AD
AD
AD
play

 

ကိုယ်ပိုင်လုပ်ငန်းအသစ်တစ်ခုစတင်တယ်ဆိုတာ လုပ်ငန်းသေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ အခွင့်အလမ်းတွေ အများကြီးရှိနေသလို စိန်ခေါ်မှုတွေလည်းအများကြီးရှိနေပါတယ်။ ဒီလိုကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို သင်တစ်ယောက်တည်း စမ်းတဝါးဝါးနဲ့ဖြတ်ကျော်စရာမလိုပါဘူး။ Chivas Venture ရဲ့နောက်ဆုံးစကာတင်စာရင်းဝင် စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေက သူတို့ရဲ့အတွေ့အကြုံတွေကနေတဆင့် အဖိုးမဖြတ်နိုင်တဲ့အကြံဥာဏ်တွေကို ပြန်လည်မျှ ဝေပေးထားပါတယ်။ ဒါတွေက လုပ်ငန်းအသစ်တစ်ခုအောင်မြင်နိုင်ဖို့ ရွှေစည်းမျဉ်းတွေပါ။ အဲဒီစည်းမျဉ်းတွေက ဘာတွေများ ဖြစ်မလဲ ကြည့်လိုက်ရအောင်။

(၁) ကိုယ့်ရဲ့ဝါသနာနဲ့စိတ်အားထက်သန်မှုကိုရှာဖွေပါ။

ဘဝဆိုတာ တိုတိုလေးပါ။ကိုယ်မလုပ်ချင်တဲ့အလုပ်တွေကိုသည်းခံပြီးလုပ်နေရလောက်အောင် အချိန်မရှိပါဘူး။ ဒါကြောင့်ကိုယ်ကဘယ်လိုအလုပ်မျိုးတွေကို စိတ်ပါလက်ပါနဲ့အချိန်တုန်းလုပ်ချင်လောက်အောင် စိတ်အားထက်သန်မှု ရှိလည်းဆိုတာကိုသိအောင်ရှာဖွေပြီး အဲဒီလိုအလုပ်မျိုးကိုပဲကိုယ်ပိုင်လုပ်ငန်းအဖြစ် ထူထောင်သင့်ပါတယ်။

" ခင်ဗျားရဲ့အတွေးတွေနောက်ကိုလိုက်ပါ။ ခင်ဗျားရဲ့စိတ်အားထက်သန်မှုတွေ၊လုပ်ဆောင်နိုင်စွမ်းတွေနောက်ကိုပေါ့။ ကိုယ့်ရဲ့အလုပ်ကိုကိုယ့်နေ့စဉ်ဘဝလို့ခံယူပါ။ ကိုယ့်ရဲ့စိတ်အားထက်သန်မှုပေါ်မှာပဲအာရုံစိုက်ထားပါ။ ကိုယ်လုပ်မယ့်လုပ်ငန်းထဲမှာ ကိုယ့်ကိုယ်ကိုယ်မမြုပ်နှံနိုင်ဘူးဆိုရင်တော့ အဲဒီကုမ္ပဏီကို စ မလုပ်တာကပိုကောင်း ပါလိမ့်မယ် " လို့ Factelier ကုမ္ပဏီရဲ့ CEO တိုရှီယိုယာမာဒါ ကအကြံပြုထားပါတယ်။

(၂) ကိုယ့်ရဲ့ဈေးကွက်ကိုသိအောင်လုပ်ပါ

ကိုယ်ထုတ်လုပ်မယ့် ကုန်ပစ္စည်း၊ဝန်ဆောင်မှုက ဘယ်သူတွေကိုရည်ရွယ်သလဲဆိုတာ ကိုယ်တိုင်ရှင်းရှင်းလင်းလင်း သိရှိထားဖို့လိုပါတယ်။ အဲဒီလိုသိရှိပြီးတဲ့နောက်မှာ လူအယောက် ၁၀၀ လောက်အတွက်ပဲအရင်ဆုံးရည်မှန်းပြီး သူတို့စိတ်ကျေနပ်မှု အပြည့်အဝရရှိစေမယ့် ကုန်ပစ္စည်း၊ ဒါမှမဟုတ်ဝန်ဆောင်မှုဖြစ်အောင်ကြိုးစားထုတ်လုပ်ရပါမယ်။ အဲဒီလို လူအယောက် ၁၀၀ လောက်စိတ်ကျေနပ်မှုအပြည့်အဝရတဲ့ကုန်ပစ္စည်း၊ ဝန်ဆောင်မှုဖြစ်လာပြီဆိုရင် ပိုပြီးကြီးမားတဲ့ဈေးကွက်အတွက် အဆင်သင့်ဖြစ်နေပါပြီ။ ကိုယ့်ရဲ့ဈေးကွက်လို့ဆိုတဲ့နေရာမှာ ကိုယ့်ရဲ့စားသုံးသူ ဖြစ်လာမယ့်သူတွေကိုချည်းပဲ ဆိုလိုတာမဟုတ်ပါဘူး။ လုပ်ငန်းတိုးချဲ့ဖို့အတွက်ရင်းနှီးမြုပ်နှံမယ့်သူတွေကို ရှာဖွေဖို့လိုအပ်တယ်ဆိုရင် အရင်းအနှီးရှိပြီး ကိုယ့်လုပ်ငန်းကိုစိတ်ဝင်စားတဲ့သူတွေက ရင်းနှီးမြုပ်နှံဖို့အတွက် ယုံကြည်မှုရှိလာလောက်တဲ့အထိ ကြိုးစားထုတ်လုပ်ရမှာပဲ ဖြစ်ပါတယ်။

play

 

(၃) အကူအညီတွေရယူပါ

လုပ်ငန်းတစ်ခုစတင်ဖို့အတွက် အိုင်ဒီယာကအရေးကြီးပါတယ်။ ဒါပေမဲ့အဲဒီအိုင်ဒီယာအတိုင်း အောင်အောင်မြင်မြင် အကောင်အထည်ဖော်နိုင်ဖို့လည်း လိုပါသေးတယ်။ သင်တစ်ယောက်တည်းနဲ့ အရာအားလုံးကိုလုပ်ဆောင်ဖို့ဆိုတာ မဖြစ်နိုင်သလို၊ လက်တွေ့လည်းမကျပါဘူး။ သင့်ရဲ့အိုင်ဒီယာအကောင်အထည်ပေါ်လာဖို့အတွက် သင့်ရဲ့နောက်မှာ သက်ဆိုင်ရာကျွမ်းကျင်ပညာရှင်တွေနဲ့ မှန်ကန်တဲ့အဖွဲ့တစ်ဖွဲ့ရှိနေဖို့လိုပါတယ်။ ဒီအတွက်လိုအပ်သလို အကြံဥာဏ်တွေပေးနိုင်မယ့် ပညာရှင်တွေရဲ့အကြံဥာဏ်တွေ၊ သင့်ရဲ့အဆက်အသွယ်တွေ၊ ရင်းနှီးတဲ့မိတ်ဆွေတွေရဲ့ အကူအညီတွေကိုရယူဖို့လည်း လိုအပ်ပါတယ်။

(၄) ဇွဲမလျှော့တမ်းလုပ်ပါ

အောင်မြင်တဲ့ကိုယ်ပိုင်လုပ်ငန်းတစ်ခုထူထောင်ဖို့ဆိုတာ သိပ်လွယ်နေရင်လူတိုင်းလုပ်နေကြမှာပါ။ အခက်အခဲတစ်ခုခု၊ ရှုံးနိမ့်မှုတစ်ခုခုကြုံလာတိုင်း ရပ်တံ့လိုက်မယ်ဆိုရင်တော့ ကိုယ်လုပ်ချင်တဲ့လုပ်ငန်းတစ်ခုကို အောင်အောင်မြင်မြင်တည် ထောင်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် မစခင်မှာအကောင်းဆုံးကြိုတင်ပြင်ဆင်ဖို့လိုအပ်သလို စတင်ပြီးတဲ့နောက်မှာလည်း အောင်မြင်တဲ့ထိ ဇွဲမလျှော့တမ်းလုပ်ကိုင်သွားဖို့ လိုပါတယ်။

" စိတ်ရှည်ပါ၊ ကိုယ်တတ်နိုင်သမျှအကောင်းဆုံးလုပ်ပါ။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားက ကမ္ဘာကြီးကိုပြောင်းလဲနိုင်လို့  ပါပဲ " လို့ ဘယ်လိုရေချိုမျိုးကိုမဆို သောက်သုံးနိုင်တဲ့ရေသန့်အဖြစ်ပြောင်းနိုင်ပြီး အလွယ်တကူရွှေ့ပြောင်း တပ်ဆင်နိုင်တဲ့စနစ်ကိုထုတ်လုပ်သူ Khaled Al Mezayen of SoWat ကအားပေးစကားပြောကြားထားပါတယ်။

(၅) အခုပဲလုပ်ပါ

သင့်ရဲ့လုပ်ငန်းကိုစတင်ဖို့ အကောင်းဆုံးအချိန်ဆိုတာမရှိပါဘူး။ ဒါကြောင့် ရက်ရာဇာတွေ၊ ပြဿဒါးတွေရွေးမနေဘဲ ခုချက်ချင်းပဲထလုပ်လိုက်ပါ။အခုဆိုတဲ့အချိန်က အကောင်းဆုံးပါပဲ။

" ပြီးပြည့်စုံတဲ့အချိန်ဆိုတာမရှိပါဘူး။ အဲဒီတော့တတ်နိုင်သမျှအမြန်ဆုံးသာစတင်လိုက်ပါ " လို့ iDrop Water ရေသန့်စင်စက်ထုတ်လုပ်သူ James Steere ကတိုက်တွန်းထားပါတယ်။

ဒီနေ့ကမ္ဘာမှာ လူမှုပတ်ဝန်းကျင်နဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရေးတကြီး လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ဖို့ အတွက် စိတ်အားထက်သန်ပြီး သူတို့ရဲ့ အရည်အသွေးတွေနဲ့ စွမ်းအင်တွေကို ပိုမိုကောင်းမွန်တဲ့ ကမ္ဘာတစ်ခုတည်ဆောက် ရာမှာအသုံးချနေတဲ့ မျိုးဆက်သစ်တစ်ရပ် ရှိနေပါတယ်။ Chivas Regal ဟာ အဲဒီမျိုးဆက်သစ်တွေကို အဓိပ္ပာယ်ပြည့်ဝတဲ့နည်းလမ်းတွေနဲ့ ထိတွေ့ဆက်ဆံပြီး သူတို့တွေထဲကနေ အောင်မြင်တဲ့ လူမှုကူညီရေး စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ပေါ်ထွက်လာစေဖို့အတွက် အားပေးကူညီသွားဖို့ ဆုံးဖြတ်ထားပါတယ်။

စီးပွားရေးလုပ်ငန်းနဲ့ တီထွင်ဖန်တီးမှုတွေက ကောင်းမွန်မှုအတွက်အင်အားတစ်ရပ်ဖြစ်လာနိုင်တယ်လို့ Chivas Regal က စိတ်ထဲနှလုံးထဲက ယုံကြည်ထားပါတယ်။ www.chivas.com ကိုဝင်ရောက်ပြီးတော့ ဆက်လက်လေ့လာဖတ်ရှု့နိုင် ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD