"ချွေတာစုဆောင်း သူဋ္ဌေးလောင်း" ဆိုတဲ့ စကားက ဒီခေတ်ကြီးထဲမှာ မှန်ပါသေးရဲ့လား။ ချွေတာစုဆောင်းတတ်ရုံနဲ့ သူဋ္ဌေးဖြစ်တဲ့ ခေတ်မဟုတ်တော့တာတော့ သေချာပါတယ်။ ဒါပေမယ့် သူဋ္ဌေးဖြစ်ချင်ရင်တော့ ချွေတာစုဆောင်းတာကပဲ စရမှာပါပဲ။ နေရာတကာမှာ လက်ဖွာပြီး အသုံးအဖြုန်းကြမ်းတဲ့ သူကတော့ (မွေးရာပါ ကျိကျိတက်ချမ်းသာတဲ့သူမှတပါး) သူဋ္ဌေးဘဝကို ရောက်မှာတော့ မဟုတ်ပါဘူး။

ဒါပေမယ့် ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ သေချာကြည့်တတ်ရင် ငွေစုဆောင်းတာ တော်တဲ့သူတွေ အများကြီးပါပဲ။ အဲဒီသူတွေမှာ ထူးခြားတဲ့ ဝိသေသလက္ခဏာလေးတွေလည်း ရှိပါတယ်။ အဲဒါတွေကတော့...

၁။ နေ့ရွှေ့ညရွှေ့ မလုပ်ဘူး

play

ပိုက်ဆံစုမယ်ကွာ ဆိုတဲ့စိတ်လေးတော့ ဝင်လာပါရဲ့။ "အင်း ဒါလေးဝယ်ပြီးမှ စစုပါတော့မယ်" တို့၊ "ဟိုဟာလေး ဝယ်ပြီးမှ စစုပါတော့မယ်" တို့ လုပ်နေရင်တော့ ဘယ်တော့မှ စုဖြစ်မှာမဟုတ်တော့ပါဘူး။ တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲဆိုတဲ့ စကားပုံအတိုင်း နည်းနည်း၊ နည်းနည်းလေးက စစုသွားရင် တဖြည်းဖြည်းနဲ့ ပမာဏတစ်ခု ရလာပြီး ငွေကြေးဥစ္စာလည်း တိုးပွားလာမှာပါ။ အကောင်းဆုံးကတော့ "ဘေဘီလုံမှာ အချမ်းသာဆုံးပုဂ္ဂိုလ်" ထဲကလို ဝင်ငွေရဲ့ ဆယ်ပုံတစ်ပုံကို မရရအောင် စုတာက စတာပါပဲ။

၂။ အနားယူချိန်အတွက် ဘဏ်အကောင့်သက်သက် ဖွင့်ထားတယ်

play
 

ငွေစုတာ တော်တဲ့သူတွေက အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှု အားကောင်းကြပါတယ်။ ငယ်ရွယ်စဉ်က မစုဆောင်းခဲ့တဲ့အတွက် ကြီးလာမှ ဘိုးဘွားရိပ်သာရောက်ရတာတို့၊ သားသမီးမျက်နှာ ကြည့်နေရတာတို့က တကယ်တော့ သိပ်စိတ်ညစ်ဖို့ကောင်းပါတယ်။ ကိုယ်ပိုက်ဆံရှာနိုင်သေးချိန်မှာ ပြဿနာမရှိပေမယ့် အငြိမ်းစားယူခါနီးကျမှ စုထားဆောင်းထားတာလေး မရှိရင်တော့ တော်တော်လေး တိုင်ပတ်ပါလိမ့်မယ်။ ဒါကြောင့် အနာဂတ်အတွက် ပြင်ဆင်ထားပြီး အနားယူချိန်အတွက် ဘဏ်အကောင့်သက်သက်တစ်ခု ဖွင့်ထားသင့်ပါတယ်။

၃။ လိုအပ်တာနဲ့ လိုချင်တာကြားက ကွာခြားချက်ကိုသိတယ်

play
 

ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ကော ပြန်မေးမိကြပါသလား။ ကျွန်တော်တို့တွေ နေ့စဉ်ဝယ်နေမိတဲ့ ပစ္စည်းအသုံးအဆောင်တွေက တကယ်ကော ကိုယ့်အတွက် မရှိမဖြစ်လိုအပ်ပါသလားဆိုပြီး။ ဥပမာ လက်ရှိကိုင်နေတဲ့ ဖုန်းလေး မော်ဒယ်အောက်နေလို့ အသစ်လဲချင်တယ်ဆိုရင် ကျွန်တော်တို့တွေ နှစ်ခါမစဉ်းစားဘဲ အသစ်တစ်လုံး ဝယ်လိုက်မိကြတယ်။ ဖုန်းအသစ်တန်ဖိုးက ကျွန်တော်တို့ တတ်နိုင်တဲ့ အတိုင်းအတာထဲမှာ ရှိနေတယ်ဆိုရင်တောင် မရှိမဖြစ်မလိုအပ်သေးသရွေ့ မဝယ်သင့်သေးပါဘူး။ ငွေစုဆောင်းတတ်သူကတော့ ဒီနှစ်ခုကြားက ကွာခြားချက်ကို ကောင်းကောင်းနားလည် ပါလိမ့်မယ်။

၎။ ဘတ်ဂျက်သတ်မှတ်ထားတယ်

play
 

ငွေစုဆောင်းတာာ တော်တဲ့သူတွေဟာ နေ့စဉ်အသုံးစရိတ်တွေအတွက် ဘတ်ဂျက်သတ်မှတ် သုံးစွဲပါတယ်။ ဥပမာ တစ်လလုံးမှာ စားစရိတ် (၁) သိန်း သတ်မှတ်ထားရင် အဲဒီ (၁) သိန်းနဲ့ မလောက် လောက်အောင် သုံးပါတယ်။ သုံးပြီးသမျှ ပိုက်ဆံကိုလည်း ငါးဆယ်၊ တစ်ရာကအစ မှတ်သားပြီး ဘတ်ဂျက်ထဲမှာ မှတ်တမ်းတင်ထားတတ်ပါတယ်။ မိမိရဲ့ဝင်ငွေ၊ ထွက်ငွေ စီးဆင်းမှု (Cash flow) ကို မိမိကိုယ်တိုင်ကပဲ နားလည်နေရင် ဝင်ငွေပိုကောင်းလာဖို့၊ စုဆောင်းငွေ ပိုများလာဖို့ လမ်းကြောင်းတွေကိုလည်း မြင်တတ်လာပါလိမ့်မယ်။

၅။ စုဆောင်းဖို့ကိုပဲ ဦးစားပေးတယ်

play
 

ငွေစုဆောင်းတတ်သူတွေရဲ့ သိသာထင်ရှားတဲ့ အချက်တစ်ချက်ကတော့ ငွေစုဆောင်းခြင်းကို နံပါတ်တစ်ဦးစားပေးအဖြစ် သတ်မှတ်ထားခြင်းပါပဲ။ ဘာကိုလည်း လိုချင်လိုချင်၊ ဘာကိုပဲ ဝယ်ချင်ဝယ်ချင် စုဆောင်းဖို့ သတ်မှတ်ထားတဲ့ ပမာဏတစ်ခုကို ရောက်ပြီးမှ ဝယ်ပါတယ်။ ဥပမာ တစ်လကို တစ်သိန်းစုကိုစုမယ်လို့ မှန်းထားရင် လစာထုတ်ပြီးတာနဲ့ အဲဒီတစ်သိန်းကို ရအောင်အရင်စုပါတယ်။ နောက်မှ ကျန်တဲ့ ပိုက်ဆံတွေကို သုံးတန်တာသုံး၊ စားတန်တာစားဖို့ ဘတ်ဂျက်ထဲထည့်ပါတယ်။

Source: Reader's Digest

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video