Beauty & Fashion: တင်ပါးလှသည့် အမျိုးသားများကို အမျိုးသမီးများ နှစ်သက်ရသည့် အကြောင်းပြချက် (၈) ခု

, updated

အမျိုးသားတွေအတွက်လည်း တင်ပါးလှတာ အားသာချက် ဖြစ်ပါတယ်။

play

 

ကြည့်လို့ကောင်းတဲ့ တင်ပါးကို ပိုင်ဆိုင်ထားသူ အမျိုးသားတွေဟာလည်း အမျိုးသမီးတွေနည်းတူ ဆန့်ကျင်ဘက် လိင်ကို ဆွဲဆောင်မှုပိုရှိစေတယ်လို့ သိပ္ပံနည်းကျလေ့လာချက်တွေ ရှိထားပြီး ဖြစ်ပါတယ်။ တင်ပါးလှဖို့ဆိုတာ အမျိုးသမီးတွေအတွက်သာ လိုအပ်တာတော့ မဟုတ်ပါဘူး။

တင်ပါးလှတဲ့ အမျိုးသားတွေကို အမျိုးသမီးတွေ ဘာကြောင့် ပိုနှစ်သက်ရလဲဆိုတဲ့ အကြောင်းပြချက် (၈) ခုရှိပါတယ်။

၁။ အလှကြည့်နိုင်ခြင်း

play

 

အမျိုးသားတွေလိုပဲ အမျိုးသမီးတွေလည်း အလှတရားကို မျက်စိနဲ့ ခံစားတတ်ကြပါတယ်။ ဒီတော့ တင်ပါးလှတဲ့ အမျိုးသားတွေကို သူတို့လည်း ကြည့်ရတာ နှစ်သက်ပါတယ်။

၂။ ကိုယ်ချင်းစာတက်ခြင်း

သာမန်ထက် ပိုပြီးကြီးနေတဲ့ တင်ပါးကို ပိုင်ဆိုင်ထားသူမို့ အမျိုးသမီးများသာ သိတဲ့ ပြဿနာတွေကို သူတို့ အပြည့်အဝ မဟုတ်ရင်တောင် သာမန်အမျိုးသားတွေထက် ပိုပြီးနားလည်တတ်ကြပါတယ်။

၃။ ရေကူးလျှင် ကြည့်ကောင်းခြင်း

play

 

သိပ္ပံနည်းကျ လေ့လာချက်တစ်ခုအရ အမျိုးသမီးတွေ အနှစ်သက်ဆုံး ခန္ဓာကိုယ်က ရေကူးအားကစားသမားတွေရဲ့ ခန္ဓာကိုယ်မျိုး ဖြစ်ပါတယ်။ တင်ပါးလှသူတွေဟာ ရေကူးဝတ်စုံနဲ့ဆို ကြည့်ကောင်းတတ်ပြီး ရေကူးအားကစားသမားတွေလည်း တင်ပါးလှတတ် ကြပါတယ်။

၎။ စိတ်ဓာတ်ခွန်အားရစေခြင်း

တကယ်လို့ ကိုယ့်ရဲ့ချစ်သူအမျိုးသားက တင်ပါးလှနေပြီး ကိုယ်ကမလှဘူးဆိုရင် မခံချင်စိတ်နဲ့ တင်ပါးလှတဲ့ လေ့ကျင့်ခန်းတွေကို အမျိုးသမီးတွေ လိုက်လုပ်ကြမှာဖြစ်ပါတယ်။ အနည်းဆုံးတော့ သူ့လောက် တင်ပါးလှနေဖို့ လိုတာကြောင့်ပါ။

၅။ မျိုးရိုးကောင်းခြင်း

သိပ္ပံနည်းကျ လေ့လာချက်အရ တင်ပါးကြီးခြင်းဟာ ကျန်းမာရေးအတွက် ကောင်းတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် နှလုံးကျန်းမာရေးပိုကောင်းပြီး သာမန်ထက် ဉာဏ်ရည်ပိုထက်စေပါတယ်။

၆။ Skinny ဘောင်းဘီဝတ်လျှင် ကြည့်ကောင်းခြင်း

play

 

တင်ပါးလှတဲ့ အမျိုးသားတွေအတွက် အကောင်းဆုံး ဘောင်းဘီ Shape က Skinny ဘောင်းဘီဖြစ်ပါတယ်။ သူဒီလို ဝတ်ထားရင် ကြည့်ရတာ လန်းနေပါလိမ့်မယ်။

၇။ ကိုယ်ခံအားကောင်းခြင်း

လေ့လာဆန်းစစ်ချက်တွေအရ တင်ပါးကြီးတဲ့ အမျိုးသားတွေဟာ ကိုယ်ခံအားပိုကောင်းပြီး ဖခင်တစ်ယောက် ဖြစ်နိုင်တဲ့ အခွင့်အလမ်း အခြားသူတွေထက် ပိုများတယ်လို့ ဆိုပါတယ်။

၈။ ခေါင်းအုံးလုပ်နိုင်ခြင်း

သင်လှဲအိပ်ချင်လာတဲ့အခါ သူ့ရဲ့တင်ပါးအပေါ် သင်လှလိုက်ရုံပါပဲ။ သူရှိနေရင် နေရာတကာမှာ သင့်အတွက် ခေါင်းအုံးမလိုပါဘူး။

Source : Elite

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ