AD
AD
AD

ခရစ္စမတ်ကာလကို ရောက်လာပြီဆိုတော့ အချင်းချင်း လက်ဆောင်လေးတွေ ပေးရတာလည်း ကြည်နူးစရာကောင်းတယ်နော်။ လက်ဆောင်ဆိုတဲ့ နေရာမှာလည်း တန်ဖိုးကြီးမှ ၊ လှနေမှ မဟုတ်ပါဘူး။ ကိုယ့်စိတ်ကို ဖော်ပြနိုင်မယ့် လက်ဆောင်ဖြစ်ရင် ဈေးမကြီးလည်း အဖိုးတန်ပါတယ်။ တကယ်လို့ မိမိကိုယ်တိုင် ပြုလုပ်ထားတဲ့ လက်ဆောင်လေးတွေ ပေးချင်ရင်တော့ လွယ်လွယ်နဲ့လုပ်လို့ရမယ့် ခရစ္စမတ်လက်ဆောင်လေးတွေကို ပြောပြပါရစေ။

၁။ လက်ဖက်ရည်ခွက်ဖယောင်းတိုင်

play

 

အိမ်မှာ လက်ဖက်ရည်ခွက်တွေ များနေပြီဆိုရင် ဒီနည်းလေး သုံးကြည့်ပါလား။ လက်ဖက်ရည်ခွက်ချည်းပဲ လက်ဆောင်ပေးလိုက်တာထက် ဖယောင်းတိုင်လေးလုပ်ပြီး ပေးရအောင်လေ။ ကြိုးစရယ် ၊ ဖယောင်းရည်ရယ်ကို ခွက်ထဲ လောင်းထည့်လိုက်ရုံပါပဲ။ Essential oil လေး ထည့်ပေးရင်တော့ အကောင်းဆုံးပေါ့။ ဒီလက်ဆောင်ကို ရတဲ့လူကလည်း ပျော်မှာပါ။

၂။ မိသားစုပုံ သော့တွဲ

play

 

မိသားစုဝင်တွေရဲ့ပုံကို တစ်ပုံချင်းစီ ပရင့်ထုတ်ပြီး ကီးချိန်းတွဲလေးအဖြစ်နဲ့ လက်ဆောင်ပေးကြည့်ပါ။ ကာလာမပါဘဲ အဖြူအမည်းနဲ့ ပြောင်းပြီး ထုတ်ရင်လည်း မဆိုးဘူး။

၃။ ဈေးဝယ်အိတ်

play

 

ဈေးဝယ်အိတ်တွေက တန်ဖိုးအနေနဲ့လည်း မများဘူး။ ဒါပေမဲ့ တကယ်အသုံးတည့်တယ်လေ။ အချုပ်အလုပ် ဝါသနာပါတယ်ဆိုရင် အဝတ်ဖြတ်စလေးတွေကို အိတ်ပေါ်မှာ ကပ်ချုပ်ပြီး လက်ဆောင်ပေးလို့ရတယ်။

၎။ အိမ်လက်ရာမုန့်

play

 

ပေါင်မုန့်နဲ့ ယိုကို ဆိုင်ကဝယ်တာတော့ ကွာလတီကောင်းကောင်းရမှာပေါ့။ ဒါပေမဲ့ စေတနာမေတ္တာတွေ ထည့်ပြီး လုပ်ထားတဲ့ ပေါင်မုန့်နဲ့ သစ်သီးယိုလေးက စားရသူကို ပျော်ရွှင်စေမှာ။ ဆိုးဆေးနဲ့ ဓာတုပစ္စည်းတွေလည်း မထည့်ဘူးလေ။

၅။ သံစုံခေါင်းလောင်း

play

 

လေတိုက်တဲ့နေရာလေးမှာ တွဲလောင်းချိတ်ထားမယ့် သံစုံခေါင်းလောင်းလေးတွေဆိုရင်ရော ဘယ်လိုလဲ။ လုပ်ရတာ မခက်ပါဘူး။ တန်းကို သစ်သားဖြစ်ဖြစ် pvc ပိုက်ဖြစ်ဖြစ် ရွေးပြီး အပေါက်ဖောက်။ အပေါက်ထဲကို ကြိုးလေးတွေလိုက်ထည့်ရမယ်။ ကြိုးအဆုံးမှာတော့ အချင်းချင်းရိုက်ခတ်ရင် အသံထွက်မယ့်အရာလေးတွေကို ချည်ပေးထားရုံပဲ။ လေတိုက်တော့ အဲ့တာလေးတွေက လှုပ်သွားပြီး အချင်းချင်းရိုက်ခတ်တာကနေ အသံစုံထွက်လာမှာဖြစ်ပါတယ်။

Source : Dodoburd

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD