AD
AD
AD

အမေရိကန်ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယားပြည်နယ် ၊ Ontario မြို့က အကြင်နာမဲ့လုပ်ရပ်ကို လုပ်သွားတဲ့လူငယ်တစ်ယောက်ကို လူတွေက ဒေါသတကြီး ရှာနေကြပါတယ်။ အဲ့ဒီလူငယ်ဟာ ကြောင်လေးတစ်ကောင်ကို လွှင့်ပစ်ကိုင်ပေါက်ခဲ့တာပါ။ ကြောင်လေးက လေထဲကို မြောက်တက်သွားပြီး လမ်းပေါ်ကို အရှိန်နဲ့ကျသွားလို့ အပြင်းအထန် ဒဏ်ရာရသွားခဲ့တယ်။

play

 

စနေနေ့တုန်းက အဆိုပါကောင်လေးရဲ့လုပ်ရပ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုကို သက်သေအနေနဲ့ ရရှိပြီးနောက် Ontario ရဲတပ်ဖွဲ့ကလည်း ကောင်လေးကို စုံစမ်းစစ်ဆေးဖို့ အလိုရှိနေကြပါတယ်။ တာဝန်သိပြည်သူတွေက ရဲတပ်ဖွဲ့ကို သတင်းပေးပို့ တိုင်ကြားခဲ့တာပါ။ ဒီလုပ်ရပ်ကို ကျူးလွန်ခဲ့တဲ့ ကောင်လေးဟာ အသက် ၁၆ နှစ်သာ ရှိသေးလို့ ရဲတပ်ဖွဲ့က အမည်ကို ထုတ်ဖော်ပြောကြားခြင်းမပြုလုပ်ခဲ့ပါဘူး။ အာဏာပိုင်တွေကတော့ ကျူးလွန်တဲ့ကောင်လေးရဲ့နေရာကိုလည်းမသိသလို မဖမ်းမိသေးဘူးလို့ပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။

play

 

လွှင့်ပစ်ခံလိုက်ရတဲ့ ကြောင်လေးဟာ အသက်တော့ သေမသွားပေမဲ့ ခြေထောက်ကျိုးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ ဒဏ်ရာရတဲ့ ကြောင်လေးကိုလည်း The Inland Valley Humane Society က စောင့်ရှောက်ပေးထားတယ်လို့ သိရပါတယ်။

play

 

ဒီဖြစ်ရပ်ဟာ လူမှုကွန်ရက်ကြောင့်သာ ပေါ်ပေါက်လာခဲ့ရတာဖြစ်ကြောင်း Fontana ရဲဌာနက twitter ပေါ်မှာ ရေးသား ဖော်ပြခဲ့ပါတယ်။ လူတွေက ဒီကောင်လေးရဲ့လုပ်ရပ်ကို လူမှုကွန်ရက်ပေါ်မှာ မျှဝေနေကြပြီး ကောင်လေးကို စုံစမ်းပေးဖို့ ပြောနေခဲ့ကြတာပါ။ ကောင်လေးကို အရေးယူရခြင်း မရှိသေးပေမဲ့ စုံစမ်းမှုတွေ ဆက်လုပ်နေပါတယ်လို့လည်း သိရပါတယ်။

Source : BuzzFeed

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD