Beauty & Fashion: ဦးရေပြားတွေ ယားနေတယ်ဆိုရင် ဒီနည်းလေးတွေ သုံးကြည့်ပါ

အိမ်မှာ အလွယ်လုပ်လို့ရတဲ့ နည်းလေးတွေ ဖြစ်ပါတယ်။

play

 

အိမ်မှာ အလွယ်လုပ်လို့ ရမယ့်နည်းလေးတွေ ဖြစ်ပါတယ်။

၁ - အုန်းဆီ

အုန်းဆီကို အရေပြားထိရောက်အောင် သေချာပွတ်ပေးပါ။  မိနစ် ၃၀ လောက်ထားပြီး အနံ့နည်းတဲ့ ခေါင်းလျှော်ရည်နဲ့ လျှော်ချလိုက်ပါ။

play

 

၂ - လျှာစောင်းလက်ပတ်

လျှာစောင်းလက်ပတ်အနှစ်ကို ဦးရေပြားပေါ်မှာ လိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီး လျှော်ချလိုက်ပါ။

play

 

၃ - နှမ်းဆီ

နှမ်းဆီနည်းနည်းကို အပူပေးပါ။ နွေးလာတဲ့အခါ  ဦးရေပြားပေါ်မှာ လိမ်းပါ။ လိမ်းတဲ့အခါမှာ နှိပ်နယ်ပေးဖို့လည်း လိုပါတယ်။ လိမ်းပြီးရင်တော့ ပူနွေးနေတဲ့ အဝတ်နဲ့ ၁၀ မိနစ်လောက် ခေါင်းကို ပတ်ထားပြီး ခွာချပါ။ ဆီကိုတော့ ဦးရေပြားမှာ ဒီအတိုင်းဆက်ထားပြီး မနက်မှ လျှော်ချလိုက်ပါ။

Photos & Source:

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ