Beauty & Fashion: မလိုချင်တဲ့အမွေးအမှင်တွေကို ကြက်ဥနဲ့ဖယ်ရှားရအောင်

မိန်းကလေးတွေရဲ့ မျက်နှာပေါ်မှာ ယောက်ျားလေးတစ်ယောက်လို နှုတ်ခမ်းမွှေးရှိနေတာ အလှပျက်ရပါတယ်။

play

 

မိန်းကလေးတွေရဲ့ မျက်နှာပေါ်မှာ မလိုချင်တဲ့ အမွေးအမှင်တွေ ရှိတတ်ပါတယ်။ အထူးသဖြင့်တော့ နှုတ်ခမ်းမွှေးပါ။ အပေါ်နှုတ်ခမ်းထက်မှာ ရေးရေးလေးကနေ ထင်ထင်ရှားရှားအထိ ပေါက်နေတဲ့ အမွေးတွေကို အိမ်မှာပဲ ကြက်ဥကိုသုံးပြီး ဖယ်ရှားလို့ရပါတယ်။ ဘေးထွက်ဆိုးကျိုးလည်းမရှိ ပိုက်ဆံလည်းမကုန်တော့ဘူးပေါ့။

play

 

လိုအပ်တာတွေကတော့ ကြက်ဥ/ဘဲဥ တစ်လုံး၊ ဂျုံမှုန့် လက်ဖက်စားဇွန်း ၁ ဇွန်း၊ သကြား လက်ဖက်စားဇွန်း ၁ ဇွန်းတို့ပဲ ဖြစ်ပါတယ်။

play

 

ပြုလုပ်နည်း - ကြက်ဥအနှစ်ကိုဖယ်ပြီး အကာချည်းပဲယူပါ။ ဂျုံမှုန့်နဲ့ သကြားကို ကြက်ဥအကာနဲ့ သမအောင်ရောမွှေပါ။ ရလာတဲ့အရောအနှောကို ဖယ်ရှားလိုတဲ့အမွေးပေါ်မှာ သုတ်လိမ်းထားရပါမယ်။ နှုတ်ခမ်းမွှေးတွေကို ဖယ်ချင်ရင် နှုတ်ခမ်းအပေါ်ပိုင်းကို တစ်နာရီခွဲခန့် သုတ်လိမ်းထားရမှာဖြစ်ပါတယ်။ တစ်နာရီခွဲခန့်အကြာမှာတော့ ပေါင်းတင်ကပ်ခွာလိုမျိုး ခွာထုတ်လိုက်လို့ရပါပြီ။ တစ်ပတ်ကို လေးကြိမ်လောက် လုပ်ပေးမယ်ဆို မိန်းကလေးတန်မဲ့ နှုတ်ခမ်းမွှေးတွေရှိနေတာမျိုး မဖြစ်တော့ဘူးပေါ့။

Source : Style Crazy

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ