AD
AD
AD
play

 

အရသာရှိတဲ့ဟင်းလျာတွေချက်ပြုတ်နိုင်ဖို့ဆိုတာ အိမ်ရှင်မတွေရဲ့နေ့စဉ်ဘဝရည်မှန်းချက်တစ်ခုပါပဲ။ ဒီရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ဖို့ အိမ်ရှင်မတိုင်းဟင်းလျာချက်ပြုတ်ရာမှာ လိုက်နာသင့်တဲ့နည်းလမ်း ၃ ခုကိုဖော်ပြပေး ချင်ပါတယ်။

(၁) ဆီနဲ့အပူ

အပူချိန်ဆိုတာ ဘယ်ဟင်းပဲချက်ချက် အရေးကြီးဆုံးအခန်းကဏ္ဍကနေပါဝင်နေပါတယ်။ အထူးသဖြင့် ဆီရဲ့အပူချိန်ပါ။ ကိုယ်ချက်တဲ့ဟင်းမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေကို ဆီမပူခင် ဆီထဲထည့်လိုက်မယ်ဆိုရင် ဟင်းလျာရဲ့အရသာက ဘယ်လိုမှ ကောင်းနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဆီကို ဒယ်ထဲထည့်ပြီးတဲ့နောက်မှာ ဆီအားလုံးလိုအပ်တဲ့အပူချိန်ရောက်မှ တခြား ပါဝင်ပစ္စည်းတွေကို ထည့်ဖို့ မမေ့မလျော့လိုက်နာသင့်ပါတယ်။

(၂) အရည်

ဟင်းချက်နေတဲ့အချိန်မှာ ဒယ်ကအပူရှိန်ကြောင့် ခြောက်သွားတတ်ပါတယ်။ အဲဒီလိုခြောက်သွားတဲ့အချိန်ကြာသွားရင် ဟင်းလျာထဲမှာပါဝင်တဲ့ အသား၊ငါး၊အသီးအရွက်နဲ့အခြားပါဝင်ပစ္စည်းတွေက လိုအပ်တာထက်ပိုပြီး ကျွမ်းသွားနိုင် ကပ်သွားနိုင်တာကြောင့် ဒယ်ခြောက်နေပြီဆိုတာနဲ့ မကပ်ခင် ရေ၊ ဒါမှမဟုတ်ဟင်းလျာနဲ့လိုက်ဖက်မယ့် ရှာလကာရည်၊ဝိုင် စတဲ့ တခြားအရည်တစ်မျိုးမျိုးကိုထည့်ပေးမယ်ဆိုရင် ပိုပြီးအရသာရှိတဲ့ဟင်းလျာတွေကို ရရှိမှာပါ။

 (၃) ခနောငါးအသားမှုန့်

ဆီတွေ၊အသားတွေလျှော့စားလို့ ဟင်းလျာတွေအရသာမရှိမှာပူပန်နေရင်တော့ ခနောငါးအသားမှုန့်နဲ့ချက်ပြုတ်ဖို့ အကြံပြု ချင်ပါတယ်။

ခနောငါးအသားမှုန့်ကို ရေချိုငါးကြင်းစစ်စစ်ကနေစီမံထုတ်လုပ်ထားတဲ့ ငါးညှီနံ့လုံးဝမပါဝင်ဘဲ သဘာဝငါးအချိုအရသာကို ပေးစွမ်းမှာပါ။

ခနောငါးအသားမှုန့်မှာ အရည်အသွေးမြင် ရေချိုငါးကြင်း စစ် စစ် က ထုတ်လုပ်ထားပြီး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းတို့ကို အချိုးကျ ပါဝင်တာကြောင့် ငါးညှီ နံကင်းပြီး အကောင်းဆုံး ငါး ဟင်း အရသာ ကို ပေးစွမ်းနိုင်ပါတယ်

ဒါ့အပြင် ခနောငါးအသားမှုန့်မှာ သကြား၊ဆား၊ ပြောင်းဖူးနဲ့ကြံ ကဲ့သို့သော သဘာဝ ပစ္စည်းများမှ ထုတ်လုပ်ထားတဲ့ MSG 13 % ပါဝင်ပါတယ်။ ဓာတုပစ္စည်းမှ ထုတ်လုပ်ထားခြင်းမရှိပဲ သဘာဝပစ္စည်း ကသာ ထုတ်လုပ်ထားတာမို့ ကျန်းမာရေး နှင့် သင့်လျော်ပြီး စိတ်ချ လက်ချ စားသုံးနိုင်ပါတယ်။

ခနော ငါးအသားမှုန့်ကို မြန်မာ ငါးဟင်းလျာတိုင်းမှာထည့်ချက်နိုင်ပြီး ငါးကြော် အမျိုးမျိုး၊ ငါးဟင်းဆီပြန်ဟင်းအမျိုးမျိုး၊ ငါးဟင်းချိုအမျိုးမျိုး နှင့် ငါးစိမ်းများကိုနယ် နှပ် ရာမှာသုံးနိုင် ပါတယ်။

ခနောငါးအသားမှုန့်ကို အိမ်ရှင်မတွေရဲ့လိုအပ်ချက်အလိုက် စိတ်ကြိုက်ရွေးချယ်နိုင်ဖို့ ၁၀၀ ကျပ်တန် ၁၄ ဂရမ် အထုပ်၊ ၅၀၀ ကျပ်တန် ၈၅ ဂရမ်အထုပ် နဲ့ ၁၇၀၀ ကျပ်တန် ၃၅၀ ဂရမ်အထုပ်ဆိုပြီး အမျိုးမျိုးထုတ်လုပ်ပေးထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD