Beauty & Fashion: ဗိုက်ခေါက်ထွက်တာ အရေးမကြီးဘူးဆိုတဲ့ ကြံ့ခိုင်ရေး မော်ဒယ်

ဗိုက်ခေါက်အနည်းငယ် ရှိနေခြင်းဟာ ကျန်းမာလှပခြင်းကို အဆုံးအဖြတ်ပေးတဲ့အရာ မဟုတ်ဘူးလို့ ဆိုပါတယ်။

play

 

ကျန်းမာကြံ့ခိုင်ရေးနဲ့ ခန္ဓာကိုယ်အလှအပအတွက် ဦးစားပေးကြတဲ့ အင်စတာဂရမ်ပေါ်က ကြံ့ခိုင်ရေးမော်ဒယ်နဲ့ နည်းပြဆရာတွေ အားလုံးကတော့ ဗိုက်ခေါက်ထွက်တာနဲ့ ဗိုက်ပူတာကိုနှစ်သက်ကြမှာမဟုတ်ပါဘူး။ ဒါပေမယ့်အခု အင်စတာဂရမ်ပေါ်က နာမည်ကျော် ကြံ့ခိုင်ရေးမှူး အန်နာဗစ်တိုးရီးယားကတော့ ဒီလိုမဟုတ်ပါဘူး။

play

 

သူမလည်း လှပကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတာကြောင့် အင်စတာဂရမ်မှာ Follower ၁ သန်းကျော်အထိ ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ ဒါပေမယ့် မပြောပလောက်တဲ့ ဗိုက်ခေါက်ထွက်တာနဲ့ ဗိုက်ပူတာမျိုးဟာ စိတ်ညစ်စရာမဟုတ်ဘူးလို့ သူမက အကြံပေးပါတယ်။ အားလုံးကိုသက်သေပြတဲ့အနေနဲ့ သူမကိုယ်တိုင်လည်း ဗိုက်ခေါက်ထွက်နေတဲ့ဓာတ်ပုံကို အင်စတာဂရမ်မှာ ဝေမျှခဲ့ပါသေးတယ်။

play
စလင်းမဟုတ်ပဲ အကိတ်ခန္ဓာကိုယ်နဲ့ အောင်မြင်နေတဲ့ ဘီကီနီမော်ဒယ်

 

အင်စတာဂရမ်ပေါ်မှာ ဗိုက်ချပ်ချပ်ရပ်ရပ်နဲ့ ဓာတ်ပုံတွေကို လူပေါင်းများစွာ နေ့စဉ်နဲ့အမျှ တင်နေကြပေမယ့် တကယ်တမ်းမှာ ဒါတွေကို အားကျဖို့မလိုဘူးလို့ ကြံ့ခိုင်ရေးမော်ဒယ် အန်နာက အကြံပေးပါတယ်။ ကိုယ်နဲ့ကိုက်ညီပြီး ကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ဖို့ကသာ ပထမဦးစားပေးအရာဖြစ်တယ်လို့ ဆိုပါတယ်။

play

 

ကျန်းမာကြံ့ခိုင်တယ်ဆိုတာ ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်အလှတရား မဟုတ်ဘူးလို့လည်း သူမက ပြောပါတယ်။ ဒါကြောင့် ကြံခိုင်ရေးမော်ဒယ် လောကမှာတော့ ဗိုက်ခေါက်ထွက်တာကို လက်ခံတဲ့နာမည်ကျော်ဟာ သူမတစ်ဦးပဲရှိသေးတယ်လို့ ဆိုနိုင်ပါတယ်။

Source : Business Insider

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ