Beauty & Fashion: မြန်မာငွေ ၉၄ သိန်းအထိ ကျသင့်နိုင်တဲ့ ကျည်ကာဝတ်စုံ ဖက်ရှင်များ

သူ့ရဲ့ ဖန်တီးမှုအပေါ် အကျေနပ်ဆုံးက ဝင်ငွေရတဲ့ အလုပ်ဖြစ်တဲ့အပြင် လူတွေရဲ့ အသက်ကို ကယ်တင်နိုင်တာဖြစ်တယ်လို့ ကိုလံဘီယာ ဖက်ရှင်ဒီဇိုင်နာက ပြောပါတယ်။

play


ကိုလံဘီယာ ဖက်ရှင်ဒီဇိုင်နာ မီဂူးလ် ကက်ဘယ်လ်လာရို ဖန်တီးတဲ့ ဖက်ရှင်ဒီဇိုင်းတွေက ခေတ်ဆန်ပြီး ဖက်ရှင်ကျရုံသာမက အသက်ကိုပါ ကယ်နိုင်တယ်လို့ ညွှန်းဆိုထားပါတယ်။

play


ဒါပေမဲ့ ဈေးနှုန်းကလည်း အလွန်ကောင်းလှပါတယ်။ အမျိုးသားတွေအတွက် ကျည်ကာ ဖက်ရှင်ဝတ်စုံက မြန်မာငွေ ၇၁ သိန်း မှ ၉၄ သိန်းကျော်အထိ ကျသင့်နိုင်ပါတယ်။

play


ကျည်ကာဖက်ရှင် ကုတ်အင်္ကျီတစ်ထည်ကို မြန်မာငွေ ၄၁ သိန်းကျော်အထိ ကျသင့်နိုင်တယ်လို့ ဆိုပါတယ်။ ကိုလံဘီယာ ဖက်ရှင်ဒီဇိုင်နာက ဝတ်ရပေါ့ပါးတဲ့ ကျည်ကာဖက်ရှင် အဝတ်အထည်တွေကို ဂျော်ဒန်ဘုရင် အပါအဝင် ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်တွေအတွက် ဖန်တီးပေးခဲ့ပါတယ်။

play


သူ့ရဲ့ ဖက်ရှင်ကျတဲ့ ကျည်ကာဝတ်စုံကို ဝတ်ဆင်ထားခဲ့မှုကြောင့် အသက်ရှင်ခွင့်ရခဲ့သူ ၂၀ အထိရှိတယ်လို့လည်း သိရပါတယ်။

play

 

သူ့ရဲ့ ဖန်တီးမှုအပေါ် အကျေနပ်ဆုံးက ဝင်ငွေရတဲ့ အလုပ်ဖြစ်တဲ့အပြင် လူတွေရဲ့ အသက်ကို ကယ်တင်နိုင်တာဖြစ်တယ်လို့ ကိုလံဘီယာ ဖက်ရှင်ဒီဇိုင်နာက ပြောပါတယ်။

play


ဖက်ရှင်လည်းကျ ကျည်ကာအင်္ကျီလည်းဖြစ်တဲ့ ဝတ်စုံတွေကို လွန်ခဲ့တဲ့ ၂၁ နှစ်ကတည်းက ဖက်ရှင်ဒီဇိုင်နာ ကက်ဘယ်လ်လာရိုက ဖန်တီးချုပ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
Source & Photo: Reuters, AFP

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ