လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းက အိုက်စလန်နိုင်ငံရဲ့ ဝေလငါးဖမ်းလုပ်ငန်းဟာ ရက်စက်ကြမ်းကြုတ်မှုအတိနဲ့ ပြည့်နှက်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း အိုက်စလန်ပြည်သူတွေကတော့ ဝေလငါးကို နှစ်ခြိုက်စွာနဲ့ပဲ စားသုံးနေဆဲပါ။ အိုက်စလန် လူဦးရေရဲ့ ၃.၂ ရာခိုင်နှုန်းဟာ ဝေလငါးအသားကို ပုံမှန်စားသုံးလေ့ရှိပြီးတော့ ၁.၇ ရာခိုင်နှုန်းကတော့ တစ်လမှာ တစ်ခါတော့ ဝေလငါးအသားကို စားသုံးလေ့ရှိပါတယ်။

play

 

International Fund for Animal Welfare (IFAW) အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ 80 ရာခိုင်နှုန်းသော ဝေလငါးငယ်လေးတွေဟာ အိုက်စလန်နိုင်ငံမှာ သတ်ဖြတ်ခံနေရပြီး ကမ္ဘာ့လှည့်ခရီးသွားတွေကို ဆွဲဆောင်ဖို့ရာအတွက် အိုက်စလန်နိုင်ငံရဲ့ အဓိက အစားအသောက်သဖွယ် ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။ ဝေလငါးတွေ သတ်ဖြတ်ခံနေရမှုအတွက်လည်း IFAW က ' Meet Us, Don't Eat Us' ဆိုတဲ့ campaign တွေကို ပြုလုပ်ခဲ့ပြီး အိုက်စလန်ကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေကို ဝေလငါးအသားဟင်း မစားသုံးဖို့ တိုက်တွန်းခဲ့ပါတယ်။

play

 

ဒါပေမယ့်လည်း အိုက်စလန်ကို လာရောက်နေတဲ့ ကမ္ဘာ့လှည့်ခရီးသွားတွေကတော့ ဝေလငါးဟင်းကို စားသုံးဖို့ စဉ်းစားတွေးတောနေဆဲပါပဲ။ ဘာလို့လဲဆိုတော့ အိုက်စလန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ သန့်ရှင်းစင်ကြယ်တဲ့ သမုဒ္ဒရာပိုင်းတည်ရှိနေတဲ့ နိုင်ငံအနည်းငယ်ထဲက တစ်နိုင်ငံဖြစ်နေတာမို့လို့ အိုက်စလန်နိုင်ငံရဲ့ ဝေလငါးဈေးကွက်က မြင့်တက်နေဆဲ ဖြစ်နေလို့ပါ။ Minke Whale နဲ့ Fin Whale ဆိုပြီး ဝေလငါးဈေးကွက်မှာ နှစ်မျိုးနှစ်စားရှိနေပြီးတော့ Minke Whale တွေကိုတော့ အသေးစား စက်လှေတွေနဲ့တင် ဖမ်းဆီးလို့ရပြီး ပြည်တွင်းစားသုံးသူတွေအတွက် အဓိက ရည်ရွယ်ပြီး ရောင်းချနေတာပါ။ Fin Whale ကိုတော့ ဂျပန်နိုင်ငံက တင်သွင်းထားတဲ့ ရေယာဉ်တွေနဲ့ ဖမ်းဆီးနေတာဖြစ်ပြီးတော့ ကမ္ဘာ့လှည့်ခရီးသွားတွေအတွက် ရည်ရွယ်တာပဲ ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေမှာဆိုရင်တော့ ဝေလငါးဟင်းမီနူးတွေ အပြည့်ရှိနေပြီးတော့ ကြိုက်နှစ်သက်ရာ အစိတ်အပိုင်းကို ရွေးချယ်မှာယူပြီး စားသုံးလို့ရပါတယ်။

play

 

၁၉၄၈ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ အိုက်စလန်နိုင်ငံရဲ့ ဝေလငါးဈေးကွက်ဟာ အခုချိန်ထိ တည်တံ့နေဆဲဖြစ်ပြီး နှစ်စဉ် ဝေလငါး အရွယ်အစားအမျိုးမျိုး  ၂၀၀ ကောင်ရေကျော်ထိ သတ်ဖြတ်ခံနေရတာ ဖြစ်ပြီး ပြည်တွင်းစားသုံးသူဦးရေကလည်း တိုးပွားလျက်ရှိနေ ဆဲပါပဲ။ ဂျပန်နိုင်ငံက ခွေးသားဈေးကွက်လိုပဲ အိုက်စလန်ရဲ့ ဝေလငါးဈေးကွက်ဟာ နာမည်ဆိုးနဲ့ကျော်ကြားလာပြီဖြစ်တယ်လို့ ပင်လယ်စာထုတ်လုပ်ရေးကုမ္ပဏီတစ်ခုရဲ့ ရှယ်ယာရှင်တစ်ဦးက ၀န်ခံခဲ့ပါသေးတယ်။ နှစ်စဉ် ဝေလငါးကောင်ရေ သတ်ဖြတ်ခံရမှုက တရိပ်ရိပ်နဲ့ တိုးတက်နေဆဲဖြစ်ပြီးတော့ ၂၀၀၈ ခုနှစ်မှာ ကောင်ရေ ၃၈ ကောင် သတ်ဖြတ်ဖမ်းဆီးခံရမှုကနေ ၂၀၁၅ ခုနှစ်မှာဆိုရင် ကောင်ရေ ၁၈၄ အထိ ကြောက်ခမန်းလိလိ တိုးပွားလာတာမို့ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့အစည်းတွေရဲ့ ဝေဖန်ပြစ်တင်မှုကလည်း ခုချိန်ထိ မရပ်တန့်သေးပါဘူး။ ဝေလငါး ဖမ်းဆီးသတ်ဖြတ်မှု ဆန့်ကျင်ရေးအသင်းရဲ့ ထုတ်ပြန်ချက်အရ ဆိုရင် ၂၀၁၅ ခုနှစ်မှာ ကုမ္ပဏီတစ်ခုတည်းကပဲ ဝေလငါး တန်ချိန် ၁၅၀၀ အထိကို ဂျပန်နိုင်ငံသို့ တင်ပို့ခဲ့တယ်လို့လည်း သိရပါတယ်။

play

 

အခုဆိုရင်တော့ အိုက်စလန်နိုင်ငံမှာ ဝေလငါးသတ်ဖြတ်ခံနေရမှုကို တားဆီးဖို့အတွက် အဖွဲ့ပေါင်းများစွာက စောင့်ကြည့် လေ့လာနေကြပြီးတော့ တိုးတက်မှုတွေ ဖြစ်ပေါ်ကြောင်းလည်း ထုတ်ပြန်ချက်တွေ ထွက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အိုက်စလန်ရဲ့ ဝေလငါးဈေးကွက်ကတော့ အရှိန်အဟုန်နဲ့ ရှိနေဆဲဖြစ်ပြီးတော့ ပြည်တွင်းစားသုံးသူဦးရေ၊ ကမ္ဘာ့လှည့်ခရီးသွားတို့ရဲ့ မြည်းစမ်းမှု၊ နှစ်ခြိုက်မှုတွေကြောင့် ဒေသတွင်းရိုးရာအစားအစာတစ်ခုအဖြစ် တည်ရှိနေဆဲပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာတော့ ဝေလငါးကောင်ရေ အရွယ်မျိုးစုံ ကိုးသိန်းကျော်ခန့် ရှိနေသေးပေမယ့် အိုက်စလန်နိုင်ငံရဲ့ ဝေလငါးဈေးကွက်ကြောင့် အကောင်ရေပမာဏက သေချာပေါက်ကို လျော့ကျလာဦးမှာလည်း ဖြစ်ပါတယ်။

Source : theculturetrip

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video