Beauty & Fashion: အမြဲလှနေဖို့ နုပျိုစေတဲ့ ဟော်မုန်းဆေးတွေထိုးလေ့ရှိတဲ့ ဘီကီနီမော်ဒယ်

အလှအတွက်နဲ့ ဟော်မုန်းဆေးထိုးတာတွေအပြင် ရင်သားခွဲစိပ်မှုလည်း ပြုလုပ်ထားသူပါ။

play

 

အလှအပကို ဦးစားပေးလွန်းတဲ့ မော်ဒယ်တစ်ဦးဟာ သူမရဲ့ရုပ်ရည် အမြဲနုပျိုနေစေဖို့အတွက် အသက်အန္တရာယ်ရှိတဲ့ ဟိုမုန်းဆေးတွေထိုးပြီး ကုစားခဲ့ပါတယ်။

play

 

ကလေးသုံးဦးရဲ့ မိခင်ဖြစ်တဲ့ သူမအနေနဲ့လည်း ဒီလို ဟော်မုန်းဆေးတွေ ထိုးသွင်းခြင်းအားဖြင့် အသက်အန္တရာယ်ရှိတယ်ဆိုတာ သိပေမယ့်လည်း အစလုပ်လိုက်ပြီးနောက်ပိုင်း ဟော်မုန်းဆေးစွဲလန်းတဲ့ ပြဿနာကို ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရိုင်လန်ဟာ ၁၇ နှစ်အရွယ်ကတည်းက ဒီလိုဟော်မုန်းဆေးထိုးတတ်တဲ့ အကျင့်ကိုရခဲ့တာဖြစ်ပါတယ်။

play

 

" ဒီဆေးတွေက အသားအရေလည်းလှစေတယ်၊ ဆံပင်လည်းကောင်းစေတယ်၊ ရုပ်ကိုလည်း နုပျိုစေတယ်လေ။ ဒါပေမယ့် ကင်ဆာဖြစ်နိုင်ချေများပြီး နှလုံးအတွက် ဒီဆေးတွေက သိပ်မကောင်းဘူးဆိုတာ ကျွန်မသိပါတယ်။ နောက်ပိုင်းမှာ ဒီဆေးထိုးတာကို စွဲလန်းမှု တစ်ခုလို ဖြစ်သွားခဲ့တယ်" လို့ ရိုင်လန်က ဝန်ခံပါတယ်။

play

 

နုပျိုမှုအတွက် ဟော်မုန်းဆေးတွေက ကောင်းမွန်ပေမယ့် ဒီဆေးတွေ ထိုးသွင်းပြီးတဲ့အခါ ကိုယ်အလေးချိန်တက်လာတာမျိုး၊ မောပန်းလွယ်လာတာမျိုးနဲ့ အကောင်းမြင်စိတ် နည်းလာတာမျိုးတွေ ဖြစ်လေ့ရှိတယ်လို့ ရိုင်လန်က အကြံပေးပါတယ်။ သူမက ရင်သားခွဲစိတ်ပြုပြင်မှုလည်း ပြုလုပ်ထားသူဖြစ်ပြီး ဒီရင်သားအလှကြောင့်ပဲ သူမကို လူတွေ သတိပိုထားမိကြတာလို့ ဆိုပါတယ်။

play

 

ရိုင်လန်က ဘီကီနီဝတ်မော်ဒယ်တစ်ဦးအဖြစ် ရပ်တည်နေပြီး အင်စတာဂရမ်မှာ Follower တစ်သိန်းကျော်ရှိပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ