Beauty & Fashion: အမျိုးသမီး အဝတ်အစားအများစုမှာ ဘာလို့ အိတ်ကပ်တွေမပါတာလဲ

တချို့အဝတ်အစားတွေဆိုရင် အိတ်ကပ်ပုံစံလေးသာပါပြီး အိတ်ကပ်အစစ် မဟုတ်ပါဘူး။

play

 

သင့်ရဲ့အဝတ်ဗီဒိုထဲက အဝတ်တွေကိုကြည့်လိုက်ပါ။ အင်္ကျီ၊ စကပ်၊ ဘောင်းဘီ ရှိသမျှ အကုန်ကြည့်ပါ။ အဲဒီအဝတ်အစားတွေထဲက အိတ်ကပ်ပါတဲ့ အဝတ်အစားက ဘယ်နှရာခိုင်နှုန်းရှိသလဲ။

ရာခိုင်နှုန်းအတော်နည်းပါလိမ့်မယ်။ အများအားဖြင့် ဘောင်းဘီတွေသာ ပါပါလိမ့်မယ်။

play

 

ဒါပေမဲ့ တချို့ဘောင်းဘီတွေဆိုရင် အိတ်ကပ်ရာသာ ပါတော့ပြီး အိတ်ကပ်အစစ်မဟုတ်တာကို မြင်တွေ့ရပါလိမ့်မယ်။

play

 

ဖက်ရှင်ပညာရှင်တွေရဲ့ အဆိုအရ အိတ်ကပ်တွေဟာ အဝတ်အစားရဲ့ လှပမှုကို ဖျက်ဆီးတယ်လို့ ဆိုပါတယ်။ ဖောင်းပွပြီး အပြင်ထွက်လာတတ်ပြန်တယ်လို့ ဆိုပါတယ်။

play

 

အမျိုးသမီးများကိုယ်တိုင်ကလည်း အိတ်ကပ်တွေ ဖောင်းပွနေတာမျိုးက သူမတို့ရဲ့ဖက်ရှင်နဲ့ အလှအပကို ထိခိုက်တဲ့အတွက် အိတ်ကပ်တွေကို အသုံးပြုလေ့ သိပ်မရှိကြပါဘူး။

Source & Photos : Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ