Beauty & Fashion: မျက်လုံးအောက်က အရေးအကြောင်းတွေ ပျောက်စေမယ့် လေ့ကျင့်ခန်း

အငန်စားများတာဟာ မျက်လုံးအောက်မှာ အရေးအကြောင်းတွေထရတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။

play

 

မျက်အိတ်တွဲတာ၊ မျက်လုံးအောက်မှာ အရွယ်မတိုင်ခင် အရေးအကြောင်းတွေ ဖြစ်တာဟာ အောက်ပါအချက်တွေကြောင့်ပါ။

၁ - အိပ်ရေးပျက်များခြင်း

၂ - မှောက်အိပ်တာ များခြင်း

၃ - အသားအရေခြောက်ခြင်း

၎ - အရက်အလွန်အကျွံသောက်ခြင်း

၅ - အငန်စားများခြင်း

၆ - နေရာင်ခြည် UV ဒဏ်ကို ခံရခြင်း

၇ - အရေပြားကိုတင်းမာစေတဲ့ collagen ပစ္စည်းများ ပျက်စီးခြင်းတို့ဖြစ်ပါတယ်။

play

 

လုပ်ရမယ့် လေ့ကျင်ခန်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁ - အရှေ့တည့်တည့်ကို ကြည့်ပါ။

၂ - ပါးစပ်ကို "အို" ပုံစံ ဖွင့်ထားပါ။

၃ - ခေါင်းနဲ့နဖူးကို မရွှေ့ဘဲ အပေါ်ကို မော့ကြည့်ပါ။

၎ - ဒီအတိုင်းကြည့်ပြီး ၅ စက္ကန့်လောက်ထားပါ။

၅ - ဒီလိုမျိးသုံးကြိမ်လုပ်ပါ။

နေ့စဉ်အချိန်ရတိုင်း လုပ်ပေးသင့်ပါတယ်။

play

 

ရှောင်သင့်တဲ့အရာများ

၁ - ဆားလျှော့စားပါ။

၂ - ပက်လက်အိပ်ပါ။

၃ - ဆေးလိပ်သောက်ဖြတ်ပါ။

၎ - အရက်သောက်လျှော့ပါ။

Photos & Source:Lifehack

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ