Beauty & Fashion: မုတ်ဆိတ်နဲ့ ပါးမြိုင်းမွေးရှိတဲ့အမျိုးသားတွေ သိသင့်တဲ့အချက် (၅) ချက်

, updated

မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေးတွေက ယောက်ျားပီသပြီး ခန့်ညားတဲ့အသွင်ကို ပေါ်လွင်စေပါတယ်။ တကယ်လို့ မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေးထားတာ ကြိုက်တယ်ဆိုရင်တော့ ဒါလေးတွေ သိထားဖို့လိုပါတယ်။

play

 

၁။ လျှော်ပါ

မုတ်ဆိတ်မွေးတွေကို သန့်ရှင်းအောင်ထားပါ။ ခေါင်းလျှော်ချိန်တိုင်း ရှန်ပူနဲ့လျှော်ပေးသင့်ပါတယ်။

play

 

၂။ ဖြီးသင်ပါ

မုတ်ဆိတ်မွေးရှည်တယ်ဆိုရင်တော့ ဘီးခပ်စိပ်စိပ် ဒါမှမဟုတ် ဘရွတ်(brush)အနုစားနဲ့ ဖြီးပေးဖို့လိုပါတယ်။ ဒါမှသာ ကောက်ကွေးရှုပ်ထွေးတာမျိုး မဖြစ်တော့မှာပါ။

၃။ မုတ်ဆိတ်ရိတ်ဓား

မုတ်ဆိတ်ရိတ်ဓားကို သန့်ရှင်းတာရွေးပါ။ သုံးပြီးသားကို ထပ်တလဲလဲမသုံးသင့်ပါဘူး။

play

 

၎။ မုတ်ဆိတ်ရိတ်မယ်ဆိုရင်

မုတ်ဆိတ်ရိတ်ဓား ဒါမှမဟုတ် မုတ်ဆိတ်ရိတ်တံကို မုတ်ဆိတ်နဲ့ပါးမြိုင်းမွေးတွေကို သပ်ပြီး အပေါ်မှအောက်သို့၊ ဘေးမှအလယ်သို့ ဆွဲချပါ။ အောက်ကပင့်တင်ပြီး ရိတ်မယ်ဆို အသားလည်းနာသလို သက်တောင့်သက်သာလည်းမရှိပါဘူး။ ပိုဆိုးတာကတော့ အရေပြားအောက်မှာရှိနေတဲ့ ထွက်မလာသေးတဲ့ အမွေးတွေကို ထိခိုက်စေရာကနေ ရောဂါပိုးမွှားတွေ ဝင်ရောက်နိုင်လို့ပါပဲ။

play

 

၅။ အသားအရေ

မုတ်ဆိတ်ရိတ်ပြီးတိုင်းမှာ အသားအရေကြမ်းတမ်းသွားလေ့ရှိပါတယ်။ အကောင်းဆုံးကတော့ မုတ်ဆိတ်ရိတ်ခရင်မ် (shaving cream) ကို အသုံးပြုပြီး မုတ်ဆိတ်ရိတ်ပါ။ ပြီးသွားရင်လည်း အသားအရေနူးညံ့စေမယ့် အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးထားသင့်ပါတယ်။

Source : Men Health Mag

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ