ဒီနေ့ခေတ်မှာ အီလက်ထရောနစ် ပစ္စည်း တော်တော်များများကို ရေစိုခံနိုင်အောင် ထုတ်လုပ်လာကြပါပြီ။ ရေစိုခံ စမတ်ဖုန်း၊ ရေစိုခံ စမတ်နာရီ၊ ရေစိုခံ စပီကာ အစရှိတဲ့ ပစ္စည်းတွေလည်း ပေါ်ပေါက်ခဲ့ပြီး ဖြစ်ပါတယ်။ အခုနောက်ဆုံး ပေါ်ပေါက်လာတဲ့ အီလက်ထရောနစ် ပစ္စည်းလေးကတော့ ရေစိုခံ စာအုပ်ဖတ်စက်လေးပဲ ဖြစ်ပါတယ်။

play

 

စာကြမ်းပိုးတွေအတွက်တော့ သတင်းကောင်းပါပဲဗျို့။ Amazon က ထုတ်လုပ်လိုက်တဲ့ Kindle Oasis e-book Reader (အီလက်ထရောနစ် စာအုပ်ဖတ်စက်) လေးဟာ ရေစိုခံနိုင်ပြီ ဖြစ်ပါတယ်။ ကမ်းခြေကိုပဲ ယူသွားပြီး စာဖတ်ဖတ်၊ ရေကူးကန်ထဲမှာပဲ ဘီယာအေးအေးလေးတစ်လုံး၊ စာအုပ်ကောင်းကောင်းတစ်အုပ်နဲ့ အပန်းဖြေချင်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ကိုယ့်အိမ်က ရေချိုးကန်ထဲမှာပဲ စာဖတ်ချင်တာပဲဖြစ်ဖြစ် အဆင်ပြေနိုင်ပါပြီ။ Amazon ရဲ့ Kindle Oasis ဟာဆိုရင် ရေချိုအနက် (၂) မီတာထဲမှာ တစ်နာရီလောက်ထိ ရေစိုခံနိုင်တယ်လို့ ဆိုထားပါတယ်။

တန်ဖိုး

play
 

တန်ဖိုးကတော့ မသေးလှပါဘူး။ Kindle Oasis (8 GB) တစ်လုံးအတွက် ၂၄၅ ဒေါ်လာနဲ့ Kindle Oasis (32 GB) တစ်လုံးအတွက် ၂၇၈ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။ နောက်ပြီး ဆင်းကဒ် ထည့်သုံးလို့ရတဲ့ Kindle Oasis တစ်လုံးရဲ့ တန်ဖိုးကတော့ ဒေါ်လာ (၃၅၀) ခန့် ရှိပါတယ်။ ဒါဟာ Kindle ebook reader ထဲမှာ အရောင်းရဆုံးဖြစ်တဲ့ Paperwhite (တန်ဖိုး- ဒေါ်လာ (၁၂၀) နဲ့ နှိုင်းစာရင် တော်တော်ဈေးကြီးတယ်လို့ ဆိုနိုင်ပါတယ်။

Kindle Oasis ဟာ မျက်နှာပြင် (၇) လက်မ (300 ppi) ရှိပြီး Kindle reader တွေမှာ နာမည်ကြီးတဲ့ မျက်စိကို မထိခိုက်တဲ့ အလင်း sensor တွေနဲ့ ပြုလုပ်ထားပါတယ်။ တကယ့်စာအုပ်ကို ကိုင်ဖတ်နေရသလို ခံစားရစေမှာပါ။ ဒါ့အပြင် Reader ရဲ့နောက်ကျောဘက်ကိုလည်း အလူမီနီယမ်နဲ့ ပြုလုပ်ထားပါတယ်။ Amazon ရဲ့ အဆိုအရတော့ (၇) လက်မ အရွယ်အစားရှိတဲ့ Oasis ဟာ မျက်နှာပြင်ပေါ်မှာရှိတဲ့ စာလုံး (၃၀) ရာခိုင်နှုန်းလောက်ကို ဘာသာပြန်နိုင်ပါတယ်လို့လည်း ဆိုထားပါတယ်။

play

 

Amazon ရဲ့ ထုတ်ကုန်သစ် Kindle Oasis ဟာ မူလလက်ဟောင်း Kindle Fire တို့၊ Paperwhite တို့နဲ့ နှိုင်းစာရင် စာရွက်လှန်နှုန်း ပိုမိုမြန်ဆန်လာတယ်လို့လည်း သိရပါတယ်။ အလေးချိန်ကလည်း ပိုမိုပေါ့ပါးလာပြီး လက်ဖဝါးပေါ်မှာ သက်တောင့်သက်သာ တင်ထားလို့ရတဲ့ အနေအထားမျိုးပါ။ 

အခုအချိန်ဆိုရင် Amazon ရဲ့ CEO Jeff Bezos ဟာ ပထမဦးဆုံး Kindle e-reader ကို မိတ်ဆက်ပေးခဲ့တာ ဆယ်စုနှစ်တစ်ခု ရှိခဲ့ပါပြီ။ နောက်ပြီး ကုမ္မဏီရဲ့ရောင်းအားကို ဆက်လက်ထိန်းသိမ်းဖို့အတွက် တီထွင်ဖန်တီးမှု အသစ်တွေကို လုပ်ဆောင်ဖို့လည်း ဆက်လက်ကြံဆောင်နေကြဆဲပါ။ Kindle Oasis ကတော့ အဲဒီရည်မှန်းချက်တွေက ထွက်ပေါ်လာတဲ့ ထုတ်ကုန်သစ်တစ်မျိုး ဖြစ်ပါတယ်။

play

 

စမတ်ဖုန်းတွေ၊ တက်ဘ်လက်တွေ၊ ကွန်ပျူတာတွေပေါ်မှာလည်း စာအုပ်ဖတ်လို့ရတယ်ဆိုပေမယ့် အဲဒီ အီလက်ထရောနစ် ပစ္စည်းတွေက ထွက်တဲ့ အပြာရောင်အလင်း (blue light) နဲ့ Kindle ထုတ်ကုန်ပစ္စည်းတွေက ထွက်တဲ့ အလင်းဟာ ကွာခြားပါတယ်။ Kindle ပစ္စည်းတွေက လူ့မျက်စိကို ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ထိန်းသိမ်းထားတဲ့အပြင် တကယ့်စာအုပ်တစ်အုပ်ကို ဖတ်နေရသလို ခံစားချက်ကို အနီးစပ်ဆုံးဖြစ်အောင် ပေးစွမ်းနိုင်ပါတယ်။

ဒါတင်မကသေးပါဘူး။ ရေစိုပါခံနိုင်လာပြီဆိုတော့ နေရာမရွေး စာအုပ်ဖတ်လိုသူတွေအတွက် အဆင်ပြေသည်ထက် ပြေစေမှာပါ။ နောက်တစ်ခုကတော့ ဖုန်းတွေ၊ တက်ဘလက်တွေရဲ့ ဘက်ထရီသက်တမ်းက (၈) နာရီနဲ့ (၁၀) နာရီ ဝန်းကျင်ပဲ အများဆုံး သုံးလို့ရတယ်ဆိုပေမယ့် Kindle ထုတ်ကုန်တွေကတော့ အားသွင်းပြီးရင် တစ်ပတ်လောက် အေးဆေးသုံးလို့ရပါတယ်။

 

ရေစိုခံတာတစ်ခုတည်းလား

play
 

Kindle Oasis ရဲ့ ထူးခြားချက်က ရေစိုခံတာ တစ်ခုတည်းတော့ မဟုတ်ပါဘူး။ Kindle Oasis ဟာ Amazon ပိုင် ကုမ္မဏီတစ်ခုဖြစ်တဲ့ Audible နဲ့ ချိတ်ဆက်နိုင်တဲ့ ပထမဆုံး Kindle ထုတ်ကုန်လည်း ဖြစ်လာပါတယ်။ Audible မှာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး audiobook (စာအုပ်တွေကို အသံဖိုင်အဖြစ် ပြောင်းလဲထားခြင်း) ထုတ်လုပ်ရောင်းချတဲ့ ကုမ္မဏီလည်း ဖြစ်ပါတယ်။

Kindle Oasis ပေါ်မှာ Headphone တွေ၊ နားကြပ်တွေ၊ Bluetooth speaker တွေနဲ့ ချိတ်ဆက်ပြီး audiobook တွေနဲ့ တခြားအသံ အစီအစဉ်တွေကို ဖွင့်နိုင်ဖို့ စီစဉ်ထားပါတယ်။ Audible က audiobook အုပ်ရေ (၃) သိန်းကျော်ကိုလည်း ဖွင့်နိုင်ဖို့ စာကြည့်တိုက် တစ်ခုကိုလည်း စီစဉ်ထားပါတယ်။ စာပေနဲ့ ဂီတချစ်သူတွေအတွက်တော့ အဆင်အပြေဆုံးပါပဲ။

Source: MSN

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video