Beauty & Fashion: လက်သည်းအလှ မပျက်စီးစေဖို့ မလုပ်သင့်တဲ့အရာများ

လက်သည်းနီဆိုးတာထက် နည်းမှန်လမ်းမှန်မဖျက်တာဟာ လက်သည်းတွေကို ပိုပျက်စီးစေတယ်လို့ ဆိုပါတယ်။

play

 

ကင်မ်ကာဒါရှီယန်နဲ့ ကိုင်လီဂျန်နာတို့ အပါအဝင် နာမည်ကျော်တွေရဲ့ လက်သည်းတွေကို ပုံဖော် ပန်းချီဆွဲပေးနေတဲ့ ဘရစ်တနေတိုကျိုရဲ့ အကြုံပြုချက်ဖြစ်ပါတယ်။

"ဘယ်သူ့ကိုမှ လက်သည်းဆိုးဆေးတွေကို ဆွဲခွာတာ မလုပ်စေချင်ဘူး" လို့ ဘရစ်တနေက ပြောပါတယ်။

play

 

"ရိုးရိုးလက်သည်းဆိုးဆေးပဲဖြစ်ဖြစ်၊ လက်သည်းပန်းချီပဲဖြစ်ဖြစ် ဆွဲမခွာပါနဲ့။ ဆွဲခွာလိုက်ရင် မူလလက်သည်းတွေကို ဆိုးဆိုးရွားရွား ပျက်စီးစေပါတယ်။ လက်သည်းဖျက်ဆေးနဲ့ပဲ အမြဲဖျက်ပါ" လို့ သူမက အကြံပြုခဲ့ပါတယ်။

play

 

ဒါ့အပြင် လက်သည်းကို လုံးဝမကိုက်သင့်ဘူးလို့လည်း သူမက ပြောခဲ့ပါတယ်။ တကယ်လို့ လက်သည်းကိုက်တဲ့အကျင့်ရှိရင်လည်း ရအောင်ဖျောက်ပါလို့ ဆိုပါတယ်။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ