AD
AD
AD
play

 

ဘယ်သူ့ကိုမှ ယုံကြည်လို့မရတဲ့ April Fool နေ့ကို ရောက်လာပြန်ပါပြီ။ လုပ်ငန်းခွင်တွေ၊ ကျောင်းတွေ၊ မိသားစုတွေထဲမှာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန်နောက်ပြန်သံတွေနဲ့ စည်ကားနေတက်တဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်။

April Fool နေ့မှာ တစ်ယောက်နဲ့ တစ်ယောက် စနောက်တာဟာ စိတ်ဆိုးစရာမကောင်းပဲ ချစ်စရာ ဓလေ့ဖြစ်ပါတယ်။ ဒီလိုနေ့မျိုးမှာ ကိုယ့်ရဲ့ အထက်အရာရှိကိုတောင် ပြန်ပြီး စနောက်လို့ ရကောင်းပါတယ်။ သူငယ်ချင်းတွေကို ဒီနေ့မှာ ဘယ်လိုစနောက်ရမလဲဆိုတဲ့ စိတ်ကူးတစ်ချို့ကို ဖော်ပြပေးထားပါတယ်။

play

 

၁။ Oreos ဘီစကစ်မုန့်တွေ ဝယ်သွားပါ။ ဘီစကစ်နှစ်ချပ်ညှပ်ထားတဲ့ ခရင်မ်နေရာမှာ သွားတိုက်ဆေးတွေ ပြောင်းထည့်ပြီး သူများကို လိုက်ကျွေးပါ။

play

 

၂။ ရုံးကတစ်ယောက်ယောက်  ခုံအောက်မှာ ဒီလိုဟွန်း သွားတပ်ထားလိုက်ပါ။

play

 

၃။ ရုံးမှာ သူငယ်ချင်းလစ်တုန်း သူ့ရဲ့ ကွန်ပျူတာမျက်နှာပြင်ကို ကွဲနေသယောင် ထင်ရမယ့် wall paper ပြောင်းထားလိုက်ပါ။ cracked computer ဆိုပြီး ရှာကြည့်လိုက်ရင် ရပါလိမ့်မယ်။

play

 

၎။ သူငယ်ချင်းလစ်တုန်း သူ့ရဲ့ဖုန်းကို Rington ပြောင်းထားလိုက်ပါ။ ဘယ်လို Ringtone မျိုး ပြောင်းရမလဲ ဆိုတာ သင်သိမှာပါ။

play

 

၅။ နောက်တစ်ခုက သူငယ်ချင်းရဲ့ ဖုန်းကို Screen Shot ထားလိုက်ပါ။ နောက်ပြီး သူ့ရဲ့ အရင် Wall paper နေရာမှာ နေရာလဲထားလိုက်ပါ။ သူ့ရဲ့ဖုန်း ချက်ခြင်းပွတ်မရပဲ ဖြစ်နေပါလိမ့်မယ်။

play

 

၆။ အအေးဘူးတွေ ဝယ်သွားပါ။ အအေးတွေကိုသွန်ပစ်ပြီး အရသာဆိုးရွားတဲ့ အရောင်တူ အခြားအရည်တွေ ထည့်ထားပါ။

play

 

၇။ အလုပ်သိပ်များတဲ့ လုပ်ဖော်ကိုင်ဖက်ကိုရှာပါ။ ဒါမှသူသိပ်စဉ်းစားချိန်မရမှာပါ။ မင်းကိုပြောစရာရှိတယ်။ ဘယ်သူ့မှ ပြန်မပြောနဲ့ ဆိုပြီး ဖေ့စ်ဘွတ်ကနေ ပို့လိုက်ပါ။ ပြီးမှ လူမှားသွားလို့ဆိုပြီး လုပ်ပါ။ သူသိချင်စိတ် အရမ်းပြင်းပြလာပါလိမ့်မယ်။

play

 

၈။ သူငယ်ချင်းကားရဲ့ ရေသုတ်တံနားမှာ ရောင်စုံဆေးစက်မသိမသာ သွားချထားပါ။ ရေသုတ်တံပွတ်လိုက်တဲ့အခါ သူ့ရဲ့ကားမှန်မှာ သက်တန့်ကြီး ပေါ်လာပါလိမ့်မယ်။

play

 

၉။ သူငယ်ချင်းကို April Fool နေ့မှာ သာမန်ကွန်ပျူတာတွေအစား ဒီလိုနောက်ဆုံးပေါ် ပစ္စည်းတွေ လက်ဆောင်ပေးလိုက်ပါ။

play

 

၁၀။ တစ်ရှုးလိပ်အောက်ခံက စက္ကူလိပ်အမာကိုယူပါ။ တစ်စစီ ဖြဲပစ်ပြီး ရေစိမ်ကာ လုံးထွေးလိုက်ပါ။ တစ်ခုခုနဲ့ တူသွားပါလိမ့်မယ်။ သူ့ရဲ့ စားပွဲသို့မဟုတ် ထိုင်ခုံမှာ သွားထားလိုက်ပါ။

Source : Bustle

Photos : Imgur

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
More From

Lifestyle


AD