" ကျွန်မ အိပ်ယာက နိုးလာတော့ ဗိုက်ဆာလာတယ်။ ဒီတော့ တစ်အိမ်လုံးမှာ စားစရာ ဘာများရှိမလဲ လိုက်ရှာမိတော့ ခွေးကျွေးတဲ့ ကွတ်ကီးအချို့တွေ့လို့ ကျွန်မ စားခဲ့တယ်။ ကျွန်မမှာ ရွေးချယ်စရာမှ မရှိတော့တာ"

မျက်ရည်စက်လက်နှင့် ပြောနေသော အမျိုးသမီး၏ ပုံစံသည် ညိုးနွမ်းမှုအတိဖြင့်။ ခြောက်သွေ့နေသော ဆံပင်များက ဖြီးသင်ခံရခြင်း မရှိသောကြောင့် ဖွာလန်ကျဲနေသေးသည်။ သူ့နာမည်က မာရီယာ (နာမည်လွှဲပြောင်းထား)။ ဘရာဇီးမှနေ၍ ဖိလစ်ပိုင်နိုင်ငံသို့ အိမ်အကူဟူသည့် အလုပ်ဖြင့် လာရောက်လုပ်ကိုင်နေသူလည်း ဖြစ်သည်။ ဘရာဇီးနိုင်ငံ၊ ဆော်ပေါ်လိုမြို့တွင် ချမ်းသာသော အိမ်များနှင့် အိမ်နီးချင်း ဖြစ်ခဲ့ဖူးသည်ဟုလည်း မာရီယာက ပြောသည်။ ထို့နောက်တွင်တော့ သူ့အတွက်၊ သူ့မိသားစုအတွက် ဖိလစ်ပိုင်သို့ ရောက်ရှိလာခဲ့ပြီး အိမ်ဖော်အလုပ် လုပ်ကိုင်နေခဲ့ခြင်းလည်း ဖြစ်သည်။

play

 

ဖိလစ်ပိုင်တွင်တော့ ကျောင်းနေအရွယ်ကလေး (၃)ယောက် နှင့် လူလားမမြောက်သေးသော ကလေးတစ်ယောက် စုစုပေါင်း လေးယောက်ကို ထိန်းကျောင်းပေးရသည့် တာဝန်ကို ယူရသည်။ ထို့ပြင် ကြီးမားများပြားသော ပရိဘောဂများကို သန့်ရှင်းရေး လုပ်ရပြီး ထမင်းစားခန်း၊ အိပ်ခန်း (၄)ခန်းနှင့် သူ့ကိုယ်ပိုင်အခန်းလေးကို နေ့စဉ် ရှင်းလင်းပေးရပြန်သေးသည်။ ထို့နောက်တွင်တော့ အိမ်တွင်မွေးထားသည့် ခွေးကို ခဏတာမျှ ထိန်းကျောင်းပေးရပြီး ညဆိုလျှင်တော့ ကလေးများကို အိပ်ယာထဲ လိုက်ပို့ပြီး ကလေးသိပ်ရပြန်သည်။ သူ့အတွက်တော့ တစ်နေ့လျှင် ၂၄ နာရီဆိုသည့် အချိန်ကား မလုံလောက်။

တီဗီကြည့်ရှူခွင့် ပိတ်ပင်ခံထားရသည့် မာရီယာ၏ ဘ၀သည် အကျဉ်းသားနှင့်ပင် တူနေသေးတော့သည်။ တခါဆိုလျှင် စားပွဲတစ်ခုကို သန့်ရှင်းရေးမလုပ်မိသဖြင့် နာရီပေါင်းများစွာ ထိုစားပွဲကို တိုက်ချွတ်ဖို့ အပြစ်ပေးခြင်း ခံရဖူးသည်။ နေ့ရက်အများစုတွင်တော့

play

 

အ၀တ်များစွာကို လျှော်ဖွပ်ရသည်။ ထိုမျှနှင့်ပင် မပြီးသေး၊ ထိုအ၀တ်များကို မီးပူတိုက်ပေးရသည်က နာရီပေါင်းမနည်းလှ။ ဆိုရလျှင်တော့ မာရီယာအတွက် အလုပ်နှင့်လက် ဇယ်ဆက်နေခဲ့သည့် နေ့ရက်များပင်။ တခြား အလုပ်သမားများကဲ့သို့ တစ်ပတ်လျှင် တစ်ရက်မျှတောင် ခွင့်မရခဲ့။ လူသားတစ်ဦး၏ ရသင့်ရထိုက်သော ရပိုင်ခွင့်များကို ချိုးနှိမ်ခံခဲ့ရပြီး လူ့အခွင့်အရေး ချိုးဖောက်မှု ခံခဲ့ရသည်။ မ၀ရေစာ ကျွေးမွေးခြင်းကိုသာ ရရှိပြီး နေ့ရက်အများစုတွင် သူ့အတွက် အစားအသောက် လောက်ငှမှု မရှိဟု မာရီက ဖွင့်ဟခဲ့သည်။

" ကျွန်မ ဘ၀က ငိုကြွေးမှုတွေနဲ့ပဲ လည်ပတ်နေခဲ့ရတယ် " ဟု မာရီယာက ၀မ်းနည်စဖွယ် ပြန်ပြောင်းပြောဆိုခဲ့သည်။ " ဘရာဇီးက ထွက်လာတုန်းက ကျွန်မဘ၀အတွက် အကောင်းဆုံးတွေဖြစ်လာဖို့ မျှော်လင့်ခဲ့တာ၊ ဒါပေမယ့် အခုတော့ ဘ၀မှာ အဆိုးဝါးဆုံးတွေနဲ့ ရင်ဆိုင်နေခဲ့ရတယ်၊ ဘာလို့လည်း ကျွန်မ မသိတော့ဘူး" ဟု သူက ထပ်ပြောသည်။ " ကျွန်မ အိပ်ယာက နိုးလာတော့ ဗိုက်ဆာလာတယ်။  ဒီတော့ တစ်အိမ်လုံးမှာ စားစရာဘာများရှိမလဲ လိုက်ရှာမိတော့ ခွေးကျွေးတဲ့ ကွတ်ကီးအချို့တွေ့လို့ ကျွန်မ စားခဲ့တယ်။ ကျွန်မမှာ ရွေးချယ်စရာမှ မရှိတော့တာ" ဆိုသည့် စကားက သူ့ဘ၀၏ အမိုက်မှောင်အကျဆုံး အခိုက်အတန့်ကို ရိုးရိုးလေး ပြောပြခြင်းလည်း ဖြစ်သည်။

play

 

ငရဲခန်းထဲ ကျရောက်ခဲ့သည့် မာရီယာ၏ ဘ၀နေ့ရက်များ ကုန်ဆုံးမည့် နေ့တော့ ရှိလာခဲ့သည်။ ထိုနေ့က အိမ်ရှင်မိသားစုအကုန်လုံး အပြင်ထွက်သွားခဲ့သည်။ သို့သော် အိမ်ကို အပြင်မှ သော့ခတ်ခဲ့ပြီး မာရီယာကို ပိတ်လှောင်ထားခဲ့သည်။ အိမ်မှ ထွက်ပြေးရန် ကြိုးစားနေသည့် မာရီယာအတွက်တော့ အခွင့်အလမ်းပင်။ အိမ်အပြင်ထွက်ရန် နည်းလမ်းရှာရင်း နောက်ဆုံးတော့ တံခါးကို ဖွင့်လို့ရခဲ့သည့်နောက်တွင် မာရီယာ ထွက်ပြေးလာခဲ့လေသည်။ တချိန်တည်းမှာပင် သူမ လွတ်မြောက်ခဲ့ပြီဟု ခံစားခဲ့ရကြောင်း မာရီယာက ပြန်ပြောခဲ့သည်။ အိမ်ထဲတွင်တော့ သူမ၏ အိတ်နှင့် စာရွက်စာတမ်းများ ကျန်ရှိနေခဲ့သည်။ သူမကတော့ လုံခြုံရေးကင်မရာကို တည့်တည့်ကြည့်ခဲ့ပြီး " Good Bye " ဟု နှုတ်ဆက်ခဲ့လေသည်။ ထို့နောက်တွင်တော့ အစိုးရမှ ပေးသော အလုပ်သစ်တစ်ခုကို လက်ခံရရှိခဲ့ပြီး ဗီဇာအသစ်ပါ ရရှိခဲ့သေးသည်။ သို့သော် သူမ ဘ၀ကတော့ အကြောက်တရားများမှ ကင်းလွတ်ခြင်း မရှိခဲ့သေး။ သူမနေထိုင်သော တိုက်ခန်းသို့ မကြာခဏ ရှာဖွေစစ်ဆေးခြင်းခံနေခဲ့ရပြီး ထိုသို့ စစ်ဆေးလေတိုင်း ကြောက်ရွံ့နေခဲ့ရကြောင်း မာရီယာက ၀န်ခံခဲ့သည်။ သမီးဖြစ်သူ ကျောင်းစရိတ်ထောက်ပံ့နိုင်အောင် အားတင်းခဲ့ရသည့် မာရီယာ၏ ဘ၀နေ့ရက်ရှည်များကား နွမ်းမောစရာကောင်းလှတော့သည်။

ခုတော့ မာရီယာတစ်ယောက် မွေးရပ်မြေ ဘရာဇီးလ်သို့ ပြန်ရောက်သွားပေပြီ။ " ကျွန်မ လွတ်လပ်သွားပြီလို့ ခံစားရတယ်၊ အခုတော့ အရမ်းပျော်နေတယ်" ဟုပြောရင်း မာရီယာက သူ့ဘ၀ဇာတ်ကြောင်းကို နိဂုံးချုပ်ခဲ့သည်။

play

 

ဖိလစ်ပိုင်နိုင်ငံတွင် အိမ်ဖော်လုပ်သားပေါင်းများစွာ ရှိနေပြီး အများစုကတော့ ဒေသတွင်း အာရှတိုက်မှ ဖြစ်ကာ လူချမ်းသာတို့အတွက် အိမ်အကူအလုပ် လုပ်ကိုင်ပေးနေခြင်း ဖြစ်သည်။ သို့သော် လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုနှင့် ဖိနှိပ်ချုပ်ချယ်မှုတို့က အဆမတန်မြင့်တက်လျက်ရှိနေသည်။ အဓိကအားဖြင့် ဘရာဇီးနိုင်ငံမှ အလုပ်ပွဲစား၊အေဂျင်စီများနှင့် ဆက်သွယ်ပြီး ဈေးပေါပေါနှင့်ရနိုင်သည့် အိမ်ဖော်များကို ခေါ်ယူနေခြင်းလည်း ဖြစ်သည်။  ဘရာဇီးနိုင်ငံက ကမ္ဘာပေါ်တွင် အိမ်ဖော်လုပ်သား အများဆုံးရှိသည့် နိုင်ငံဖြစ်ပြီးအများစုကတော့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှု၊ တရားမမျှတမှုတို့ဖြင့် ရင်ဆိုင်နေရသည်။ လစာပေးချေမှုကိုလည်း ထိန်းချုပ်ထားကြပြီး ခန့်မှန်း၍ မရလောက်အောင်ပင် ရှိနေခဲ့သည်။ ဘရာဇီးအစိုးရမှ ထိုကိစ္စကို ကိုင်တွယ်ရှင်းလင်းဖို့ ကြိုးစားနေသော်လည်း ထင်သလောက် ခရီးမရောက်သေးပဲ နှေးကွေးနေဆဲပင် ရှိနေသည်။ အလုပ်ချိန် ၈ နာရီသတ်မှတ်ပေးရန်၊ တစ်ပတ်လျှင် အများဆုံး အလုပ်ချိန် ၄၄ နာရီသာ ထားရှိရန်နှင့် အချိန်ပိုကြေးပေးရန် ဆောင်ရွက်ခဲ့သော်လည်း ယခုထိ အရာမထင်သေး။ ဘရာဇီးမှ အဖွဲ့အစည်းပေါင်းများစွာက ၀ိုင်းဝန်းဖြေရှင်းပေးနေသော်လည်း ယနေ့ထက်ထိ ပြေလည်မှုမရှိသေးပေ။

ဒီကိစ္စများက ဖိလစ်ပိုင် တစ်နိုင်ငံတည်းမှ မဟုတ်။ ကမ္ဘာနှင့်အ၀ှမ်းဖြစ်ပျက်နေသည့် အလုပ်ရှင်နှင့်အလုပ်သမားဆိုင်ရာ ပြသနာများပင်။ အဓိကအားဖြင့် မတရားစေခိုင်းခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်းနှင့် လူ့အခွင့်အရေး ချိုးဖောက် ခံနေရခြင်းများပင်ဖြစ်သည်။ ဆင်းရဲမွဲတေမှု၊ ပညာရေးအဆင့်အတန်း နိမ့်ပါးမှုတို့၏ အကျိုးဆက်ကြောင့် ဒီနေ့ဒီအချိန်ထိ ထိုကဲ့သို့ ကိစ္စများက ဖြစ်ပွားနေဆဲပင်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video