Lifestyle: Android ကိုရွေးချယ်သင့်တဲ့ အကြောင်းအရင်း ၅ ချက်

, updated
play

 

နည်းပညာဟာ ကျွန်တော်တို့လူသားပတ်ဝန်းကျင်မှာ မရှိမဖြစ်အရာ ဖြစ်လာခဲ့ပြီးတဲ့နောက် နေ့စဉ်အသုံးပြုကြတဲ့ စမတ်ဖုန်းတွေရဲ့ အသစ်အသစ်သော ထုတ်ကုန်တွေကလည်း ဆက်လက်ရှိနေဦးမှာ ဖြစ်ပါတယ်။ ကမ္ဘာ့အရပ်ရပ်မှာ Android အသုံးပြုသူတွေနဲ့ iOS အသုံးပြုသူတွေအကြား အပြန်အလှန်  အားသာချက်၊ အားနည်းချက်တွေကို အငြင်းပွားနေခဲ့တာ ကြာပါပြီ။

စမတ်ဖုန်းတစ်လုံး ဝယ်ယူဖို့ စဉ်းစားနေပြီဆိုရင် သင့်အနေနဲ့ Android ထုတ်ကုန်တွေကို ဘာကြောင့် ရွေးချယ်သင့်လဲဆိုတဲ့ အကြောင်းပြချက်တွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ Android ထုတ်ကုန်တွေရဲ့ အားသာချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ဈေးနှုန်းသက်သာခြင်း

play

 

စမတ်ဖုန်းတစ်လုံးဝယ်ယူတော့မယ်ဆိုရင် ဈေးနှုန်းကလည်း အရေးကြီးပါတယ်။ အများအားဖြင့်တော့ Android ထုတ်ကုန်တွေဟာ iOS ထက်သက်သာလေ့ရှိပါတယ်။ iOS နဲ့တန်းတူ ဈေးနှုန်းရှိတဲ့ Android ထုတ်ကုန်တွေလည်း ရှိပေမယ့် အများစုကတော့ ဈေးသက်သာလေ့ရှိပါတယ်။ နောက်ပြီး Android မှာ ဈေးသက်သက်သာသာနဲ့ သိုလှောင်နိုင်တဲ့ပမာဏ များစွာရနိုင်ပါတယ်။

၂။ ဘက်ထရီနှင့် အပိုပစ္စည်းများ အလွယ်တကူဖြုတ်နိုင်၊ တပ်ဆင်နိုင်ခြင်း

play

 

နောက်ပိုင်းမှာ အလွယ်တကူ ဖွင့်လို့မရတဲ့ Android ထုတ်ကုန်တွေလည်း ရှိလာပါပြီ။ ဒါပေမယ့် အများစုကတော့ ဘက်ထရီအပါအဝင် အစိတ်အပိုင်းအတော်များများကို အလွယ်တကူ ဖြုတ်နိုင်သလို တပ်ဆိုင်နိုင်ပါတယ်။ ဥပမာအားဖြင့် သင့်အနေနဲ့ ဘက်ထရီအပိုဆောင်ထားပြီး လက်ရှိဘက်ထရီအားသွင်းဖို့  အဆင်မပြေတဲ့အချိန်မျိုးမှာ အခြားဘက်ထရီအသစ်တစ်ခုနဲ့ အစားထိုးနိုင်ပါတယ်။

၃။ မျက်နှာပြင်ဒီဇိုင်း

play

 

Android ထုတ်ကုန်တွေရဲ့ မျက်နှာပြင်ဒီဇိုင်းဟာ အလွယ်တကူ ပြောင်းလဲလို့ရနိုင်ပါတယ်။ သင်အလိုရှိတဲ့ ဘယ်လိုဒီဇိုင်းမျိုးကိုမဆို အလွယ်တကူပြောင်းလဲနိုင်ပါတယ်။ iOS ကတော့ သင့်မှာ custom software (jailbreak) မတင်ထားရင် ဒါမျိုးလုပ်ဖို့ မလွယ်ပါဘူး။

၎။ ရွေးချယ်စရာ များခြင်း

play

 

ဟုတ်ပါတယ်။ Android ရဲ့နောက်ထပ်အားသာချက်တစ်ခုက ရွေးစရာများစွာ ရှိနေခြင်းပါပဲ။ Samsung, LG, HTC စတဲ့ တံဆိပ်မျိုးစုံရှိပြီး features များစွာလည်း ကွဲပြားခြားနားစွာ ပါဝင်ကြလို့ သင့်အတွက် ပျင်းစရာ ဖြစ်မှာ မဟုတ်ပါဘူး။ ဒီဇိုင်းမျိုးစုံကို သင့်စိတ်ကြိုက်ရွေးလို့ရတဲ့ အားသာချက် Android ထုတ်ကုန်တွေမှာ ရှိနေပါတယ်။

၅။ itunes သုံးစရာ မလိုတော့ခြင်း

play

 

ဒါကလည်း Android ရဲ့အားသာချက်တစ်ခုဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ iOS သုံးပြီး လိုအပ်သမျှကို itunes နဲ့ app store ကနေ အလွယ်တကူ ရနိုင်ပေမယ့် ဖွံ့ဖြိုးဆဲ နိုင်ငံ တွေမှာတော့ အနည်းငယ် အခက်အခဲ ရှိပါတယ်။ Android ထုတ်ကုန်အချင်းချင်းကြားထဲမှာ application တွေ install လုပ်ဖို့ရာ အလွန်ရိုးရှင်းပါတယ်။ လိုအပ်သမျှကို ကူးယူဖို့ရာလည်း လွယ်ကူပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ