Lifestyle: ကလေးဘဝပုံရိပ်တွေနဲ့ ပျော်ရွှင်ကြည်နူးရမယ့် 90s' Kids ပွဲတော်

၁၉၉၀ ပြည့်နှစ်တွေမှာ ဖြတ်သန်းခဲ့ကြရတဲ့ ကလေးဘဝက ကစားနည်းတွေ၊ အမှတ်ရစရာအဖြစ်အပျက်တွေကိုလည်း ပြန်လည်မြင်တွေ့ခွင့်ရမယ့် ပွဲတော်လည်း ဖြစ်ပါတယ်။

play

၁၉၉၀ ပြည့်နှစ် ဝန်းကျင်က ကလေးဘဝပုံရိပ်တွေကို ပြန်လည်အသက်သွင်း ပုံဖော်ကြမယ့်အစီအစဉ်တစ်ခုကို လာမယ့်တနင်္ဂနွေနေ့မှာ ပြုလုပ်တော့မှာပါ။ ရန်ကုန်မြို့ ကန်တော်ကြီး၊ မျှော်စင်ကျွန်းမှာ ပြုလုပ်မယ့် ဒီပွဲတော်မှာ ၁၉၉၀ ပြည့်နှစ်တွေမှာ ဖြတ်သန်းခဲ့ကြရတဲ့ ကလေးဘဝက ကစားနည်းတွေ၊ အမှတ်ရစရာအဖြစ်အပျက်တွေကိုလည်း ပြန်လည်မြင်တွေ့ခွင့်ရမယ့် ပွဲတော်လည်း ဖြစ်ပါတယ်။

play

 

Back To Memories Lane of 90s’ လို့ အမည်ပေးထားတဲ့ ပွဲမှာ ကလေးဘဝက ကစားနည်းတွေကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်ဆော့ကစားနိုင်မှာဖြစ်ပြီး၊ နာမည်ကျော် ကာတွန်းဆရာတို့ရဲ့ ပုံရိပ်တွေကိုလည်း ပြသွားမယ်လို့ သိရပါတယ်။ ခုချိန်မှာ ရှားပါးသွားပြီဖြစ်တဲ့ ကာတွန်းစာအုပ်တွေကိုလည်း ရောင်းချပေးသွားမှာဖြစ်ပြီး မိမိရဲ့ရုပ်ပြောင်ပုံ (ကယ်ရီကေးချား)လည်း ရေးဆွဲနိုင်ပါဦးမယ်။ ကာတွန်းတွေဖတ်ဖို့ ကော်ဖီဘားလည်း ထားပေးသွားမယ့်အပြင် ကာတွန်းဇာတ်ရုပ်တွေ၊ Cosplayer တွေနဲ့လည်း အမှတ်တရ ဓာတ်ပုံရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ၁၉၉၀ ပြည့်နှစ်တွေဆီကို ပြန်လည်ခေါ်ဆောင်သွားမယ့် ပြဇာတ်လည်း ကပြဦးမယ်လို့ သိရပါတယ်။

play

 

Back To Memories Lane of 90s’ ရဲ့ လက်မှတ်တွေကို တစ်စောင် ၃၀၀၀ ကျပ်နဲ့ မျှော်စင်ကျွန်းဝင်ပေါက်မှာ ဝယ်ယူနိုင်ပြီး ပွဲချိန်ကတော့ ညနေ ၄ နာရီမှ ည ၁၀ နာရီအထိ ဖြစ်ပါတယ်။ ဒီပွဲဟာ ကလေးဘဝကို ပြန်ရောက်သွားနိုင်မယ့် ကြည်နူးစရာပွဲတစ်ပွဲဖြစ်တဲ့အပြင် ပွဲကရရှိတဲ့ငွေ ၈၀ ရာခိုင်နှုန်းကို ဘုန်းတော်ကြီးပညာသင်ကျောင်းတွေမှာ လှူဒါန်းသွားမှာဖြစ်လို့ ပရဟိတပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။

Source : 90s' Kids Team Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ