆောင်ပုံတို့ကို Facebook ဆိုတဲ့ လူမှုကွန်ရက်နဲ့ ပြုပြင်ပြောင်းလဲပစ်ခဲ့တဲ့ Facebook တည်ထောင်သူ Mark Zuckerberg ဟာ ရိုးရှင်းတဲ့ ဘဝနေထိုင်မှုကြောင့် နာမည်ကျော်ကြားပါတယ်။ ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ (၇၀) ဘီလျံကျော်ရှိတဲ့ ဘီလျံနာလေးဟာ အနောက်တိုင်းဝတ်စုံတွေအစား မီးခိုးရောင်တီရှပ်နဲ့ ဂျင်းဘောင်းဘီကိုသာ စွဲစွဲမြဲမြဲဝတ်ဆင်တတ်သူ တစ်ဦးဖြစ်ပါတယ်။ သူဟာ ဆင်းရဲနွမ်းပါးသူတွေအတွက် ပညာရေးနဲ့ ကျန်းမာရေးအထောက်အပံ့တွေကို ရက်ရက်ရောရော လှူဒါန်းတတ်သူ တစ်ဦးလည်းဖြစ်ပါတယ်။

၎။ Amancio Ortega

play
 

Zara ဆိုတဲ့ ကမ္ဘာကျော်ဖက်ရှင် brand ကုမ္မဏီတစ်ခုရဲ့ပိုင်ရှင်ဖြစ်တဲ့ Amancio Ortega ဟာ သာမန်ရိုးရိုးတိုက်ခန်းလေးတစ်ခုမှာ ဇနီးဖြစ်သူနဲ့ နေထိုင်သူတစ်ဦး ဖြစ်ပါတယ်။ သူဟာ အဝတ်အစားပုံစံ တစ်မျိုးတည်းကိုပဲ နေ့စဉ်ဝတ်ဆင်တတ်သူဖြစ်ပြီး တန်ဖိုးကြီးစားသောက်ဆိုင်တွေမှာ စားရတာထက် ဝန်ထမ်းတွေနဲ့အတူ Zara ရဲ့ကန်တင်းမှာ နေ့လည်စာစားရတာကို ပိုမိုနှစ်သက်ပါတယ်။

၅။ Ingvar Kamprad

ကမ္ဘာကျော် ပရိဘောဂလုပ်ငန်းတစ်ခုဖြစ်တဲ့ IKEA ရဲ့ထူထောင်သူဖြစ်တဲ့ Ingvar Kamprad ဟာ ပိုက်ဆံကို စည်းစနစ်တကျ သုံးစွဲတတ်သူဖြစ်ပါတယ်။ လေကြောင်းခရီးသွားလာမယ်ဆိုရင် economy class ကစီးလေ့ရှိပြီး သက်တမ်းအားဖြင့် (၁၅) နှစ်ကျော်ပြီဖြစ်တဲ့ မော်တော်ကားဟောင်းလေးကို ခုချိန်ထိ အသုံးပြုနေဆဲပါပဲ။ သူဟာ ဈေးသက်သာတဲ့ စားသောက်ဆိုင်တွေမှာပဲ သွားစားလေ့ရှိပါသတဲ့။

၆။ Tim Cook

play
 

ကမ္ဘာပေါ်မှာ Apple ကုမ္မဏီနဲ့ iphone စီးရီးကိုတော့ မသိတဲ့သူရှိမယ် မထင်ပါဘူး။ Apple ကုမ္မဏီရဲ့ လက်ရှိ CEO လည်းဖြစ်၊ Steve Jobs ရဲ့ အမွေကိုဆက်ခံသူလည်းဖြစ်တဲ့ Tim Cook ဟာ အလုပ်အရမ်းကြိုးစားသူတစ်ဦး ဖြစ်သလို ဘီလျံနာတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ အောက်ခြေကတက်လာသူတစ်ဦး ဖြစ်တဲ့အတွက် သူ့ရဲ့ငယ်ဘဝကို ပြန်အောက်မေ့စေနိုင်တဲ့ ပတ်ဝန်းကျင်တွေမှာပဲ နေထိုင်လေ့ရှိပါတယ်။

၇။ Jim C Walton

အမေရိကန်နိုင်ငံမှာတော့ Walmart ဟာ နေရာတိုင်းမှာရှိတဲ့ စူပါမားကက်တစ်ခုပါ။ Walmart နဲ့ Arvest ဘဏ်တို့ကို ဦးဆောင်လုပ်ကိုင်နေတဲ့သူကတော့ Jim C Walton ပဲဖြစ်ပါတယ်။ သူဟာ ချမ်းသာကြွယ်ဝတဲ့ မိသားစုကလာတယ်ဆိုပေမယ့် ရိုးရှင်းတဲ့ ဘဝပုံစံနဲ့ပဲ နေထိုင်လေ့ရှိပါတယ်။ သူ့ရဲ့ရုံးခန်းဟာလည်း ရိုးရိုးအုတ်နဲ့ ဆောက်လုပ်ထားတဲ့ ရှေးအဆောက်အဦးတစ်ခုမျှသာ ဖြစ်ပါတယ်။

Source: Youngisthan

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video